အမှောင်ခန်း လေးထဲ ချောင်ထိုးခံနေရတဲ့ စိတ်
တိတ်တိတ်လေးထွက်ပြေးလို့ ရွက်လွှင့်လိုက်ချင်မိတယ်
လ မသာတဲ့ညမှာ ကြယ်လေးတွေ ပြူတစ်ပြူတစ်နဲ့
ငါနဲ့အတူ မူယာ မာယာများတဲ့ လောက ကိုကြောက်နေသလိုပေါ့။
ဝရုန်းသုန်းကား ဖြစ်နေတဲ့ အထီးကျန် စိတ်
နာကျင်စိတ်နဲ့ ဖြေရမလား အမုန်းစိတ်နဲ့ ဖြေရမလား
အမြဲပြုံးနိုင်ဖို့က လိုသေးတယ်
ကြာလာတော့လဲ အကြင်နာတွေ အေးခဲလာတယ်။
ရေခဲငွေ့တွေ တထောင်းထောင်းထနေလို့များလား
အရှိန်အဟုန် ပြင်းပြင်းနဲ့ထွက်ခွါသွားတဲ့ ဒီကျောပြင်ကို
ငါကြည့်နေရင်းမှာပဲ ကျရှုံးတဲ့ အရသာခံစားလိုက်ရပြီ။
နုတ်ဆက်တဲ့ စကားသံ ကြားလိုက်ရတဲ့
နားတွေကို အားနာမိလို့
မကြားလိုက်ဘူးပဲ သဘောထားလိုက်ပါ့မယ်ကွယ် ။
လတ်လတ်ဆတ်ဆတ် ကြီး ဒီသံယောဇဉ်တွေကို
ဘယ်လိုအကြောင်းကြောင်းကြောင့် ပျက်သုဉ်းစေတာလဲ
မေးပါရစေ ချစ်ရသူ မရှိပဲ
နွမ်းနွမ်းလျလျ လွမ်းခြင်း အညတရတွေနဲ့
ဘယ်သူပျော်ရွှင်နေမလဲကွယ်။
Posted by စံပယ်ချို
-စိတ်အတွက် ထွက်ပေါက်ပေးပါ-

No comments:
Post a Comment