-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**''အလှကုန်ပစ္စည်း ဈေးကွက် သို့ ဒုတိယခြေလှမ်းစတင်မည့်သရုပ်ဆောင်ကေတီဟုမ်း**ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦးဖြစ်သူ ကေတီဟုမ်းက သူမသည် Alterna အမည်ရှိ အော်ဂဲနစ် ဆံကေသာပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုကုမ္ပဏီ၏ ပူးတွဲ ပိုင်ရှင်တစ်ဦးအဖြစ်လည်းကောင်း၊ ပြောရေးဆိုခွင့်ရှိသည့် တာဝန်ရှိသူတစ်ဦးအဖြစ် လည်းကောင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ သည်။ ထို့ပြင် သရုပ်ဆောင်ကေတီဟုမ်းက အဆိုပါဆံကေသာကုမ္ပဏီ၏ ကြော်ငြာ ကိစ္စများနှင့် လုပ်ငန်းစဉ်များအားလုံးကို ဖေဖော်ဝါရီလတွင် စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း Women's Wear Dailyသတင်းစာတွင် ဖော်ပြထား သည်။ ကေတီဟုမ်းက ''အလှကုန်ပစ္စည်းတွေမှာ အများဆုံးပါဝင်လေ့ရှိတဲ့ ဆာလဖိတ် နဲ့ ပြင်းအားများတဲ့ ဓာတုဒြပ်ပေါင်းတွေ ပါဝင်တဲ့ ခေါင်းလျှော်ရည်နဲ့  ဆံပင်ပျော့ ဆေးများကို အသုံးပြုရတာထက် သဘာဝအတိုင်း ပြုလုပ်ထားတဲ့၊ သဘာဝပစ္စည်းများ ပါဝင်တဲ့ အလှကုန်ပစ္စည်းများ အသုံးပြုရတာကို ပိုမိုနှစ်သက်မိ ကြောင်း'' ပီးပဲလ်မဂ္ဂဇင်းက သတင်းဖော်ပြသည်။ သရုပ်ဆောင် ကေတီဟုမ်းသည် စက်တင်ဘာလက ဘော့ဘီ ဘရောင်း အလှကုန်ပစ္စည်း ကုမ္ပဏီ၏ ပြောရေးဆို ခွင့်ရ ပုဂ္ဂိုလ် တစ်ဦးအဖြစ် ခန့်အပ် ခြင်း ခံခရပြီး ယင်း ကဲ့သို့ အလှကုန် ပစ္စည်းဈေကွက်သို့ ထိုး ဖောက်ဝင်ရောက် လာမှုသည် ¤င်း၏ ဒုတိယခြေလှမ်းဖြစ် ကြောင်း သိရသည်။
** တစ်ပတ်လုပ်ခလစာပေါင် ၂ဝဝဝဝဝ ဖြင့် တစ်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် အက်ရှ်လေကိုးလ်ချုပ်ဆို**
အင်္ဂလန်နှင့် ချယ်လ်ဆီး နောက်တန်းကစားသမား အက်ရှ်လေကိုးလ်သည် တစ်ပတ်လုပ်ခလစာပေါင် ၂ဝဝဝဝဝ ဖြင့် တစ်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ထပ်တိုးချုပ်ဆိုရန် သဘောတူညီခဲ့ပြီးနောက် ကမ္ဘာ့ ဘောလုံးလောကတွင် လုပ်ခလစာအမြင့်ဆုံးရရှိသည့် နောက်တန်းကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။ အသက်(၃၂)နှစ်အရွယ် ချယ်လ်ဆီးနောက်တန်းက စားသမားအက်ရှ်လေကိုးလ်သည် စတမ်းဖို့ဒ်ဘရစ်ခ်ျကို စွန့်ခွာတော့မည်ဟုဆိုခဲ့သော်လည်း လက်ရှိတွင် စာချုပ် သက်တမ်းတစ်နှစ်တိုးခဲ့ပြီး ယခုနှစ်ဘောလုံးရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကွင်းလယ်ကစားသမား ဖရန့် လမ်းပတ်မှာမူ အသင်းမှထွက်ခွာဖွယ်ရှိကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းနည်းပြ ရာဖေးလ်ဘင်နီတက်ဇ် သည် တနင်္ဂနွေနေ့ညပိုင်းတွင် ချယ်လ်ဆီးအသင်းက အာဆင် နယ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အက်ရှ်လေကိုးလ်၏ စာချုပ်သက်တမ်းတိုးခြင်းကို ကြေညာ ခဲ့ကြောင်း အခိုင်အမာပြောကြားခဲ့သည်။
** အရာရာကို လေးလေးနက်နက် ဆုံးဖြတ်လိုကြောင်း ဂျနီဖာလိုပက်ဇ်ပြောကြား**
နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင်တစ်ဦးဖြစ်သည့် ဂျနီဖာလိုပက်ဇ်က သူမသည် ငယ်ရွယ် စဉ်ကတည်းက ကိစ္စတိုင်းတွင် အလျင်စလိုဆုံးဖြတ်ခဲ့ပြီး ယခုအခါ သူမ၏ချစ်သူ ကက်စ်ပါစမတ် နှင့်ကိစ္စတွင်မူ အလောသုံးဆယ် ဆုံးဖြတ်မည်မဟုတ်ကြောင်း၊ ထို့ပြင် 'ကျွန်မဟာ အသက်ငယ်ရွယ် တော့တဲ့ ဆယ်ကျော်သက်အပျိုဖြန်းလေး မဟုတ်တော့ပါဘူး' ဟု ပီးပဲလ်မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ လိုပက်ဇ်က သူမ၏ ခင်ပွန်းဟောင်း တေးဂီတပညာရှင် မာ့ခ်အန်တိုနီနှင့် ကွာရှင်းပြီးနောက် ဘေရူးဟု ချစ်စနိုးနာမည်ပေးထားသည့်သူမ၏ ချစ်သူအသစ် ကက်စ်ပါနှင့် အထူးပျော်ရွှင်ခဲ့ရပါကြောင်း၊ သူမသည် အသက် လေးနှစ်အရွယ်ရှိ အမြွှာကလေးများဖြစ်သော အမ်မီနှင့် မက်စ် တို့၏မိခင်တစ်ဦးအနေဖြင့် အရာရာတိုင်းကို လေးလေးနက်နက် ဆုံးဖြတ်လိုကြောင်း၊ အတိတ်ကာလက သူမသည် ကိစ္စတိုင်း ကို အလွန်ပင်အလျင်စလိုဆုံးဖြတ်မိကာ အမှားများ ကြုံတွေ့ ခဲ့ ရကြောင်း ဆိုသည်။ ထို့ပြင် သူမသည် သူမ၏သရုပ်ဆောင်လောကတွင် အောင်မြင်မှုအတွက် ဝင်ငွေများစွာရရှိသည့် Ameican Ido ပြိုင်ပွဲ၏ ဒိုင်လူကြီးအဖြစ်မှ ထွက်ခွာခဲ့ခြင်းအပေါ် နောင်တမရကြောင်း၊ ယခုလက်ရှိတွင် လိုပက်ဇ်သည် ဏမေုနမအမည်ရှိ မှုခင်းဇာတ်ကားတွင် ခင်ပွန်းနှင့် ကွာရှင်းပြီးသော အမျိုးသမီးတစ်ဦးအနေဖြင့် သရုပ် ဆောင် ဂျက်ဆွန်စတာ့သန်နှင့်အတူ ပါဝင်သရုပ် ဆောင်ထားကြောင်း သိရသည်။ ''လိုပက်ဇ်က ပိုက်ဆံအများကြီးရတဲ့ ဒိုင်လူကြီး ဘဝကိုစွန့်ခွာခဲ့ပြီး ဒါဟာသူလုပ်ချင်တဲ့ မှန်ကန်တဲ့အလုပ် တွပါပဲလို့ ပြောသွားသေးတယ်''ဟု ဒါရိုက်တာ တလာဟက်ခ်ဖို့ဒ်က ပီးပဲလ်မဂ္ဂဇင်းသို့ ပြောကြားခဲ့ သည်။ ''ကျွန်မဘဝရဲ့ အရေးကြီးတဲ့ အချိန်တွေမှာ ကျွန်မအတွက် ကြီးကျယ်တဲ့ အလုပ်တွေကို လုပ်နေပါတယ်။ အရာရာကို အခုမှပဲ တကယ့်ကို ခံစားမိလာပါတယ်'' ဟု ဂျနီဖာလိုပက်ဇ်က ပြောကြားခဲ့ သည်။
**ဂါလာတာစာရေးအသင်းနှင့်စာချုပ်ချုပ်ဆိုရန် ရှနိုက်ဒါသဘောတူ**
တူရကီကလပ် ဂါလာတာစာရေးအသင်းသည် အီတလီစီးရီးအေကလပ် အင်တာမီလန်နှင့် နယ်သာလန် အသင်းတို့၏ အားထားရသော ကစားသမားတစ်ဦးဖြစ်သည့် ဝက်စ်လေရှနိုက်ဒါအား စာချုပ်ချုပ်ဆိုရန် သဘော တူညီလိုက်ပြီဖြစ်သည်။ အင်တာမီလန်အသင်းအနေဖြင့်လည်း ဂါလာတာ စာရေးအသင်း၏ ဝက်စ်လေရှနိုက်ဒါအား ကမ်းလှမ်းလာ မှုကို လွန်ခဲ့သည့် သီတင်းနှစ်ပတ်ခန့်ကတည်းက လက်ခံ ထားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဂါလာတာစာရေးအသင်းနှင့် ဝက်စ်လေ ရှနိုက်ဒါတို့သည် သဘောတူညီချက်များ ရရှိထားပြီဖြစ် ၍ ဇန်နဝါရီ ၂၁ ရက်တွင် ဆေးစစ်မှုများ ပြုလုပ်ကာ အပြောင်း အရွှေ့ဆိုင်ရာ သဘောတူညီချက်စာချုပ် လက်မှတ်ရေး ထိုးခြင်းကို အပြီးသတ်ဆောင်ရွက်မည်ဟုဆိုသည်။ ရှနိုက်ဒါသည် ၂ဝ၁၁ ခုနှစ်နွေရာသီအပြောင်းအရွှေ့ ကာလတွင် မန်ယူအသင်းသို့ပြောင်းရွှေ့ကစားရန် ချိတ် ဆက်မှုများပြုလုပ်ခဲ့ပြီး ¤င်း၏စာချုပ်နှင့်ပတ်သက်၍အငြင်း ပွားဖွယ်ဖြစ်ခဲ့ရသည့် ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှ စတင်ကာ အင်တာမီလန်အသင်းတွင် ပါဝင်၍မကစားခဲ့ခြင်း ဖြစ်သည်။ ရှနိုက်ဒါ၏ လုပ်ခလစာကို သိသိသာသာဖြတ် တောက်ရန် သဘောတူညီခဲ့သည့်တိုင် အင်တာမီလန် အသင်းတွင် ပါဝင်ကစားလိမ့်မည်မဟုတ်ကြောင်း အင်တာ မီလန်အသင်းက ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းက ပြော ကြားခဲ့သည်။ နယ်သာလန်ကြယ်ပွင့် ရှနိုက်ဒါသည် ၂ဝဝ၉ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းမှ အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ¤င်းအင်တာမီလန်သို့ စရောက်သည့် ပထမရာသီမှာပင် အင်တာမီလန်အသင်း အီတလီစီးရီးအေဖလားနှင့် ချန်ပီယံလိဂ်ဖလား ရရှိရေး အတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့သည်။
** လက်ရှိချန်ပီယံအဇာရင်ကာ…ကွာတားဖိုင်နယ်တက်**
သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲကို မဲလ်ဘုန်း၌ ကျင်းပလျက်ရှိရာ အမျိုးသမီး ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဗစ်တိုးရီးယားအဇာရင်ကာသည် အယ်လင်နာဗက်နီနာအား အနိုင်ရပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီ ဖြစ်သည်။ ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ် အဇာရင်ကာသည် ယင်းပြိုင်ပွဲတွင် အယ်လင်နာ ဗက်နီနာအား ၆-၁၊ ၆-၁ ဖြင့် အနိုင်ရပြီး ကွာတားဖိုင်နယ် တက်ရောက်သွားသည်။ သူမသည် ကွာတားဖိုင်နယ်တွင် ဒိန်းမတ်တင်းနစ်မယ် ဝေါ့ဇ်နီယာစကီအား အနိုင်ရခဲ့ သည့် ရုရှားတင်းနစ်မယ် ကုဇ်ညက်ဆိုဗာနှင့် တွေ့မည်ဖြစ်သည်။
**ဘောလုံးလောက သတင်းတိုများ**
ျွ အာဆင်နယ်အသင်းသည် မွန်ပီလီယာအသင်းမှ အသက် ၂၃ နှစ်အရွယ် နောက်ခံကစားသမား အမ်ဘီဝါအား ခေါ်ယူနိုင်ရေး ဆွေးနွေးနေသည်။
ျွ ဝီဂန်အသင်းသည် လီဗာပူးနောက်ခံလူ ကိုရာတက်စ်နှင့် ဝုလ်ဗာအသင်း မှ အသက် ၂၇ နှစ်အရွယ် ဇူဘာတို့အား ခေါ်ယူစာချုပ်နိုင်ရေး ကြိုးစား လျက်ရှိသည်။
ျွ ရက်ဒင်းအသင်းသည် ဘာမင်ဂမ်အသင်းမှ နောက်ခံလူ အသက် ၂၇ နှစ်အရွယ် ဒေးဗစ်အား ပြောင်းရွှေ့ကြေးပေါင် ၁ ဒသမ ၅ သန်းဖြင့် ခေါ်ယူရန် ဆွေးနွေးလျက်ရှိသည်။
ျွ အာဆင်နယ်အသင်းက လိုင်ယွန်အသင်းမှ ကွင်းလယ်ကစားသမား ဂိုရာကတ်ဖ်အား တစ်ပတ်လုပ်ခပေါင် ၈ဝဝဝဝ ပေး၍ ခေါ်ယူစာချုပ် နိုင်ရေးကြိုးစားလျက်ရှိသည်။
ျွ ဂါလာတာစာရေးအသင်းသည် စီးရီးအေတွင် ကစားနေသော ကွင်းလယ် ကစားသမား ရှနိုက်ဒါအား ခေါ်ယူနိုင်ရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ် ကြောင်း ထုတ်ဖော်ပြောကြားသည်။
ျွ နော့တင်ဟမ်ဖောရက်စ်အသင်းမှ အသက် ၂၈ နှစ်အရွယ် ဂိုးသမား လီကမ့်အား နော့ဝှစ်အသင်းက ခေါ်ယူနိုင်ရေး ဆွေးနွေးလျက်ရှိသည်။
ျွ ချယ်လ်ဆီးအသင်းမှ အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကစားသမား မာလူဒါအား ကျူပီအာအသင်းက ခေါ်ယူရန် ကြိုးစားလျက်ရှိသည်။
ျွ လီဗာပူးအသင်းသည် အင်တာမီလန်အသင်းမှ အသက် ၂ဝ အရွယ် ကွင်းလယ်ကစားသမား ဖီးလစ်ကူတင်ဟိုအား ပြောင်းရွှေ့ကြေးပေါင် ရှစ်သန်းဖြင့် ဈေးပေးထားမှုကို ထပ်မံတိုးမြှင့်ပေးမည်ဟု ဆွေးနွေးလျက်ရှိ သည်။
ျွ ခရစ္စတယ်ပဲလေ့စ်အသင်းမှ တောင်ပံကစားသမား ဇာဟာအား လာမည့် လ၌ ဝင်ဘလေကွင်းတွင် ဘရာဇီးအသင်းနှင့် ခြေစမ်းပွဲကစားရန်အတွက် အင်္ဂလန်အသင်း၌ ပါဝင်ထည့်သွင်းထားသည်ဟု ထုတ်ဖော်ပြောကြား သည်။
ျွ ချယ်လ်ဆီးနောက်ခံလူ အသက် ၃၂ နှစ်အရွယ်ရှိ အက်ရှ်လေကိုးအား ချယ်လ်ဆီးအသင်းက တစ်ပတ်လုပ်ခလစာပေါင် ၂ဝဝဝဝဝ ဖြင့် တစ်နှစ် စာချုပ်ထပ်မံချုပ်ဆိုလိုက်ရာ ကမ္ဘာပေါ်တွင် နောက်ခံကစားသမားများ အနက် လုပ်ခလစာအမြင့်ဆုံး ကစားသမားတစ်ဦးဖြစ်လာခဲ့သည်။
ျွ ပွဲချိန်နောက်ဆုံးစက္ကန့်၌ တစ်ဂိုးစီသရေပွဲဖြစ်အောင် ကြိုးစားအားထုတ် ခဲ့သော စပါးကစားသမားများ၏ စိတ်ဓာတ်နှင့် စွမ်းဆောင်မှုကို မိမိချီးကျူး ပါကြောင်း မန်ယူနည်းပြ ဖာဂူဆန်က ထုတ်ဖော်ပြောကြားသည်။
ျွ မန်ယူကို သရေပွဲဖြစ်အောင် ကစားနိုင်ခဲ့ခြင်းသည် စပါးအသင်း၏ ထက်မြက်သော ခြေစွမ်းအမှန်ကို ပြသခဲ့ခြင်းဖြစ်ကြောင်း စပါးနည်းပြ ဘို အက်စ်က ပြောကြားသည်။
ျွ ချယ်လ်ဆီးပိုင်ရှင် အေဗရာမိုဗစ်က ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ကစားသမားအသစ် ခေါ်ယူတော့မည်မဟုတ်ကြောင်း ပြောကြားသည်။
ျွ စပါးတောင်ပံကစားသမား ဂါရတ်ဘေးအားရီးရဲမက်ဒရစ်ကလာမည့် နွေရာသီဘောလုံးသမားအပြောင်းအရွှေ့ကာလတွင်
ခေါ်ယူရန်ကြိုးစားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။
နိုင်လင်းကြည်-စုစည်းသ ည်။

No comments:
Post a Comment