**အစ္စတန်ဘူလ်မြို့ရှိ တက္ကသိုလ်တစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား**
(အစ္စတန်ဘူ ဇန်နဝါရီ ၂၃)
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့လယ်ရှိ ဂါလာတာဆာရေးတက္ကသိုလ်၌ ဇန်နဝါရီ ၂၂ရက်က မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားကြောင်း မျက်မြင်တွေ့ရှိသူ များ၏ ပြောကြားချက်အရ ဇန်နဝါရီ ၂၃ရက် ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ ဒေသစံတော်ချိန် ည ၇နာရီခွဲခန့်က အစ္စတန်ဘူလ်မြို့လယ် ဘီဆစ်တပစ် ရပ်ကွက်ရှိ အဆိုပါတက္ကသိုလ် အဆောက်အအုံ တတိယထပ်မှ စတင်လောင်ကျွမ်း ကြောင်း၊ ယင်းအထပ်တွင် ပါမောက္ခရုံးခန်းများရှိကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။ မီးလောင်ရခြင်းမှာ လျှပ်စစ်ပိုင်းဆိုင်ရာပြဿနာကြောင့်ဖြစ်ကြောင်း၊ မီးလောင်ချိန်တွင် လေပြင်းတိုက်နေ၍ အခြားသုံးထပ်ကိုပါ မီးကူးစက် လောင်ကျွမ်းရာ ခေါင်မိုးထိလောင်ကျွမ်းကြောင်း၊ သစ်သားဖြင့်ဆောက်လုပ်သော ရှေးဟောင်းအဆောက်အအုံဖြစ်ကြောင်း၊ ၁၈၇၁ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ် ကြောင်း သတင်းတွင်ပါရှိသည်။ ယင်းတက္ကသိုလ်သည် ၁၉၉၂ခုနှစ်က ပြင်သစ်နှင့် သဘောတူညီချက်အရ ထူထောင်ခဲ့ခြင်းဖြစ်ပြီး တူရကီနိုင်ငံတွင် ပြင်သစ်ဘာသာဖြင့် သင်ကြားပေးသည့် တစ်ခုတည်းသောတက္ကသိုလ်ဖြစ်သည်။ (ဆင်ဟွာ)
**ဖူကူရှီးမားနျူစက်ရုံအနီးမှငါးတစ်ကောင်တွင် ရေဒီယိုသတ္တြွိကွမှု ဆိုးရွားနေ**
(တိုကျို ဇန်နဝါရီ ၂၃)
ဂျပန်နိုင်ငံရှိ အဏုမြူဘေးအန္တရာယ်ကျရောက်ခဲ့သော ဖူကူရှီးမားနျူကလီးယား စက်ရုံအနီးမှ ဖမ်းဆီးရမိခဲ့သော ငါးတစ်ကောင်တွင် ရေဒီယိုသတ္တြွိကွမှု ဆိုးဆိုးရွားရွားရှိနေကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဇန်နဝါရီ ၂၃ရက်တွင် သတင်းထုတ်ပြန်သည်။ တိုကျို လျှပ်စစ်ဓာတ်အားကုမ္ပဏီ သည် ငါးများကို ပိုက်ဖြင့် ဖမ်းဆီး၍ လေ့လာခဲ့ရာတွင် ငါးတစ်ကောင်၌ ပြည်သူများစားသုံးနိုင်ရန် ခွင့်ပြုပေး နိုင်သည့် ရေဒီယိုသတ္တြွိကွမှု အဆင့် သတ်မှတ်ချက်ထက်အဆပေါင်း၂၅ဝဝ ကျော် မြင့်တက်နေသည်ကို တွေ့ရှိရ သည်။ ပင်လယ်ထွက် အစားအစာများ၏ ရေဒီယိုသတ္တိမှုအဆင့်သတ်မှတ် ချက်မှာ အလေးချိန်တစ်ကီလိုလျှင် ၁ဝဝ ဘက်ကွာရဲဖြစ်ပြီး ယင်းအဆင့် အထိ ရေဒီယိုသတ္တြွိကွမှု ရှိသော ပင်လယ်စာများကို ပြည်သူများစားသုံး ရန် အစိုးရက ခွင့်ပြုပေးသည်။ သို့ရာတွင် ယခုဖမ်းဆီးရမိသော ငါးတွင် ရေဒီယိုသတ္တြွိကွမှု ၂၅၄ဝဝဝ ဘက်ကွာရဲအထိ ရောက်ရှိနေသည်ဟု တိုကျိုလျှပ်စစ်ဓာတ်အားကုမ္ပဏီက အတည်ပြုသည်။ အခြားသောငါးမျိုးများတွင်လည်း ရေဒီယိုသတ္တြွိကွမှု ဖြစ် ပေါ်နိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားကြ သည်။ တိုကျိုလျှပ်စစ်ဓာတ်အား ကုမ္ပဏီသည် ဖူကူရှီးမားနျူကလီးယား ဓာတ်အားပေးစက်ရုံမှ ကီလိုမီတာ ၂ဝ အဝန်းအဝိုင်းအတွင်းရှိ ပင်လယ်ရေ တွင် ရေဒီယိုသတ္တြိ<ွကမှု အခြေအနေ ကို သိရှိနိုင်ရန် ငါးဖမ်းပိုက်သစ်များ တပ်ဆင်လျက်ရှိသည်။ (ရိုက်တာ)
**ဘဟားမားဆိပ်ကမ်းအနီး ရေနံယိုဖိတ်မှုဖြစ်ပွား**
(နက်ဆော-ဘဟားမား- ဇန်နဝါရီ ၂၃)
လောင်စာ ပြန်လည်ဖြည့်နေစဉ် မတော်တဆမှုတစ်ရပ်ကြောင့်ပင်လယ် အတွင်းသို့ ဒီဇယ်ဆီဂါလန် ၂ဝဝကျော် (၇၅၇ လီတာ) ယိုဖိတ်မှုဖြစ်ပွားခဲ့ ကြောင်း ဘဟားမားနိုင်ငံအာဏာပိုင် များက ဇန်နဝါရီ ၂၃ရက်တွင် ပြော ကြားကြသည်။ ဘဟားမားနိုင်ငံ၏ အဓိကပင်လယ် ဆိပ်ကမ်းဖြစ်သော ဂရန်ဘဟားမား ဆိပ်ကမ်းအနီးတွင် ဒီဇယ်ဆီဂါလန် ၁ဝဝဝ ခန့် (၃၇၈၅လီတာ)ယိုဖိတ်ခဲ့ သည်ဟု အစောပိုင်းတွင် ခန့်မှန်းခဲ့ သည်။ သို့ရာတွင် ဒီဇယ်ဆီဂါလန် ၂ဝဝကျော်သာ ယိုဖိတ်ခဲ့ကြောင်း အစိုးရအဖွဲ့က အတည်ပြုပြောကြားခဲ့ သည်။ ဇန်နဝါရီ ၂ဝ ရက် အရုဏ်တက် ချိန်တွင် ရေနံတင်သင်္ဘောတစ်စင်းက ကုန်တင်ရေယာဉ်တစ်စင်းကို လောင် စာဆီ ဖြည့်ပေးနေချိန်အတွင်း ဒီဇယ်ဆီဂါလန် ၂၁ဝခန့်ပန်းထွက်ခဲ့ပြီး ရေနံယိုဖိတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်း ကဲ့သို့ ရေနံယိုဖိတ်မှုကို နာရီဝက်ခန့် မသိရှိခဲ့ကြကြောင်း ဘဟားမား သယ်ယူ ပို့ဆောင်ရေးဝန်ကြီး ဂလန်း ဟန်နာမာတင်က သတင်းထောက်များ အား ပြောကြားသည်။ ရေနံယိုဖိတ်မှု ကို ရှင်းလင်းသုတ်သင်နိုင်ရန် ဆောင် ရွက်လျက်ရှိသည်။ (ရိုက်တာ)
**မောင်းသူမဲ့လေယာဉ် အမေရိကန် ဆက်လက်အသုံးပြုမည်**
(ဝါရှင်တန် ဇန်နဝါရီ ၂၃)
မောင်းသူမဲ့လေယာဉ်များသည် အမေရိကန်၏ ကာကွယ်ရေး ဆိုင်ရာလက်နက် ကိရိယာများ ဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက် ရေးလုပ်ငန်းတွင် လက်နက်တပ် ဆင်ထားသော မောင်းသူမဲ့ လေ ယာဉ်များကိုရော၊ လက်နက် တပ်ဆင်ထားခြင်း မရှိသည့် မောင်းသူမဲ့ လေယာဉ်များကိုပါ ဆက်လက်အသုံးပြုသွားမည်ဖြစ် ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီး လီယွန်ပါနက်တာက ပြော ကြားသည်။ အမေရိကန်သမ္မတ ဘာရက် အိုဘားမားသည် ဒုတိယမြောက် ရာထူး သက်တမ်းအတွက် ကျမ်း သစ္စာကျိန်ဆိုအပြီး မကြာမတင် တွင် ပါနက်တာက အေဘီစီရုပ်မြင် သံကြားဌာန၏ လူတွေ့မေးမြန်းခန်း တစ်ရပ်တွင် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။( ရိုက်တာ)
မောင် ချစ်ကြည်-စုစည်းသ ည်။
--ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:
Post a Comment