**လိ မ်ပြီးရင်းလိ မ်**
ကောင်မလေးငယ်ငယ်ချောချောလေးများရှိသည့် ''လမင်းမေ'' စားသောက် ဆိုင်ရှေ့မှ ဇနီးဖြစ်သူက ဖုန်းခေါ်လိုက်သည်။
ဇနီး ။ ။ ကိုချာတူး...ရှင်အခုဘယ်မှာလဲ။
ခင်ပွန်း ။ ။ (စားပွဲဝိုင်းမှထလိုက်ရင်း) အာ...ရုံးမှာပေါ့ကွာ။ အလုပ်တွေက မပြီးသေးဘူး။ ဘာတွေရှုပ်နေမှန်းကို မသိပါဘူး။
ဇနီး ။ ။ ရှင့်ကားကို ''လမင်းမေ'' စားသောက်ဆိုင်နားမှာ တွေ့တယ်။
ခင်ပွန်း ။ ။ မင်းကတော့လုပ်ပြီ။ ဒီလိုကားမျိုး ဒီတစ်စီးတည်းရှိတာကျနေတာ ပဲ။ တူတာနေမှာပေါ့ကွ။
ဇနီး ။ ။ ရှင့်ကားမောင်းသမားကိုလည်း တွေ့တယ်နော။
ခင်ပွန်း ။ ။ ဟင်...ဟုတ်လား။ အဲဒီနားကလမ်းကြားမှာ ကွမ်းယာသွားဝယ် တာထင်တယ်။
ဇနီး ။ ။ ရှင့ကိုလည်း တွေ့နေရတယ်။
ခင်ပွန်း ။ ။ မင်းကမလျှော့သေးပါလား။ နာမည်တူမရှား၊ လူတူမရှားလေ... မိန်းမရဲ့။
ဇနီး ။ ။ မဟုတ်ဘူး။ ရှင်မှ ရှင်ပါ။ နံနက်တုန်းက ဝတ်သွားတဲ့အဝတ်အစား နဲ့ပဲ။ အခုဖုန်းပြောရင်း ဆိုင်အပြင်ကို ထွက်လာနေတယ်လေ။
ခင်ပွန်း ။ ။ အံ့ရောကွာ။ ဒီမြို့မှာ ကိုယ်နဲ့ချွတ်စွပ်တူတဲ့ လူတစ်ယောက်ရှိ ရတယ်လို့။(ဆိုင်ရှေ့တွင် မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ဆုံသည် တွင်.....)
ဇနီး ။ ။ ဒီမယ်...ကိုချာတူး။ ခင်ပွန်း ။ ။
ဟင်...။ ခင်ဗျားလူမှားနေပြီ။ ကျုပ် ကိုချာတူး မဟုတ်ဘူး...။
**အေဝမ်းစိုး**
-ဘ၀အမောပြေ-

No comments:
Post a Comment