-ပင်စင်မရှိဘူး-
သားအလတ် ။ ။ ''မေမေ...''
မိခင် ။ ။ ''ဘာလဲ သား''
သားအလတ် ။ ။ ''ဖေဖေဟာ စက်ရုံက အသက်(၆ဝ)ပြည့်သွားလို့ ပင်စင် ယူလိုက်ရပြီနော်''
မိခင် ။ ။ ''ဟဲ့... အဲဒါ ဘာဖြစ်သလဲ သား၊ သားဖေဖေ သက်ပြည့်ပင်စင်ယူတာ တစ်နှစ်တောင်ကျော်နေပြီ''
သားအလတ် ။ ။ ဖေဖေက အလုပ်မှာ ပင်စင်သာ ယူရတယ်။ အိမ်မှာတော့ ကျွန်တော်တို့ညီအစ်ကိုတွေကို ကျောင်းပို့ ကျောင်းကြို၊ ကျူရှင်ပို့ ကျူရှင်ကြို၊ ဈေးသွား၊ အိမ်ထဲမှာ သန့်ရှင်းရေး လုပ်နဲ့ ဖေဖေ့ကိုကြည့်ရတာ အိမ်အလုပ် တစ်ခုမဟုတ် တစ်ခု လုပ်နေတာပါပဲ''
မိခင် ။ ။ ''ဟဲ့... ကလေးဟာ ကလေးစကား ပြောစမ်း၊ အလုပ်ထဲမှာ ပင်စင်ရှိပေမယ့် အိမ်မှာတော့ ပင်စင်မရှိဘူး သား''
**မောင်မဟာ**
-ဘဝအမောပြေ-

No comments:
Post a Comment