ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, January 21, 2013

> -Spcial Oneမော်ရင်ဟိုပရီမီယာလိဂ် ကိုပြန်လည် ခြေ ချ မှာလား-
ရီးရဲမက်ဒရစ်နည်းပြမော်ရင်ဟိုက မိမိဟာ ပရီမီယာလိဂ်ကိုပြန်လည် ခြေချနိုင်ပြီး နည်းပြတာဝန်ယူလိုတဲ့ဆန္ဒ ရှိနေတယ်လို့ ထုတ်ဖော်ပြောကြားနေ တာကြောင့် လာမယ့် နွေရာသီဘောလုံး ရာသီကုန်ပြီးရင်တော့ ပရီမီယာလိဂ် ဘယ်အသင်းရဲ့နည်းပြ ဖြစ်လာမလဲဆို တာ စိတ်ဝင်စားစရာဖြစ်လာပါတယ်။ လာမယ့် ဇန်နဝါရီ ၂၆ ရက်မှာ အသက် ၅ဝ ပြည့်တော့မယ့် မော်ရင် ဟိုဟာ ဘောလုံးအသင်းတစ်သင်းကို ကိုင်တွယ်ရာမှာ ထူးချွန်ထက်မြက်သူ ဖြစ်တာမို့ ငွေကြေးချမ်းသာတဲ့ ဘောလုံး အသင်းပိုင်ရှင်တွေက ငွေထုပ်ပိုက်ပြီး ခေါ်ယူဖို့ကြိုးစားခြင်း ခံနေရသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူ၊ မန် စီးတီးနဲ့ ချယ်လ်ဆီးတို့လို အသင်းတွေက နည်းပြအဖြစ် တာဝန်ယူဖို့အတွက် ကမ်း လှမ်းနေကြတာပဲဖြစ်ပါတယ်။ အထူးသဖြင့် မန်စီးတီးအသင်းရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ စော်ဘွားသူဌေးတွေက မော်ရင်ဟိုသာ သူတို့အသင်းကို နည်းပြ အဖြစ် တာဝန်ယူရင် လုပ်ခလစာငွေကို ဖြစ်နိုင်ဆုံး ညှိနှိုင်းပေးမယ်လို့ ဆိုနေ တာမို့ မော်ရင်ဟိုရဲ့ ဆုံးဖြတ်ကို မျှော် လင့်နေကြတာဖြစ်ပါတယ်။ မော်ရင်ဟို ကတော့ ပြီးခဲ့တဲ့လအစောပိုင်းမှာ ပြောခဲ့ တဲ့စကားအရ ရီးရဲမက်ဒရစ်မှာပဲ ဆက် လက်ပြီး တာဝန်ယူနေမယ်လို့ ဆိုနေ တာမို့ ဝေခွဲမရဖြစ်နေတာတော့ အမှန်ပါ ပဲ။ မော်ရင်ဟိုဟာ ထူးခြားတဲ့နည်းပြ စွမ်းရည်ရှိသူတစ်ဦးဖြစ်တဲ့အပြင် သူ ကိုင်တွယ်ခဲ့တဲ့ ဘောလုံးအသင်းတိုင်းဟာ အောင်မြင်မှုတွေရရှိခဲ့တာမို့ နည်းပြ ဆန်းလာဘ်လည်း ကောင်းသူတစ်ဦးဖြစ် ကြောင်း နိုင်ငံတကာဘောလုံးကျွမ်းကျင် သူတွေက ဝေဖန်သုံးသပ်နေကြပါတယ်။ ငယ်စဉ်က ကွင်းလယ်ဘောလုံးသမား တစ်ဦးဖြစ်ခဲ့ပြီး ရီရိုအက်ဖီ၊ဘီလီနန်နက်စ်၊ ဆီဆမ်ဘရာနဲ့ ကိုမာဆီလိုအသင်းတွေ မှာ ကစားခဲ့ကာ စုစုပေါင်း ၁၃ ဂိုးသွင်းယူ နိုင်သူဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ပေါ်တိုကနေပြီး ချယ်လ်ဆီးကိုပြောင်းရွှေ့တဲ့အခါ တစ်နှစ် လုပ်ခလစာပေါင် ၄ ဒသမ ၂ သန်းရရှိ ခဲ့ပြီး နောက်နှစ် ၂ဝဝ၅ ခုနှစ်မှာတော့ တစ်နှစ်လုပ်ခ လစာ ပါင် ၅ ဒသမ ၂ သန်းအထိ တိုးမြှင့်ရရှိခဲ့ပါတယ်။ အဲဒီနောက် ပေါ်တို၊ ချယ်လ်ဆီးနဲ့ အင်တာမီလန်အသင်းတွေကို တာဝန်ယူ ခဲ့ပြီး လက်ရှိအချိန်မှာတော့ ရီးရဲမက် ဒရစ်အသင်းကို ကိုင်တွယ်နေသူဖြစ်ပါ ဘာစီလိုနာနည်းပြဟောင်း ဂွာဒီရို လာဟာ ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန် မြူးနစ်ကို နည်းပြအဖြစ် လာမယ့်ဘော လုံးရာသီမှာ တာဝန်ယူမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာမို့ ပရီမီယာလိဂ်ထိပ်တန်းကလပ်တွေက မော်ရင်ဟိုဘက် အာရုံကျလာတာပဲဖြစ် ပါတယ်။ အထူးသဖြင့် မန်စီးတီးအသင်း က မော်ရင်ဟိုကိုခေါ်ယူလိုတဲ့ ဆန္ဒပြင်းပျ နေပြီး တိတ်တဆိတ်ဆက်သွယ်ဆွေး နွေးမှုတွေရှိနေတယ်လို့ သတင်းတွေ လည်း ထွက်ပေါ်နေပါတယ်။
မန်စီးတီးက မော်ရင်ဟိုကိုခေါ်ယူလိုတဲ့ ဆန္ဒပြင်းပျ တယ်။ သူကိုင်တွယ်ခဲ့တဲ့အသင်းတိုင်းမှာ ကမ္ဘာ့ဘောလုံးလောကရဲ့ အာရုံစူးစိုက် ခံရမှုရှိအောင်၊ စိတ်လှုပ်ရှားဖွယ်ရာ အောင်မြင်မှုရရှိအောင် စွမ်းဆောင်နိုင် သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရီးရဲမက်ဒရစ်က နေပြီး မော်ရင်ဟိုဟာ မန်စီးတီးကို ပြောင်းရွှေ့တာဝန်ယူရင် လုပ်ခလစာ ငွေ တစ်နှစ်ကို ခုနစ်သန်းနီးပါးပေးမယ်လို့ ကမ်းလှမ်းထားကြောင်း သတင်းတွေ လည်း ထွက်ပေါ်နေပြန်ပါတယ်။ ဒါပေမယ့် ငွေကြေးဟာ အဓိက မကျဘဲ မိမိကိုင်တွယ်ရမယ့်အသင်း အကြောင်းကို အသေအချာလေ့လာပြီးမှ တာဝန်ယူဖို့ဆုံးဖြတ်မယ်လို့ မော်ရင်ဟို ကဆိုပါတယ်။
ဒါ့အပြင် ထိပ်တန်း အသင်းတွေကိုသာ ကိုင်တွယ်ပြီး အကောင်းဆုံး ဘောလုံးသမားတွေ စုဝေးနေတဲ့အသင်းတွေကို ကိုင်တွယ် ခဲ့တာမို့ အားစိုက်မှုမရှိဘဲ အောင်မြင်မှု ရရှိနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကြောင့် မော်ရင်ဟိုဟာ အသင်းငယ်တစ်သင်းကို ကိုင်တွယ်ပြီး သူရဲ့စွမ်းဆောင်မှုကို ပြသဖို့အတွက်လည်း ဆန္ဒရှိနေတယ် လို့ဆိုပါတယ်။ ပေါ်တိုကို ပရီမီယာလီဂါ ဖလား နှစ်ကြိမ်၊ တာကာဒီပေါ်တူဂီဖလား တစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလားနဲ့ ယူအီး အက်ဖ်အေဖလား တစ်ကြိမ်ရယူပေးခဲ့ပြီး ချယ်လ်ဆီးကို ပရီမီယာလိဂ်ဖလား နှစ် ကြိမ်၊ အက်ဖ်အေဖလားတစ်ကြိမ်၊ လိဂ် ဖလားနှစ်ကြိမ်နဲ့ ကွန်မြူနတီဖလား တစ် ကြိမ်ရယူပေးခဲ့တဲ့အပြင် အင်တာမီလန် ကိုလည်း စီးရီးအေဖလားနှစ်ကြိမ်၊ ကိုပါ အီတာလီယာဖလား တစ်ကြိမ်၊ စူပါကိုပါ အီတာလီယာဖလားတစ်ကြိမ်နဲ့ ချန်ပီယံ လိဂ်ဖလားတစ်ကြိမ်တို့ မော်ရင်ဟိုက ရယူပေးနိုင်ခဲ့ပါတယ်။
လက်ရှိကိုင်တွယ်နေတဲ့ ရီရဲမက်ဒ ရစ်ကို လာလီဂါဖလားတစ်ကြိမ်၊ ကိုပါ ဒယ်ရေးဖလားတစ်ကြိမ်၊ စူပါကိုဒယ် အက်စပါနာဖလားတစ်ကြိမ် ရယူပေး ထားနိုင်တာမို့ မော်ရင်ဟိုရဲ့ စွမ်းဆောင် ကာ တန်ဖိုးကြီးမားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ဘောလုံးရာသီ မှာ မော်ရင်ဟိုရဲ့ လားရာနဲ့ရပ်တည်မှု အနေအထားက စိတ်ဝင်စားစရာ ကောင်းနေပြီဖြစ်ပါတယ်။ 

 **မောင် မောင်မြင့်ဆွေ**

-Spcial Oneမော်ရင်ဟိုပရီမီယာလိဂ် ကိုပြန်လည် ခြေ ချ မှာလား-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)