ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, January 25, 2013

>

-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးအသင်း**

 ရီးရဲမက်ဒရစ်အသင်းသည် ရှစ်နှစ် ဆက်တိုက် ကမ္ဘာ့အချမ်းသာဆုံးဘောလုံး အသင်းအဖြစ် ဒီလွိုက်တေးစာရင်းတွင် ဖော်ပြသည်။ ၄င်းကလပ်သည် ယူရိုငွေ သန်း ၅ဝဝ အထိ ဝင်ငွေရရှိခဲ့သည်။၂ဝ၁၁-၂ဝ၁၂ ဘောလုံးရာသီဝင်ငွေအပေါ် အခြေခံ တွက်ချက်ခဲ့ရာ ဘာစီလိုနာ၊ မန်ယူ၊ ဘိုင်ယန်မြူးနစ်နှင့် ချယ်လ်ဆီးတို့သည် ထိပ်တန်း ဝင်ငွေအကောင်းဆုံး ကလပ်များဖြစ်ခဲ့သည်။ ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်နှင့်အက်ဖ်အေဖလား ရပြီးနောက် ဝင်ငွေမြင့်တက်ခဲ့သည်။
မန်စီးတီးက ဝင်ငွေ ၂၈၆ သန်းရပြီး နံပါတ် ၇ တွင် ရပ်တည်နိုင်ခဲ့သည်။ (အင်တာနက်)

**တရုတ်တင်းနစ်မယ်လီနာ ဗိုလ်လုပွဲတက်ပြီ**

 သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ သြစတြေးလျ အိုးပင်းတင်းနစ်ပြိုင်ပွဲ ကျင်းပ လျက်ရှိရာ တရုတ်တင်းနစ်မယ်လီနာက မာရီယာရှာရာပိုဗာအား ၆-၂၊ ၆-၂ ဖြင့် နိုင်ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီဖြစ်သည်။ ရှာရာပိုဗာသည် ယခုနှစ် ဖလားဆွတ်ခူးရန် ရေပန်းစားခဲ့သော်လည်း တရုတ်တင်းနစ်မယ်လီနာကို ရှုံးပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ၂ဝ၁၁ ခုနှစ် ပြင်သစ်အိုးပင်းချန်ပီယံ လီနာသည် ဆီရီနာဝီလျံကို အနိုင်ရရှိသွားသော အမေရိကန်သူ စတီဖန်း သို့မဟုတ် လက်ရှိချန်ပီယံ အဇာရင်ကာနှင့် စနေနေ့တွင် ဗိုလ်လုပွဲ ကစားရမည်ဖြစ်သည်။ (အင်တာနက်)  

**ဆွမ်ဆီးက ချယ်လ်ဆီးကိုနိုင်ပြီး ဗိုလ်လုပွဲတက်**

 ကက်ပီတယ်ဝမ်း အကြိုဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ဆွမ်ဆီးနှင့်ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိ သရေကျပြီး ဆွမ်ဆီးတို့ ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။ ချယ်လ်ဆီးအသင်းမှ ဟာဇက် မိနစ် ၈ဝ တွင် အနီကတ်ပြ ထုတ်ပယ်ခံရသည်။ ဆွမ်ဆီးတို့ ပထမအကျော့တွင် နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့၍ နှစ်ကျော့ပေါင်း ရလဒ်ကြောင့် ဆွမ်ဆီးတို့ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။ ဆွမ်ဆီးအသင်းနှင့် ဘရက်ဖို့ဒ် တို့သည် ဝင်ဘလေကစားကွင်း၌ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဗိုလ်လုပွဲ ကစားရမည် ဖြစ်သည်။ (အင်တာနက်) 

 **ဂျက်စီကာချက်စတိန်း၏ ဇာတ်ကားနှစ်ကားက၀င်ငွေအများဆုံးအဖြစ်ရပ်တည်**

 အော်စကာဆုအတွက် ဆန်ခါတင်လျာထားခြင်း ခံထားရသည့် သရုပ်ဆောင် ဂျက်စီကာချက်စတိန်း ပါဝင် သရုပ်ဆောင်ထားသော Mama သည်းထိတ်ရင်ဖိုသဘာဝလွန်ဇာတ်ကားနှင့် အိုစမာဘင်လာဒင်အား ရှာဖွေသည့်ဇာတ်ကားဖြစ်သည့် Zero Dark Thirty ဇာတ်ကားတို့သည် ဇန်နဝါရီလ၏ ဒုတိယပတ်အထိ အမေရိကန်တွင် အမြတ်ငွေအများဆုံးဖြင့် ထိပ်ဆုံးမှ ရပ်တည်နေသည်။ ယင်းဇာတ်ကားများ၏ ဝင်ငွေများမှာ Mama ဇာတ်ကားသည် အမြတ်ငွေ ၂၈ ဒသမ ၁ သန်းနှင့် Zero Dark Thirty ဇာတ်ကားက အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ သန်းရရှိခဲ့ကြောင်း သိရသည်။ဆက်လက်ပြီး အော်စကာဆုအတွက် လျာထားခြင်း ခံထားရသည့ှ် Silver Linings Playbook ဇာတ်ကားသည်စတင်ပြသသည့်အချိန်မှစ၍ ၁ဝ ပတ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄ သန်းဖြင့် လည်းကောင်း ရရှိခဲ့သည်။ဇန်နဝါရီလအတွင်းက ထွက်ရှိခဲ့သောဇာတ်ကားသစ်များဖြစ်သည့် Gangster Squad နှင့် Broken City မှုခင်းဇာတ်ကားများသည်လည်း အကောင်းဆုံးဇာတ်ကား ငါးကားစာရင်းတွင် ပါဝင်နေသည်။ မကြာခင်ကထွက်ရှိခဲ့သည့် Mama သည်းထိတ်ရင်ဖိုဇာတ်ကားသစ်ကို ပိုမိုလူကြိုက်များ ခဲ့ကြပြီး ယင်းဇာတ်ကား၏ ပရိသတ် ၆၁ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။ (အင်တာနက်) 

 **ဟောလိဝုဒ်ရုပ်ရှင်လောကတွင် အမျိုးသမီးဒါရိုက်တာများ ပါဝင်မှုမြင့်မားလာလျက်ရှိ**
 ၂ဝ၁၂ ခုနှစ်အတွင်း ထွက်ရှိခဲ့သော ဟောလိဝုဒ်ဇာတ် ကားပေါင်း ၂၅ဝ တွင် အမျိုးသမီး ဒါရိုက်တာများ၏ ရိုက်ကူးမှုမှာ ၉ ရာခိုင်နှုန်းရှိပြီး ၂ဝ၁၁ ခုနှစ်က စာရင်း ဇယားများနှင့် နှိုင်းစာပါက ၄ ရာခိုင်နှုန်း တိုးတက်လာ ကြောင်း ရုပ်မြင်သံကြားနှင့် ရုပ်ရှင်ကဏ္ဍတွင် အမျိုးသမီး များ၏ ပါဝင်မှုလေ့လာချက်တစ်ရပ်က ဆိုသည်။ ထို့ပြင် ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဇာတ်ညွှန်းရေးဆရာ၊ တည်းဖြတ်သူနှင့် ရုပ်ရှင်အတတ်ပညာပိုင်း ဆိုင်ရာများတွင် အမျိုးသမီးများ ပါဝင်မှုနှုန်းမှာ ၁၈ ရာခိုင်နှုန်းရှိကြောင်း၊ ¤င်းအပြင် မှတ်တမ်းရုပ်ရှင်၊ ဒရာမာ ဇာတ်ကားများနှင့် အန်နီမေးရှင်းဇာတ်ကားအမျိုးအစားတွင် အမျိုးသမီးများ အနေဖြင့် ပိုမိုစိတ်ဝင်စားလေ့ရှိကြောင်း အဆိုပါလေ့လာ ချက်က ဖော်ပြသည်။ မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည့် အော်စကာ ရုပ်ရှင်ဆုအတွက် ဆန်ခါတင်လျာထားချက် စာရင်းများတွင် အမျိုးသမီးဒါရိုက်တာ၊ အော်စကာဆုရှင် Kathryn Begelow ၏ Zero Dark Thirty ဇာတ်ကားသာ အကောင်းဆုံးဇာတ်ကားဆုအတွက် ဆန်ခါတင်ရွေးချယ် ခြင်းခံခဲ့ရပြီး ယခုနှစ်အတွက် အကောင်းဆုံး ဒါရိုက်တာ ဆုအတွက်မူ အမျိုးသမီးဒါရိုက်တာများ ရွေးချယ်ခြင်း မခံခဲ့ရပေ။ အခြားသောလေ့လာချက်တစ်ရပ်ဖြစ်သည့် ဆူဒန် အင်စတီကျုမှ အမျိုးသမီးများ၏ ရုပ်ရှင်လောကတွင် ပါဝင်မှု လေ့လာချက်အရ လွန်ခဲ့သည့် ၁ဝ စုနှစ်ခန့်က ကျင်းပခဲ့ သည့် ဆူဒန်ရုပ်ရှင်ပွဲတော်တွင် ဒဏ္ဍာရီနှင့် မှတ်တမ်းရုပ်ရှင် ပေါင်း ၈၂ဝ၊ ရုပ်ရှင်ထုတ်လုပ်သူ ဒါရိုက်တာပေါင်း တစ်သောင်းတစ်ထောင်တွင် ၂၉ ဒသမ ၈ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါလေ့လာချက်များမှ ရရှိသော စာရင်းဇယား များကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးဒါရိုက်တာနှင့် ရုပ်ရှင် ထုတ်လုပ်သူများသည် ဟောလိဝုဒ်တွင်အောင်မြင်မှု ရရှိရေးအတွက် လွတ်လပ်စွာလုပ်ကိုင်ရမှုကို ပိုမိုနှစ်သက်ကြ ကြောင်း၊ ထို့အပြင် ရုပ်ရှင်ကားကောင်း တစ်ကားဖန်တီး ရာတွင် ကင်မရာ၏နောက်ကွယ်မှ လုပ်ဆောင်မှုများတွင် အမျိုးသားများနည်းတူ အမျိုးသမီးများ၏ အရေအတွက်မှာ လည်း များပြားလှကြောင်း ယင်းလေ့လာရေးအဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ ကေသီစကော်လ်မန်းက ပြောကြားခဲ့သည်။ လွန်ခဲ့သည့်နှစ်နှစ်ခန့်က ကောက်ယူခဲ့သော စစ်တမ်းများအရ ယခုနှစ်တွင် အမျိုးသမီးထုတ်လုပ်သူမှာ ၂၅ ရာခိုင်နှုန်းတိုးတက်လာကြောင်း၊ အမျိုးသမီးဇာတ်ညွှန်း ရေးဆရာမများအနေဖြင့် ၁၅ ရာခိုင်နှုန်း တိုးတက်လာပြီး ၂ဝဝ၆ ခုနှစ်နှင့် နှိုင်းစာပါက ၁ဝ ရာခိုင်နှုန်း လျော့ကျသွား ကြောင်း အဆိုပါလေ့လာချက်တွင် ဖော်ပြထားကြောင်း သိရသည်။ (အင်တာနက်) 

 **အားကစားသတင်း အတိုအထွာများ** 

• ကျူပီအာအသင်းသည် ဘလက်ဘန်းနောက်ခံလူ အသက် ၂၄ နှစ်အရွယ် ရှိ မာတင်အိုဆင်အား ခေါ်ယူစာချုပ်ရန် ကြိုးစားလျက်ရှိသည်။ 

 • လီဗာပူးအသင်းသည် အင်တာမီလန်နောက်ခံကစားသမား ကူတင်ဟိုအား စာချုပ်နိုင်ရေး နောက်ဆုံးအဆင့်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ 

• မန်ယူအသင်းသည် ဆဲလ်တစ်အသင်းမှ ကွင်းလယ်ကစားသမား အသက် ၂၁ နှစ်အရွယ်ရှိ ဝမ်ယာမာအား နွေရာသီအပြောင်းအရွှေ့ကာလ၌ ပြောင်းရွှေ့ကြေးပေါင် ၁ဝ သန်းပေးခေါ်ယူရန် ပြင်ဆင်လျက်ရှိသည်။ 

 • အက်စ်ပန်ညိုအသင်းမှ ဘောလုံးသမားသုံးဦးခန့်ကို ဆောက်သမ်တန် နည်းပြပိုချီတီနိုက ခေါ်ယူနိုင်ရေး ကြိုးစားလျက်ရှိသည်။ 

• လီဗာပူးဂိုးသမား အသက် ၃ဝ အရွယ်ရှိ ရေးနာသည် ဘာစီလိုနာအသင်း သို့ ပြောင်းရွှေ့ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ 

• ဖီအိုရင်းတီးနားအသင်း တိုက်စစ်မှူး အသက် ၂၃ နှစ်အရွယ်ရှိ စကီဗင် ဂျိုဗီတစ်အား အာဆင်နယ်က ပြောင်းရွှေ့ကြေးပေါင်သန်း ၂ဝ ပေး၍ ခေါ်ယူရန် ကြိုးစားလျက်ရှိသည်။ 

 • ဘာမင်ဂမ်အသင်းမှ အသက် ၁၉ နှစ်အရွယ်ရှိ ဂိုးသမား ဂျက်ဘက်လန် အား ယခုလကုန်၌ အသင်းမှထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း ယင်းအသင်း မှ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားသည်။

 • နော့တင်ဟမ်အသင်းသည် မီဝေါလ်တိုက်စစ်မှူး ဟန်ဒါဆင်အားခေါ်ယူ စာချုပ်ရန် နောက်ဆုံးအဆင့်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ 

 • ဝက်စ်ဘရွန်းနောက်ခံလူ အသက် ၂၂ နှစ်အရွယ်ရှိ ဒေါ်ဆင်အား ဘော်လ်တန်နှင့် ဖီအိုရင်းတီးနားအသင်းတို့က ခေါ်ယူနိုင်ရေး အပြိုင် ကြိုးစားလျက်ရှိသည်။ 

• မန်ယူအသင်းသည် ဘင်ဖီကာအသင်းမှ နောက်ခံလူ အသက် ၂၆ နှစ် အရွယ်ရှိ ဂါရေးအားခေါ်ယူစာချုပ်ရန် နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

 • ကျူပီအာနှင့် စပါးအသင်းတို့မှ ခေါ်ယူရန်ကြိုးစားနေသော ကွင်းလယ်ကစား သမား အမ်ဗီလာက ရုရှားကလပ် ကာဇန်အသင်းသို့သာ ပြောင်းရွှေ့ကစား ရန် စိတ်အားထက်သန်နေကြောင်း ထုတ်ဖော်ပြောကြားသည်။

 • ချယ်လ်ဆီးနောက်ခံလူ အသက် ၂၇ နှစ်အရွယ်ရှိ ကာဟေးက ယခုနှစ် ပရီမီယာလိဂ်ဖလားရယူရေးအတွက် မန်ယူအသင်းရရှိရန် မသေချာကြောင်း၊ မိမိတို့သည်လည်း ဖလားရယူနိုင်သည့်အခွင့်အလမ်းရှိကြောင်း ထုတ်ဖော် ပြောကြားသည်။ (အင်တာနက်) 

 **ဇနီးဟောင်းနှင့် ပြန်လည်သင့်မြတ်ရန် မျှော်လင့်နေသည်အာနိုး**
 သြစတြေးလျနွယ်ဖွား သရုပ်ဆောင် အာနိုးရှဝါဇနက် ဂါက လက်ရှိတွင် ကွာရှင်းပြတ်စဲထားသော ဇနီးဖြစ်သူ မာရီယာရှာရီဗာအား ချစ်ခင်မြတ်နိုးနေသေးကြောင်းနှင့် ¤င်းနှင့် ပြန်လည်သင့်မြတ်နိုင်ရေးကို မျှော်လင့်လျက်ရှိ ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သရုပ်ဆောင်အာနိုးနှင့် မာရီယာတို့သည် ၂ဝ၁၁ ခုနှစ် က ကွာရှင်းပြတ်စဲခဲ့ကြပြီး ¤င်းတို့တွင် သားသမီးလေးဦး ထွန်းကားခဲ့ကာ ပြီးခဲ့သည့် ခရစ္စမတ်ပွဲတော်ကိုလည်း ¤င်းတို့ မိသားစု အတူတကွဆင်နွှဲခဲ့ကြောင်း ဂျာမနီအခြေစိုက် သတင်းစာတစ်စောင်က သတင်းဖော်ပြထားသည်။ အာနိုးသည် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ် ရေးမှူးအဖြစ် တာဝန်မထမ်းဆောင်မီ လွန်ခဲ့သည့် ဆယ်စု နှစ် တစ်ခုကျော်က ဖြစ်ပွားခဲ့သော အိမ်ထောင်ရေးအရှုပ် အရှင်းများကြောင့် ဇနီးသည်ဖြစ်သူ မာရီယာက အာနိုးနှင့် ကွာရှင်းပြတ်စဲရန် ရုံးတော်သို့ လျှောက်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ''ကျွန်တော်တို့ တိုက်ပွဲတစ်ပွဲကို တိုက်နေတာမဟုတ် ပါဘူး၊ ပြန်လည်သင့်မြတ်ဖို့ ကျွန်တော်မျှော်လင့်နေပါတယ်၊ သူ့ကို ကျွန်တော် ချစ်နေဆဲပါ''ဟု ယင်းသတင်းစာသို့ ပြောကြားခဲ့သည်။

 စုစည်းဘာသာပြန် - ဖြိုးစန္ဒာမြင့်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)