- မဲဆောက်မြို့ SPT သိုးမွှေးစက်ရုံရှေ့တန်းလျား မီးလောင်ခဲ့မှု (၁)လပြည့် အထိမ်းအမှတ့်  (၈) ကြိမ်မြောက် အလှူငွေနှင့် ကယ်ဆယ်ရေးပစ္စည်းယနေ့လှူဒါန်း-
(ဇန်န၀ါရီလ ၂၁ ရက်၊ ၂၀၁၃ သောင်ရင်းနဂါး)ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က ၈ မိနစ်တာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် စက်ရုံရှေ့ ရှိတန်းလျားများအားလုံး ပြောင်သလင်းခါသွားကြသော ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ အရှေ့ပိုင်း၊ ကန်ပိဘန်းရပ်ကွက် SPT သိုးမွှေးစက်ရုံ (အရပ်အခေါ်-ပေါင်မုန့်ရုံ) သိုံ့ စက်ရုံ (၈) ရုံနှင့် ပြင်ပအလုပ် သမားများက လှူဒါန်းသော အလှူငွေနှင့် ကယ်ဆယ်ရေးပစ္စည်းမျိုးစုံကို ယနေ့ကွင်းဆင်း လှူဒါန်းခဲ့ကြ သည်။
(Ceramic Factoryတန်းလျားမှာ)
မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ မီးလောင်ပြီးသည့် အချိန်မှစ၍ စဉ်ဆက်မပြတ် စောင့်ကြည့်အကဲခပ်ပြီး စည်းရုံးဆော်သြ ပေးလျက်ရှိရာ ယနေ့ (၈) ကြိမ်မြောက် လှူဒါန်းမှု အပါအ၀င် အလှူငွေ (၂၂၀၀၀) ဘတ်နှင့် ဆန်၊ ဆီ၊ ရိက္ခာခြောက်များ၊ အိုးခွက်ပန်းကန်အပါအ၀င် မီးဖို ချောင်သုံးပစ္စည်းများကို ကွင်းဆင်းလှူဒါန်းနိုင်ခဲ့သည်။
(ကိဖောင်းသိုးမွှေးစက်ရုံရှေ့ မှာ)
ယနေ့ (၈) ကြိမ်မြောက် ကွင်းဆင်းလှူဒါန်းမှုတွင် အလှူငွေ (၇၀၀၀) ဘတ်ခန့်နှင့် မီးဖိုချောင်သုံးပစ္စည်းမျိုးစုံ ရိက္ခာခြောက်များ အ၀တ်အထည်များပါဝင်သည်။
( We are JACBA CECs)
ဖှုပို (ခေါ်) S.R သိုးမွှေးစက်ရုံ၊ စိန့်ဟိန်း သိုးမွှေးစက်ရုံ၊ ကိဖောင်းသိုးမွှေးစက်ရုံ၊ ၊ ဂျဂွာ (စတီး)စက်ရုံ Ceramic စက်ရုံ ၊Chothaveစက်ရုံ ၊A Byစက်ရုံ၊ ဆေးလိပ်ခုံ (၁) ခုံတို့အပြင် စက်ရုံ ၈ ရုံမှ မြန်မာအလုပ်သမားများက အလှူငွေနှင့် မီးဘေး ကယ်ဆယ်ရေးပစ္စည်းမျိုးစုံတို့ကို လှူဒါန်းခဲ့ကြ သည်။

No comments:
Post a Comment