ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, January 21, 2013

> -အမေ့ရဲ့ မျက်လုံးတစ်ဖက်-
ကျွန်တော့်အမေက မျက်လုံးတစ်ဖက်ပဲ ရှိတယ် … သူ့ကိုကြည့်ရတာ ကသိ ကအောက် ဖြစ်လွန်းလို့ ကျွန်တော် သူ့ကိုမုန်းတယ် … အမေဟာ အိမ်ရဲ့ ၀င်ငွေ အတွက် ပျံကျဈေးမှာ ဟင်းသီး ဟင်းရွက်တွေ ရောင်းရုံမက သူများ အိမ်တွေမှာပါ လုပ်လို့ရသမျှ တိုလီမိုလီ အလုပ်တွေလည်း အကုန်လိုက် လုပ်တယ် … မှတ်မိပါသေးတယ် … ကျွန်တော် မူလတန်း ကျောင်းသား ဘ၀ တုန်းကပေါ့ … ကျောင်းစုံညီပွဲနေ့မှာ အမေကျောင်းကို ရောက်လာခဲ့တယ် … အဲ့ဒီမှာ ကျွန်တော် အရမ်းရှက်ပြီး အမေ့ကို မုန်းတီးတဲ့ အကြည့်နဲ့ ကြည့်ပြီး ပြေးထွက် လာခဲ့တယ် … နောက်နေ့ ကျောင်းရောက်တဲ့ အခါ သူငယ်ချင်းတွေက “ မင်းအမေက မျက်လုံးတစ်ဖက်ပဲ ရှိတာလား?? ” လို့ မေးပြီး လှောင်ပြောင် ကြတယ် … ကျွန်တော် အမေ့ကို ဒီကမ္ဘာပေါ်ကတောင် ပျောက်သွားစေချင်တဲ့ စိတ်တွေဖြစ်ခဲ့တယ် … အိမ်ပြန်ရောက်တဲ့အခါ ကျွန်တော်အမေ့ကို မေးခဲ့တယ် … “ အမေ့မှာ ဘာလို့ မျက်လုံး တစ်ဖက် မရှိရတာလဲ?? ကျွန်တော့်ကို တမင် အဟားခံရအောင် လုပ်နေသလိုပဲဗျာ …” အမေက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေခဲ့တယ် … ကျွန်တော် ဆိုးဆိုးဝါးဝါး ခံစားလိုက်ရ သလိုပဲ … ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော် အမြဲပြောချင် နေတဲ့ စကားကို ပြောလိုက်ရတဲ့ အတွက် စိတ်ထဲ ပေါ့သွားသလို ခံစားရတယ် … ဒါဟာ ဒီလိုပြောလိုက်တဲ့ အတွက် အမေ ကျွန်တော့်ကို ဘာမှ အပြစ်မပေးလို့ ဖြစ်နိုင်ပါတယ် .. ဒါပေမယ့် အမေ စိတ်ထဲမှာ နာနာကျင်ကျင် ခံစားလိုက်ရမယ် ဆိုတာကိုတော့ ကျွန်တော် မတွေး မိခဲ့ဘူး … အဲ့ဒီညမှာပဲ ကျွန်တော် ညတစ်ရေးနိုး ရေသောက်ဖို့ မီးဖိုချောင်ဘက် သွားတော့ ကျွန်တော်နိုးမှာစိုးလို့ အသံမထွက်ဘဲ တစ်ယောက်တည်း ကြိတ်ငို နေတဲ့ အမေ့ကို တွေ့လိုက်ရတယ် … ကျွန်တော် ညနေက ပြောခဲ့မိတဲ့ စကားအတွက် ရင်ထဲမှာ ဆစ်ခနဲ ခံစားလိုက်ရလို့ သူမကို တစ်ချက်ကြည့်ပြီး ပြန်လှည့် ပြေးလာခဲ့မိတယ် … ဒါတောင်မှ မျက်လုံး တစ်ဖက်တည်းကပဲ မျက်ရည် ကျနေတဲ့ အမေ့ကို ကျွန်တော် မုန်းနေတုန်းပဲ … ဒါကြောင့် ကျွန်တော် ကြီးလာတဲ့အခါ ကြီးပွား ချမ်းသာစေရမယ်လို့ ကိုယ့်ကိုကိုယ် တွန်းအားပေးခဲ့တယ် … ဘာလို့လဲဆိုတော့ မျက်စိ တစ်ဖက်လပ်နေတဲ့ ကျွန်တော့် အမေနဲ့ မျှော်လင့်ချက် ကင်းမဲ့လောက်အောင် ဆင်းရဲနေတဲ့ အမေ့ရဲ့ အခြေအနေကို ကျွန်တော် မုန်းလို့ပဲ … အဲ့ဒီနောက်မှာ ကျွန်တော်ဟာ စာကို အပြင်းအထန် ကြိုးစားခဲ့တယ် … ဒီလိုနဲ့ ကျွန်တော် ဘွဲ့ရပြီး ၀င်ငွေကောင်းတဲ့ အလုပ်တစ်ခုပါ ရခဲ့တယ် … မရှေး မနှောင်းမှာပဲ ကျွန်တော့် အကြောင်းမသိတဲ့ တစ်ခြားမြို့က ကျွန်တော့် ချစ်သူနဲ့ လက်ထပ်ခဲ့ပြီး သူတို့မြို့မှာပဲ အိမ်တစ်လုံးဝယ်ပြီး အခြေချခဲ့တယ် … အခု ကျွန်တော့်မှာ ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက် ရှိတဲ့အပြင် အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် အဖြစ်ပါ ပျော်ရွှင်စွာ နေထိုင်နေနိုင်ပြီ ဖြစ်ပါတယ် … ဒီဘ၀မှာနေရတာ ကျွန်တော် အရမ်းပျော်ပါတယ် … ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်အမေကို ကျွန်တော် မေ့ထားနိုင်တဲ့ ပတ်ဝန်းကျင် တစ်ခု ဖြစ်နေလို့ပါ … တစ်နေ့မှာ ကျွန်တော့် သမီးငယ်လေးဟာ ကြောက်လန့်စွာ အော်ဟစ်ပြီး အိမ်ထဲ ပြေးဝင်လာပါတယ် …
ကျွန်တော် အိမ်ရှေ့ ထွက်ကြည့်တော့ မမျှော်လင့် ထားတဲ့ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရတယ် … အဲ့ဒါ ကျွန်တော့် အမေပါ … အမေဟာ အရင်လို မျက်လုံး တစ်ဖက်လပ်နဲ့ ဖြစ်နေဆဲပါပဲ … “ ခင်ဗျား ဘယ်သူလဲ?? ကျွန်တော် ခင်ဗျားကိုမသိဘူး ” လို့ ကျွန်တော် မသိသလိုနဲ့ ပြောလိုက်ပါတယ် … အကြောင်းက ကျွန်တော့် မိန်းမနဲ့ ကလေးက ကျွန်တော့်နောက်မှာ ရှိနေလို့ပါပဲ … အမေဟာ တဒင်္ဂလောက် မှင်သက်သွားပြီးတဲ့နောက် “တောင်းပန်ပါ တယ်ကွယ် … အဒေါ် လိပ်စာ မှားသွားလို့ပါ” လို့ အလျင်အမြန် ပြန်ဖြေပြိး လှည့်ထွက် သွားခဲ့တယ် … အဲ့ဒီတော့မှ ကျွန်တော် စိတ်သက်သာရာ ရသွားတော့တယ် … အမေကျွန်တော့်ကို မသိသလို နေပေးသွားတော့ နောက်ဆိုရင် ဒီအကြောင်းနဲ့ ပတ်သက်ပြီး တွေးပူနေစရာ ဂရုစိုက်စရာ မလိုတော့ဘူးပေါ့ … တစ်နေ့ ကျွန်တော့်ဆီ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲအတွက် ဖိတ်စာ တစ်စောင် ရောက်လာခဲ့တယ် … ကျွန်တော်လည်း အလုပ်ကိစ္စနဲ့ ခရီးထွက် ရမယ်လို့ မိန်းမကို ညာပြီး ဇာတိမြို့လေးကို ထွက်လာခဲ့တယ် … ပွဲလည်း ပြီးရော ကျွန်တော်ငယ်ငယ်က ကစားနေကျ ကောက်ရိုးခင်းနားကို လျှောက်လာ ခဲ့တယ် … ကျွန်တော် လမ်းလျှောက် လာရင်းနဲ့ အေးစက်နေတဲ့ မြေပြင်မှာ လဲနေတဲ့ အမေ့ကို တွေ့လိုက်ရတယ် … အမေ့လက်ထဲမှာ စာတစ်စောင် ဆုပ်ကိုင်ထားတာကိုတွေ့လိုက်ရတယ် … စာကို ဖောက်ဖတ် ကြည့်လိုက်တော့ … "သားရေ … အမေ့အသက်အရွယ်နဲ့ဆို ဒီဘ၀အတွက် နေရတဲ့အချိန်က လုံလောက် နေပါပြိ … ရှေ့ဆက်လည်း သိပ်နေရတော့မယ် မထင်ပါဘူး … သားရှိတဲ့ မြို့ကို အမေနောက်ထပ် မလာတော့ပါဘူး … ဒါပေမယ့် သားရယ် အမေ့ဆီ ကိုတော့ ခဏလောက် ဖြစ်ဖြစ် လာတွေ့ပါလား … အမေ သားကိုအရမ်းလွမ်း လို့ပါ … ကျောင်းသားဟောင်း တွေ့ဆုံပွဲကို သားလာမယ်ဆိုတာ ကြားရ တော့ အမေအရမ်း ၀မ်းသာတာပဲ … ဒါပေမယ့် သားတို့ကျောင်းကို နောက် တစ်ခါ မသွားဖို့ အမေဆုံးဖြတ် ထားပါတယ် … အမေ့မှာ မျက်လုံး တစ်ဖက်ပဲ ရှိတာ သားကို အရှက်ရစေတဲ့ အတွက် အမေ စိတ်မကောင်းပါ ဘူးကွယ် … သားသိရဲ့လား?? သားငယ်ငယ်တုန်းက မျက်လုံးကို မတော်တဆ ထိခိုက် မိပြီး သားမျက်လုံး တစ်ဖက် ပျက်စီးသွားတာလေ … အမေတစ်ယောက် အနေနဲ့ မျက်လုံး တစ်ဖက်တည်းနဲ့ ကြီးပြင်းလာရမယ့် သားရဲ့အဖြစ်ကို ဘယ်လို လက်ပိုက်ကြည့် နေနိုင်မှာတဲ့လဲ … အဲ့ဒါကြောင့် အမေ့မျက်လုံး တစ်ဖက် သားကိုပေးခဲ့တာပါ … သားလုပ်ခဲ့သမျှ ပြောခဲ့သမျှတွေအတွက် အမေ ဘယ်တော့မှ အပြစ်မယူခဲ့ပါဘူး … သားအမေ့ကို စိတ်ဆိုးတိုင်း အမေ့ကို ချစ်လို့ ပြောတယ်လို့ပဲ အမေတွေးခဲ့ပါတယ် … သားအမေ့ဘေးမှာ ရှိခဲ့တဲ့ အချိန်တွေကို အမေအရမ်း သတိရတာပဲ … သားကိုလည်း အရမ်းလွမ်း တယ် … အမေသားကိုချစ်တယ် … သားဟာ အမေ့ရဲ့ ကမ္ဘာပါ ... အခုတော့ လည်း အမေ့ ကမ္ဘာက အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပါပြီကွယ် … သားရဲ့ အမေ" စာကိုဖတ်ပြီး ချိန်မှာတော့ ကျွန်တော့်အတွက် အသက်ရှင်နေတဲ့ အမေ့ အတွက် ကျွန်တော် ပထမဆုံးအကြိမ် ငိုကြွေးမိခဲ့ ပါတော့တယ် … 

☂Thu Thu Lay☂ 
-------------------------------

 Post From ^..^ Heart Canteen 

Posted By Blogger လူဗိုလ် -

-အမေ့ရဲ့ မျက်လုံးတစ်ဖက်-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)