-မွန်းကျပ်မူ့ ကို ဖောက်ထွက်လို့ -
သေခြင်တဲ့ ကျားတောပြောင်း ဆိုတဲ့ စကာပုံလိုပဲ၊ အလုတ်ပြောင်းလိုက်တာ အသွားမတော် တလှမ်း၊
အစားမတော် တလုပ် ဖြစ်သွားတယ်။ ကျောင်းပြီးခါစက ကျမမြို့ လေးကနေ ခွဲခွာထွက်ခဲ့ရတုံးကလည်း မိဘအိမ်မှာ
မိဘရဲ့  အမိုး၊ အကာ အောက်ကနေ လောကကြီးကို မမြင်ဘူးတဲ့ အံသြစရာကောင်း၊ မသိဘူးသေးတဲ့ လူတွေရဲ့ 
လူလည်ကျတတ်၊ ငှဲ့ ညာမူ မရှိတဲ့ အတွေ့ အကြုံတွေကို ထူးဆန်းစွာ ကြည့်ပြီ ရင်ဆိုင်ခံစားခဲ့ဘူးတယ်။ အလုတ်စလုတ်မှ လူလောက အကြောင်း သိရလေအောင် ကာကွယ် စောင့်ရှောက်ခဲ့တဲ့ မိဘနှင့် ဆွေမျိုးတွေရဲ့  ကျေးဇူးတွေကို ခုတော့မှ နာလည်မိတယ်။
အဲဒီတုံးကတော့ တဖြည်းဖြည်းခြင်း ကိုယ့်ကိုယ်ကို ရင့်ကျက်လာတယ်လို ထင်ခဲ့၊ အသိအမှတ်ပြုခဲ့ ဘူးတယ်။ တခါ ကိုယ့်မခံရပ်နိုင်တဲ့ ခါးသည်းမူတွေကို အချိုးအကွေ့ တွေ တွေ့ ရတိုင်း ရင်ထဲမှာ နာကျင်စွာ ခံစားရတိုင်း ရင့်ကျက်မူ့ ဆိုတာ ဒါမျိုးတွေကို ရင်ဆိုင်ရင် ` သြ ၊ . . . ဒါတော့ ငါ မခံစားနိုင်သေးပါလား ` စဉ်းစားခဲ့ဘူးတယ်။ အဟပ် သူရဲခြောက်တယ်လို့  စိတ်ထဲ ထင်လိုက်တိုင် ခြေဖျား၊ လက်ဖျားတွေ အေးသွားပြီး စိတ်ထဲမှာ တုန်လှုတ်သွားတိုင်း တကယ်တော့ ငါဟာ ကြောက်တတ်နေတုံး ပဲဆိုတာ ကိုယ်ဘာသာ လက်ခံလိုက်ရတာလိုမျိုးပါပဲ။
နိုင်ငံခြားမှာ အလုတ် , လုတ်ရတာ နတ်ပြည်ရောက်သွားတာလည်း မဟုပ်ဘူး၊ ငရဲပြည် ရောက်တာလား ? နေ့ ခံ၊ ညစံတဲ့ ပြိတာဘဝ ကို လူအရှင်လတ်လတ်ပဲ ရောက်သွားတာလားလို့ လည်း စဉ်စားနိုင်တယ်။ ပြောင်းခဲ့မိတဲ့ အလုတ်ကို ပြောပါတယ်။ ဒါပေမယ့် မသေမခြင်းတော့ အလုတ် လုတ်နေရဦးမယ်လေ … စား၊ ဝတ်၊ နေရေးက ရှိသေးတာကိုး။ ဟိုတုံးက လူတွေ နိုင်ငံခြားမှာ ငွေရှာရင် တကယ်သူဌေး ဖြစ်ကောင်း၊ ဖြစ်ခြင် ဖြစ်မယ်။ခုကတော့ ရန်ကုန်မှာ အိမ်ပိုင်ဘို့  ကို မဆိုထားနဲ့  သိတတ်သူဆို မိဘကို ကျေးဇူးဆပ်တာနဲ့ တောင် အိုစာကို ခြစ်ခြုပ်စုရမယ့်သူတွေ များစွာ ရှိပါတယ်။ ပြီးခဲ့တဲ့ ၄၊ ၅ ၊ ၆ လ လောက်က ထိုင်းကနေ စင်္ကာပူကို အလည်လာတဲ့ ယိုဒယားမလေး၊ MRT (မီးရထား) လမ်းပေါ်ကို ခုန်းဆင်းတဲ့  ကိစ္စကို စင်္ကာပူ လမ်းနှင့် ပို့ ဆောင်ရေးဌါနက စင်္ကာပူငွေသုံးသောင်း ကျော်နဲ့  ဖြေရှင်းပြီး လေယာဉ်ပေါ်ကိုယ် လိုက်ပို့ လိုက်တယ်။ ထိုင်း အစိုးရက လက်မခံပဲ သံရုံးကနေ စင်္ကာပူ အစိုးရနဲ့  အခြေအတင် စေ့စပ်ဆွေးနွေးလိုက်တယ်။ ကောင်းမလေးက ခုမှ ၁၆၊ ၁၇ နှစ်လောက် ခြေနှစ်ချောင်း ကျိုးသွားတယ်။ သုံးသောင်းခွဲးသည် သူမရဲ့  ကျန်ရှိတဲ့ ဘဝ တခုလုံး မဖြတ်နိုင်ပါဘူး။ ကောင်မလေးနှင့် မိဘတွေက ငွေသုံးသောင်းကျော်နှင့် ကျေအေးနိုင်ပေမယ့် အစိုးရက သူ့ နိုင်ငံသားရဲ့  ဆုံးရှုံးမူကို ဒီပိုက်ဆံလောက်နဲ့  လက်မခံနိုင်ပါဘူးဆိုလို့  သိန်း ၂၀ လောက်လို့ ထင်တယ် (သေချာ မမှတ်မိတော့ဘူး။ ) ထပ်ပြီး လျှော်ကျေးပေးလိုက်ရတယ်။ ဘယ်နိုင်ငံမှာ မဆို သူ့ နိုင်ငံသားတွေကို ကာကွယ်ပေးတာတွေ မြင်ရတော့ ကိုယ့်လူမျိုးကို ကာကွယ်ဘို့  ပျက်ကွက်တဲ့ ဘယ်သူ့ ကိုမဆို စက်ဆုတ်တဲ့ ခံစားမူနဲ့  မုန်းခြင်မိတယ်။ သူများဆိုရင်တော့ ကံလို့  သတ်မှတ်ပြီး၊ ကိုယ့်သား၊ ကိုယ့်သမီး ၊ ကိုယ့် အမျိုးမှ လုံးလ စိုက်တတ်တဲ့ လူတွေကို တွေ့ ရတော့ အံသြ စိတ်ပျက်မိတယ်။ မင်းကျင့်တရားလည်း မသိ၊ ကျောသား၊ ရင်သားခွဲခြားတဲ့ အစိုးရတွေ တွေ့ တော့ ဘုရားလောင်း မင်းဝေသန်သရာ မင်းလုတ်ရင်း ငရဲခံခဲ့ရတာ သတိယလို့  ဆွံ့ အရောင်ဆောင်ခဲ့ရဘူးတာကို သတိရတယ်။ ဟီး ဟိ စိတ်ပျက်တာက အဲဒီ အလုတ်မှာ မကောင်းတဲ့၊ တရားမရှိ၊ အမျိုးမသိသူတွေနဲ့  တွေ့  လာခဲ့ရလို့ ၊ ထောင်နဲ့  တူတဲ့၊ အနိုင်ကျင့်တတ်တဲ့ အလုတ်ရှင်တွေ၊ လူတွေ ရှိနေလို့ ပါ။
သူတို့ ကို ကြည့်ပြီ တော့တောင် မန်နေဂျာ ဆိုတာ မတတ်ပဲနဲ့  ဟောက်စားနေတဲ့ လူတွေလို့  ထင်ခဲ့မိသွားတယ်။ အင်း ခုတော့ ဒီ အကျဉ်းထောင် အလုတ်ထဲက ထွက်နိုင်ခဲ့ပါပြီ။ စလုံးမှာ ဘာလို့  မြန်မာတွေ မြန်မာလို့  အသိမခံခြင်တာလဲ။ ဒါပေမယ့် သူများလူမျိုးရဲ့  မကောင်းတဲ့ အကျင့်ကိုယ် လက်ခံကျင့်နေပြီး၊ ကောင်းတဲ့ အကျင့်ကိုတော့ လက်မခံခြင်တာလဲ။ ကျမလေ မွန်းကျပ်တဲ့ အိမ်မက်ကို ထပ် မမက်ခြင်တော့ဘူး။ ကိုယ်ရဲ့  ကောင်းတဲ့ အကျင့်ကိုယ် မထိန်းသိမ်းနိုင်တာ၊ မဟုတ်တာကို အထင်ကြီးတာလား၊ ခေတ်ရေစီး ဆိုတာလား။ ဟား ဟား ကိုယ့်လူမျိုးကို ရောင်းစားနေတာ တခြားနိုင်ငံသားလား၊ ကိုယ့်လူမျိုးလား။ လူတွေကို ကြောက်စရာကောင်းတဲ့ စိတ်ဓါတ်တွေနဲ့  တွဲးတွေ့  လိုက် ရတော့ သမဝါယမ ခောတ်ကလို လူကြိုက်များတဲ့ ပစ္စည်းတခုကို၊ မကြိုက်တဲ့ ပစ္စည်းတခုနဲ့  မလိုခြင်ပဲ တွဲးယူခဲ့ရသလိုပဲ။ ဆိုလိုခြင်တာက ကိုယ်လူမျိုးကိုယ် ချစ်တတ်တဲ့ အသည်းနှလုံးဟာ၊ မနှစ်သက်တဲ့ မကောင်းတဲ့ ကိုယ်ကျင့်တရား ကူစက်ရောဂါတွေနှင့် ပူးတွဲးပြီး လူတကာ နှိမ်ချခံရတဲ့ အကြောင်းတရားတွေနှင့် ကောင်းခြင်း၊ မကောင်းခြင်းတွေနှင့် လူမျိုးတစုကို သမကုန်ပစ္စည်းလို ခံစားလိုက်ရတယ်။ ။
Posted by စော(အဝါရောင်မြေ)

No comments:
Post a Comment