**ကုသိုလ်ပေါ့ကွာ'**
စက်ရုံတစ်ရုံ၏ဝန်ထမ်းဖြစ်သူ မောင်အုန်းသည် ရုံးတက်ချိန်၉ နာရီခွဲတွင် ရုံးသို့မရောက်ရှိပေ။ ၉ နာရီ မိနစ်၎ဝ မှ ရုံးသို့ရောက်ရှိလာ၏။ ရုံးတက်ချိန် ၁ဝ မိနစ် နောက်ကျသွား၏။ ထုချေလွှာ အတောင်းခံရသည်။ မောင်အုန်း ထုချေလွှာရေးနေခိုက် တစ်ဌာနချင်း လုပ်ဖော်ကိုင်ဖက်ဝန်ထမ်း တင်ဦးရောက်ရှိလာသည်။
''တင်ဦး မင်းဘယ်သွားနေတာလဲ၊ ရုံးခန်းထဲမှာလဲ မတွေ့ပါလား''
မောင်အုန်း က ထုချေလွှာရေးနေရာမှ ရပ်တန့်ကာမေးလိုက်သည်။
''မတွေ့ဆို၊ ငါက အခုမှ ရုံးကိုရောက်လာတာကွ''
''ဟာ...၁ဝ နာရီတောင်ထိုးပြီးပြီ''ဟု မောင်အုန်းက ချိတ်ဆွဲထားသော ရုံးခန်းနာရီကို မော့ကြည့်ပြောလိုက်၏။
''မင်းကို အချိန်မှတ်ဌာနက ဝင်ခွင့်ပြုလိုက်တာပဲလား'' တင်ဦးက ခေါင်းညိတ်လိုက်သည်။
''ဘယ်လိုလဲကွ၊ ငါက ၉ နာရီ၎ဝ ရောက်လာတာ အချိန်မှတ်ဌာနက တားလိုက် တယ်တင်ဦး၊ မင်းက အခု၁ဝ နာရီထိုးမှ ရောက်လာတာတောင် ဘာမှအရေးယူ မခံရဘူး''
''ကုသိုလ်ပေါ့ကွာ၊ ငါက စက်ရုံအရာရှိများကြိုပို့ကားနဲ့လမ်းမှာ တွေ့လို့တားပြီး အရာရှိတွေနဲ့ အတူ စက်ရုံထဲရောက်လာတာ အချိန်မှတ်ဌာနက ဘယ်လိုအရေးယူ နိုင်မှာလဲ'' ''
**မောင်မဟာ**
-ဘ၀အမောပြေ-

No comments:
Post a Comment