ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, January 22, 2013

> -မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ-
တစ်နေ့မှာ ကျနော်လမ်းလျှောက်နေတုန်း ဖုန်းသံမြည်လာတယ်… ဖုန်းကောက်ကိုင်လိုက်တော့ ဖုန်းသံထဲက ကြားရတဲ့အသံက နုနယ်တဲ့ မိန်းကလေးလေးရဲ့အသံလေးပါ… “ဖေဖေ မြန်မြန် ပြန်လာတော့လေ… မီးမီး ဖေ့ဖေ့ကို အရမ်းသတိရနေတယ်…” အာရုံမှာ ချက်ချင်းသိလိုက်တယ်… ဒါဟာ ဖုန်းမှားနေတယ်ဆိုတာ… ဒီခေတ်ဒီခါမှာ ဒါမျိုးဟာ မထူးဆန်းတော့ပါဘူး… ကျနော်လဲ စိတ်မရှည်စွာနဲ့ဘဲ ပြောလိုက်တယ်… “ဖုန်းမှားနေပြီ” ဆိုပြီး ဖုန်းကိုချလိုက်တယ်… နောက်ရက်တွေမှာလဲ ဒီဖုန်းနံပါတ်နဲ့ ခဏခဏ မှားဝင်လာတယ်… စိတ်အနှောင့်အယှက် ဖြစ်လာတယ်… တခါတလေ စိတ်တိုပြီး အော်ပြောလိုက်တယ်… တခါတလေ ဖုန်းမကိုင်ဘဲ ဒီတိုင်းထားလိုက်တယ်… တနေ့မှာ အဲဒီဖုန်းနံပါတ်နဲ့ ခဏခဏ ဖုန်းဝင်လာတယ်… ခါတိုင်းနဲ့မတူတာက ဖုန်းမကိုင်မချင်းကို ခေါ်နေတော့တာဘဲ… နောက်ဆုံးတော့လဲ ကျနော် ဖုန်းကို လက်ခံပြီးနားထောင်လိုက်တယ်… ဟိုးဘက်က ကြားရတဲ့အသံလေးက တော်တော်လေးကို အားပျော့နေတဲ့ မိန်းကလေးလေးရဲ့အသံလေးပါ… “ဖေဖေ မြန်မြန်ပြန်လာတော့လေ… မီးမီး ဖေဖေ့ကို သတိရတယ်… မေမေက ပြောတယ်… ဒီဖုန်းနံပါတ်မမှားဘူးတဲ့… ဖေဖေ ရဲ့ဖုန်းနံပါတ်ဘဲတဲ့… မီးမီး အရမ်းနာနေတယ်… မေမေကပြောတယ်… ဖေဖေက အလုပ်အရမ်းများနေတယ်တဲ့… သမီးကို မေမေ တစ်ယောက်တည်းဘဲ ပြုစုနေတာ … မေမေလဲ တော်တော်လေးပင်ပန်းနေပြီ… သမီးသိတယ်… ဖေဖေ အလုပ်အရမ်းရှုပ်နေတယ်ဆိုတာ… ဖေဖေ မလာနိုင်ရင်လဲ မီးကို ဖုန်းကနေဘဲ မွေးမွေး တစ်ချက်ပေးပါနော်…” ကလေးလေးရဲ့ ရိုးသားလှတဲ့တောင်းဆိုမှုလေးကို ကျနော် မငြင်းဆန်နိုင်ခဲ့ဘူး… ဖုန်းနားကို ကပ်ပြီး မွက်မွက် ဆိုပြီး မွေးမွေးပေးလိုက်တယ်… ဟိုဘက်က ကလေးလေးရဲ့ ပြောနေသံလေးကိုကြားလိုက်ရတယ်… “ကျေးဇူးဘဲ ဖေဖေ… မီး အရမ်းပျော်သွားပြီ… မီး ဖေဖေ့ကို အရမ်းချစ်တယ်” ကျနော်ဒီဖုန်းကို စိတ်ဝင်စားလာတယ်… ဖုန်ကောက်ဆက်လိုက်တော့ ဖုန်းကိုင်လိုက်တာက မိန်းကလေးမဟုတ်ဘဲ အသံလေးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံ… “အစ်ကို့ကို တောင်းပန်းပါတယ်… ဒီရက်ပိုင်းမှာ အစ်ကိုလဲတော်တော်လေး စိတ်ရှုပ်သွားမိလိမ့်မယ်… ကျမ လုပ်စရာလေးတွေ ပြီးလို့ရှိရင် အစ်ကိုဆီ ဖုန်းဆက်ပြီး တောင်းပန်ဖို့ စီစဉ်းထားတယ်… ဒီ ကလေးလေးရဲ့ ကံကြမ္မာ မကောင်းရှာဘူး… မွေကတည်းက မွေးရာပါ အရိုးကင်ဆာ ပါလာတယ်… သူ့ဖေဖေကလဲ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကား တိုက်မိလို့… ဆုံးသွားတာ မကြာသေးဘူး… ဒီကိစ္စ သူ့ကို ပြောပြဖို့ ကျမမှာ အင်အားမရှိဘူး… နေ့တိုင်း ဆေးတွေထိုးရတာ အမြဲတမ်းလိုလို နာကျင်နေပြီ… ကလေးလေးလဲ ဒီဒဏ်ကို တော်တော်လေးခံနေရပြီ… နာကျင်မှုဝေဒနာ အဆိုးဆုံး အချိန်တွေမှာ သူ့ပါးစပ်ကနေ တတွတ်တွတ် အော်နေတာကတော့ အရင်က သူ့အနားမှာ သူ့ကို သတ္တိ ရှိဖို့ အမြဲတမ်း အားပေးနေတဲ့ သူ့ဖေဖေ ပါဘဲ… ကျမလဲ မကြည့်ရက်တော့လို့ ဖုန်းနံပါတ် တစ်ခုပေးလိုက်တာ အစ်ကိုရဲ့ဖုန်းနံပါတ်ဖြစ်နေတာပါ” “အဲ့ ကလေး အခု အခြေအနေဘယ်လိုနေသေးလဲ” ကျနော်သိချင်စောနဲ့ကောက်မေးလိုက်တယ်… “မီးမီးလေး လူ့ဘ၀ကနေ ထွက်သွားပါပြီ… အစ်ကို အဲဒီ အချိန်တုန်းက သူ့ကို ဖုန်းထဲကနေ အနမ်းလေးပေးလိုက်ပုံရတယ်… ဟုတ်တယ်မဟုတ်လား… ဘာလို့လဲဆိုတော့ သူက ပြုံပြီး ထွက်သွားတာပါ… ထွက်သွားခါနီး သူ့ရဲ့လက်သေးသေးလေးထဲမှာ “ဖေဖေ့” အသံကို ကြားနိုင်တဲ့ ဖုန်းကို မြဲမြဲ ဆုတ်ကိုင်ထားရှာတယ်…”

 **Zane** 

မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ ♥

 From-Zaw Htun

-မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)