** ဆီးရီးယားနယ်စပ်အနီး နေတိုး ဒုံးခွင်းဒုံးများ တိုးမြှင့်ဖြန့်ကြက် မည့်အစီအမံကို တူရကီပြည်သူများစွာကန့်ကွက် ဆန္ဒပြ**
(အင်ကာရာ ဇန်နဝါရီ ၂၁) ဆီးရီးယားနယ်စပ်အနီး နေတိုး ပက်ထရော့ဒုံးခွင်းဒုံးများ တိုးမြှင့်ဖြန့်ကြက် မည့်အစီအမံကို တူရကီပြည်သူများစွာတို့ လမ်းများပေါ်သို့ရောက်ရှိပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြောင်း ဇန်နဝါရီ ၂၁ ရက်က ပရက်စ်တီဗွီသတင်းတွင် ဖော်ပြသည်။ အဆိုပါ ကန့်ကွက်ဆန္ဒပြမှုကိုတူရကီ နိုင်ငံအရှေ့တောင်ပိုင်း အင်တက်ခ်ယာ မြို့တွင် ဇန်နဝါရီ ၂ဝ ရက်က ပြုလုပ်ခဲ့ သည်။ ယင်းလူစုလူဝေးသည် တူရကီနိုင်ငံ အတွင်း ဒုံးခွင်းဒုံးတပ်စုများချထားရန် လက်နက်ကိုင်တပ်ဖွဲ့ဝင်၂၄ဝခန့် ရောက် ရှိသည့်နေရာ၌ ပြည်သူများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ယင်းနေတိုးဒုံးခွင်းဒုံးတပ်ခွဲစုများကို ထက-မကျောငးရဲ တက်၊ ခါရာမန်မာရတ်စ်နှင့် အဒန်နာမြို့ များတွင် ဖြန့်ကြက်ချထားလျက်ရှိသည်။ ဆန့်ကျင်ဆန္ဒပြသူများသည် ယင်းတို့၏ ဧရိယာအတွင်း လောလောဆယ် နိုင်ငံခြားတပ်ဖွဲ့ဝင်များကို ဆန့်ကျင်သည့် ဆောင်ပုဒ်များနှင့် အမေရိကန်၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံတို့အား မနှစ်သက်မှုကို ပြင်းထန်သော အော်ဟစ်သံများဖြင့်ြေ<ွကးကြော်ခဲ့ကြသည်။ အမေရိကန်နှင့် ဂျာမနီသည် ဒုံးခွင်းဒုံးတပ်စုနှစ်စုနှင့် တပ်ဖွဲ့ဝင်ပေါင်း ၄ဝဝ ကို ဖြန့်ကြက်ရန် စီစဉ်ထားပြီး နယ်သာလန်ကလည်း တပ်ဖွဲ့ဝင်ပေါင်း ၃၆ဝ နှင့် အခြားတပ်စု နှစ်စုကိုလည်း ဖြန့်ကြက်ချသွားမည်ဟု ဆိုသည်။ (ပရက်စတီဗွီ)
** ပီကေကေ အား တိုက်ခိုက်မှုကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူရကီဝန်ကြီးချုပ် ပြောကြား**
ပီကေကေ အကြမ်းဖက်အဖွဲ့ အစည်းအနေဖြင့် ယင်းတို့၏ အကြမ်းဖက် တိုက်ခိုက်မှု၊ လက်နက်ချမှုနှင့် ပြည်ပသို့ ရုပ်သိမ်းမှုတို့ကို အဆုံးသတ်ပေးရမည် ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်လျှင် မိမိတို့ အနေဖြင့် အဆိုပါလုပ်ငန်းစဉ်များ အတွက် အကောင်းဆုံးထောက်ပံ့မှုပေး မည်ဖြစ်ကြောင်း နိုင်ငံတောင်ပိုင်း ဂါဇီယန် တက်ပြည်နယ်တွင် ဝန်ကြီးချုပ် အာရ်ဒိုဂန် က ဇန်နဝါရီ ၂ဝ ရက်၌ ပြောကြားခဲ့ခြင်းဖြစ် သည်။ ပီကေကေ တိုက်ခိုက်ရေးသမားများ နိုင်ငံအတွင်းမှ ဆုတ်ခွာမည်ဆိုလျှင် တူရကီတပ်မတော်က တိုက်ခိုက်မှုများ လုပ်ဆောင်မည် မဟုတ်ကြောင်းလည်း တူရကီအစိုးရက မည်သည့်ခွဲထွက ရေးလှုပ်ရှားမှုမျိုးကိုမဆို နိုင်ငံအတွင်း လုပ်ဆောင်ရန် ခွင့်ပြုမည်မဟုတ်ကြောင်း အာရ်ဒိုဂန်က ဆက်လက်ပြောကြားသည်။ ပီကေကေ တိုက်ခိုက်ရေးသမားများ ကာဒစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုထူထောင်ရန်အတွက် တိုက်ခိုက ခဲ့ခြင်းဖြစ်သည်။ အင်ကာရာနှင့်ပီကေကေ တို့သည် ငြိမ်းချမ်းရေးအစီအစဉ် တစ်ရပ ကို ရရှိထားခဲ့ပြီဖြစ်ကြောင်း ဇန်နဝါရီ ၉ ရက်က ထုတ်ပြန်ခဲ့သည်။ (ပရက်စတီဗွီ)
** ကိုလံဘီယာနိုင်ငံတွင်းရှိ ဖားစ်သူပုန်များ နှစ်လအကြာအပစ်အခတ်ရပ်စဲထားသည်ကို အဆုံးသတ်**
(ဟာဗားနား ဇန်နဝါရီ ၂၁)
ကိုလံဘီယာနိုင်ငံတွင်းရှိ ဖားစ်သူပုန်များ နှစ်လအကြာအပစ်အခတ်ရပ်စဲထားသည်ကို အဆုံးသတ်လိုက်ကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင ဇန်နဝါရီ ၂ဝ ရက်က ဖော်ပြသည်။ ကိုလံဘီယာသမ္မတ ဂျူယန်မန်နျူရယ်ဆန်တို့စ်က လုံခြုံ ရေးတပ်ဖွဲ့ဝင်များကို လက်နက်အသင့်ပြင်ထားရန် မိန့်ကြား လိုက်ပြီးနောက် ဖားစ်သူပုန်တို့၏ ယခုကြေညာချက် ထွက်ပေါ် ခဲ့ခြင်းဖြစ်သည်။ ကျူးဘားနိုင်ငံအတွင်း ငြိမ်းချမ်းရေးဆွေးနွေးစဉ် ဖားစ်သူပုန်များသည် အတိုက်အခိုက်ရပ်စဲရေးကို ကြေညာ ခဲ့သည်။ သူပုန်များက လက်နက်ဆက်လက်ကိုင်စွဲခွင့်ကို အစိုးရဘက်က ကန့်ကွက်ငြင်းဆန်ခဲ့သည်။ ကိုလံဘီယာနိုင်ငံအတွင်း ဆယ်စုနှစ်ငါးခုအကြာ လက်နက် ကိုင်ပဋိပက္ခများ အဆုံးသတ်ရေးအတွက် နှစ်ဖက်အုပ်စုတို့က ကျူးဘားနိုင်ငံ ဟာဗားနားမြို့တွင် တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်။ အစိုးရနှင့် ဖားစ်သူပုန်တို့၏ စစ်ပွဲများအတွင်း သေဆုံးသူ ၆ဝဝဝဝဝ ခန့်ရှိသည်။ '' ကျွန်တော်စိတ်ဒုက္ခဖြစ်ရပါတယ်။ ဘယ်သူမှမလိုလားတဲ့ စစ်ပွဲများဆီ ပြန်လည်ဦးတည်သွားပြီဖြစ်ပါတယ်'' ဟု ဖားစ် သူပုန်ခေါင်းဆောင်၏ကိုယ်စားလှယ် အိုင်ဗင်မာကွတ်ဇ်က ကိုလံဘီယာအစိုးရဘက် ကိုယ်စားလှယ်အဖွဲ့နှင့်မတွေ့ဆုံမီ သတင်းထောက်များအား ပြောကြားခဲ့သည်။ (ဘီဘီစီ)
**ပြဒါးကြောင့် ပတ်ဝန်းကျင်ညစ် ညမ်းမှုများကို ဟန့်တားရန်င် နိုင်ငံပေါင်း ၁၄ဝ ကျော် သဘောတူ**
(ဂျီနီဗာ ဇနနဝါရီ ၂၁)
ပြဒါးကြောင့် ပတ်ဝန်းကျင်ညစ် ညမ်းမှုများကို ဟန့်တားရန် ဥပဒေအရ တရားဝင်တားဆီးမှုကို ကုလသမဂ္ဂ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံပေါင်း ၁၄ဝ ကျော် သဘောတူညီခဲ့ကြသည်။ ဂျီနီဗာတွင် နိုင်ငံကိုယ်စားပြု ကိုယ် စားလှယ်များက သဘာဝပတ်ဝန်းကျင် ၌ အဆိုပါပြဒါးခေါ် မာကျူရီပမာဏ လျှော့ချခြင်းဖြင့် အဆိပ်ပါဝင်မှု မြင့်မား သောသတ္တုများ အသုံးပြုခြင်းကို ထိန်း ချုပ်နိုင်မည့် စီမံချက်ကို သဘောတူဆွေး နွေးခဲ့သည်။ အဆိုပါပြဒါးခေါ် မာကျူရီသည် အာရုံကြောဆိုင်ရာ ဖွဲ့စည်းမှုစနစ် ပျက် စီးစေပြီး လူသားတို့၏ ကျန်းမာရေး အကျိုးဆက်ချို့ယွင်းမှုဖြစ်စေသည်။မကြာ သေးမီက ကုလသမဂ္ဂက မာကျူရီ ထုတ်လွှတ်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မြင့်မားနေသည်ဟူသောအချက်ကို ထုတ် ပြန်ခဲ့သည်။ ယခုဥပဒေအရ ပြဒါး ထုတ်လွှတ်မှုအပေါ် စည်းမျဉ်းကန့်သတ် ချက်ကို တစ်ညလုံးဆွေးနွေးညှိနှိုင်းခဲ့ရ ပြီးနောက် နိုင်ငံ ၁၄ဝကျော်က သဘော တူညီခဲ့ကြခြင်းဖြစ်သည်။ ''ကျန်းမာရေးအတွက် ဘေးအန္တ ရာယ်ရှိတဲ့ သတ္တုတွင်းကို ကမ္ဘာမြေမှ ဖယ်ရှားတဲ့လုပ်ငန်းအစပျိုးလိုက်တဲ့ ယခု စာချုပ်ကို ဇန်နဝါရီ ၁၉ ရက် နံနက်ခင်း မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြ တာပါ'' ဟု ကုလသမဂ္ဂပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ်အဖွဲ့မှ ပြော ရေးဆိုခွင့်ရှိသူ နစ်နျူတောက ပြောကြား ခဲ့သည်။ (ဘီဘီစီ)
** အမေရိကန် ယူအက်စအက်စဂါဒီးယန်းသင်္ဘောကြောင့်ပင်လယ်သန္တာကျောက်တန်းများ
ထိခိုက် ပျက်စီးရမှုအတွက် အမေရိကန်ရေတပ် တပ်မှူးထုတ်ဖော်ပြောကြား**
(မနီလာ ဇန်နဝါရီ ၂၁)
ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်းကမ်းလွန်တွင် သောင်တင်ခဲ့သော အမေရိကန် ယူအက်စအက်စဂါဒီးယန်းသင်္ဘောကြောင့ ပင်လယ်သန္တာကျောက်တန်းများ ထိခိုက် ပျက်စီးရမှုအတွက် လွန်စွာစိတ်မကောငးဖြစရကြောငး အမေရိကန်ရေတပ် တပ်မှူး တစ်ဦးဖြစသူ စကော့ဆွစ်က ဇနနဝါရီ ၂၁ ရက၌ ထုတဖောပြောကြားသည။ အဆိုပါသင်္ဘောသည် ဖိလစ်ပိုင် နိုင်ငံ အနောက်ပိုင်း ဆူလူပင်လယ်ပြင်ရှိ တူဘာတာဟာ ကျောက်တန်းပေါ်တွင် သောင်တင်ခဲ့ခြင်းဖြစ်သည်။ ပင်လယ် ပြင် သဘာဝအရင်းအမြစ်နှင့် သယံ ဇာတများ မတော်တဆဖြစ်ရပ်ကြောင့် အမေရိကန်ရေတပ်၏ အမှတ် (၇)ရေတပ် ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ ဖိလစ်ပိုင်နိုင်ငံ၏ အရေးကြီးသည့် တူဘာတာဟာ သဘာဝသန္တာကျောက် တန်းဥယျာဉ်သည် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်နေရာတစ်ခုလည်းဖြစ်သည်။ ပင်လယ်ပြင်ရှိ သဘာဝသန္တာကျောက် တန်းများကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်မှုမှာ မိမိတို့တွင်လည်း တာဝန်ရှိကြောင်း ဖော်ပြထားသည်။ အဆိုပါယူအက်စ်အက်စ် ဂါဒီးယန်း သင်္ဘောသည် ဆူလူပင်လယ်ပြင်ကို ဖြတ်ကာ အင်ဒိုနီးရှားနိုင်ငံသို့ ရေကြောင်း အတိုင်းမောင်းနှင်လာစဉ် တူဘာတာဟာ ကျောက်တန်း၌ ဇန်နဝါရီ ၁၇ ရက်က သောင်တင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းသင်္ဘောသောင်တင်မှုမည်သို့ ဖြစ်ပွားရသည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ (ဆင်ဟွာ)
တင်မောင်လွင်-စုစည်းသ ည်။
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:
Post a Comment