**တောင်အာဖရိကတွင် ရေကြီးသဖြင့် မိကျောင်းအများအပြားလွတ်သွား**
(ပရီတိုးရီးယား ဇန်နဝါရီ ၂၄)
တောင်အာဖရိကနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်း၍ ရေလွှမ်းမိုးနေစဉ် နိုင်ငံမြောက်ပိုင်းဒေသရှိ မွေးမြူရေးကန်မှ မိကျောင်းကောင်ရေ ၁၅ဝဝဝခန့် လွတ်မြောက်သွားခဲ့ကြောင်း ဇန်နဝါရီ၂၄ရက်တွင် ဘီဘီစီက သတင်းဖော်ပြသည်။ ရေများအလုံးအရင်းဖြင့်ဝင်ရောက်လာသဖြင့် လှောင်ကန်ကျိုးမသွားစေရန် တနင်္ဂနွေနေ့၌ ရေတံခါးကိုဖွင့်ပေးလိုက်ရသည်ဟု ပြည်တွင်း ဘီးလ်သတင်းစာက ရေးသားသည်။ (ဘီဘီစီ)
**ထိုင်းဘုရင်မင်းမြတ်အား အသရေဖျက်မှုဖြင့် မဂ္ဂဇင်းအယ်ဒီတာတစ်ဦးကို ထောင်ဒဏ်ချမှတ်**
(ဗန်ကောက် ဇန်နဝါရီ ၂၄)
ထိုင်းဘုရင်မင်းမြတ်အား အသရေဖျက်မှုအတွက် မဂ္ဂဇင်းအယ်ဒီတာဟောင်းတစ်ဦးကို ထောင်ဒဏ် ၁၁နှစ် ကျခံစေရန် ဇန်နဝါရီ ၂၃ရက်တွင် စီရင်ချက်ချမှတ်လိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန် သည်။ ဆွမ်ယော့ပရက်ဆာခါဆမ်ဆွတ် သည် ဗွိုက်စ်အော့ဖ်သက်ဆင်အမည်ရှိ မဂ္ဂဇင်းတွင် ထိုင်းဘုရင်မင်းမြတ်အား ဝေဖန်သည့် ဆောင်းပါးနှစ်ပုဒ်ကို ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ ၂ဝ၁၁ ခုနှစ် ဧပြီလတွင် စွဲချက်တင်ခံခဲ့ရသည်။ အဆိုပါ မဂ္ဂဇင်းကို ယခုအခါပိတ်ထား လိုက်ပြီဖြစ်သည်။ ထိုင်းဘုရင်မင်းမြတ်အား မိမိကိုယ် တိုင်က ဝေဖန်ရေးသားခဲ့သည်မဟုတ် ဘဲ တည်းဖြတ်ခြင်းသာပြုလုပ်ခဲ့သဖြင့် မိမိတွင် အပြစ်မရှိကြောင်း ဆွမ်ယော့ က ထုချေခဲ့သည်။ ယင်းဆောင်းပါး ရေးသားသူကိုမူ စွဲချက်တင်ခဲ့ခြင်း မရှိပေ။ ထိုင်းဘုရင်ကိုယ်တိုင်က ¤င်းအား ဝေဖန်ရေးသားခြင်းကို ကန့်ကွက်မည် မဟုတ်ဟု ယခင်က ပြောဆိုခဲ့သည် ဟုလည်း ဆွမ်ယော့က ထုချေခဲ့သည်။ ထိုင်းနိုင်ငံ၏ဥပဒေအရ ဘုရင်စနစ် ကို ဝေဖန်ခွင့်မရှိပေ။ အဆိုပါဥပဒေ အား ပြင်ဆင်ရန် ဆွမ်ယော့က လူ ၁ဝဝဝဝ ၏ ထောက်ခံလက်မှတ်များ ကို စုဆောင်းခဲ့ပြီးနောက် ¤င်းမှာ အဖမ်းခံခဲ့ရသည်။ ( ရိုက်တာ)
**နီပေါနိုင်ငံ၌ လိင်ပြောင်းလဲထားသူများ နိုင်ငံသားကတ် ဖော်ပြချက်ပြောင်းလဲ**
(ခတ္တမန္ဒူ ဇန်နဝါရီ ၂၄)
နီပေါနိုင်ငံ၌ လိင်ပြောင်းလဲ ထားသူ နိုင်ငံသားများသည် ¤င်းတို့၏ နိုင်ငံသားမှတ်ပုံတင် ကတ်ပြားပေါ်တွင်ကျားသို့မဟုတ် မ ဟူ၍ ဖော်ပြရတော့မည်မဟုတ် ဘဲ ''တတိယမြောက်လိင်''ဟူ၍ ဖော်ပြရတော့မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိ သူတစ်ဦးက ဇန်နဝါရီ ၂၄ရက် တွင် ပြောကြားသည်။ ဥပဒေစည်းမျဉ်းသစ်များအရ လိင်ပြောင်းလဲထားသူများသည် နိုင်ငံသား အသိအမှတ်ပြု ကတ် ပြားပေါ်တွင် တတိယမြောက်လိင် ဟူ၍ ဖော်ပြရန် နိုင်ငံတစ်ဝန်းရှိ လက်အောက်ခံရုံးများအားလုံးသို့ ညွှန်ကြားထားကြောင်း ပြည်ထဲ ရေး ဝန်ကြီးဌာနမှ အထက်တန်း တာဝန်ရှိသူ ဆိုလာထီဝါတီက ပြောကြားသည်။ (ရိုက်တာ)
**ပြည်တွင်းစီးပွားရေးနှင့် လူမှုရေးပြဿနာများ ဖြေရှင်းနိုင်ရန် အစ္စရေးအစိုးရအဖွဲ့သစ် ဦးစားပေးလုပ်ဆောင်မည်ဟုဆို**
(ဂျေရုဆလင် ဇန်နဝါရီ ၂၄)
အစ္စရေးနိုင်ငံ၏အစိုးရအဖွဲ့သစ်သည် ပြည်တွင်းစီးပွားရေးနှင့် လူမှုရေးပြဿနာ ရပ်များကို ဖြေရှင်းပေးနိုင်ရန် ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဇန်နဝါရီ ၂၃ရက်တွင် ကတိပြု ပြောကြားလိုက်သည်။ နေတန်ယာဟုသည် ရွေးကောက်ပွဲတွင် မဲပွတ်ကာသီကာဖြင့် အနိုင်ရရှိခဲ့ပြီး တစ်ရက်အကြာတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ နေတန်ယာဟု၏ လက်ယာယိမ်းလီ ကွတ်ပါတီသည် နိုင်ငံခြားရေးဝန်ကြီး ဟောင်းအဗီဒေါလီဘာမင်း၏ သဘော ထား တင်းမာသော အစ္စရေးဘေတန် နူးပါတီနှင့် အစိုးရသစ်ဖွဲ့စည်းရေး ကိစ္စကို ဆွေးနွေးလျက်ရှိသည်။ အစိုးရအဖွဲ့သစ် ရင်ဆိုင်ရမည့် ပထမဆုံးသောစိန်ခေါ်မှုမှာ နျူကလီး ယားအစီအစဉ်တစ်ရပ်ကို အကောင် အထည်ဖော်နေသည့် အီရန်နိုင်ငံအား ထိန်းချုပ်နိုင်ရန်ဖြစ်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၂ရက်ည ရွေးကောက်ပွဲ အောင်ပွဲခံမိန့်ခွန်းတွင် နေတန်ယာဟု က ပြောကြားသည်။ ( ရိုက်တာ)
** ဟွန်ဒါဆိုင်ကယ် ၇၅ဝဝဝဝ ပြန်လည်သိမ်းဆည်း**
ဂျပန်ဆိုင်ကယ် ကုမ္ပဏီ Honda Motor သည် ¤င်းတို့ ထုတ်လုပ် ဖြန့်ဖြူးခဲ့သည့် ဟွန်ဒါဆိုင်ကယ် ၇၅ဝဝဝဝ ကို ပြန်လည်သိမ်းဆည်းရန် လုပ်ဆောင်နေကြောင်း ဒတ်ထရွိုက်နယူးစ်သတင်းဌာနက သတင်း ထုတ်ပြန်ခဲ့သည်။ ဟွန်ဒါကုမ္ပဏီထုတ် Pilot နှင့် Odyssey အမျိုးအစား ဆိုင်ကယ်များတွင် လေအိတ်ပြဿနာပေါ်ပေါက်ခဲ့ခြင်းကြောင့် ပြန်လည် သိမ်းဆည်းရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဆိုင်ကယ်တွင်ပါရှိသည့် လေအိတ်များကိုထိန်းချုပ်သည့် သတ္တုပင်များမပါရှိ၍ဖြစ်ကြောင်း၊ ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အတွင်းထုတ်လုပ်ခဲ့သည့် Pilot ဆိုင်ကယ်များနှင့် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အတွင်းထုတ်လုပ်ခဲ့သည့် Odyssey ဆိုင်ကယ် တို့ဖြစ်ကြောင်း ယင်းသတင်းဌာနကဆိုသည်။
ဟိန်းထက်လင်း -စုစည်းသ ည်။
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:
Post a Comment