** လိဂ်ဖလားဗိုလ်လု ပွဲ ဘရက်ဖို့ဒ်တက်ရောက်**
ဘရက်ဖို့ဒ်အသင်းသည် ပရီမီယာလိဂ်ကလပ်အက်စ်တွန်ဗီလာအသင်းကို နှစကျောပေါင်းလေးဂိုး -သုးံ ဂိုး ဖြင်နိုငြ် ပီး နှစ် ၅ဝ ကျောအတွင်း လိဂ်ဖလားဗိုလ်လု ပွဲ သို့ တက်ရောက်သွားပြီဖြစ်သည်။ ဒုတိယအကျော့တွင် အက်စ်တွန်ဗီလာ အသင်းက ဘရက်ဖို့ဒ်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်သည်။ သို့သော်လည်း ပထမ အကျော့တွင် သုံးဂိုး-တစ်ဂိုးဖြင့် ဘရက်ဖို့ဒ်က အက်စ်တွန်ဗီလာကို အနိုင်ရရှိထား ခဲ့သည်။ ဒုတိယ တန်းကလပ် ဘရက်ဖို့ဒ်အသင်းသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ဆွမ်ဆီး သို့မဟုတ် ချယ်လ်ဆီးနှင့် ဗိုလ်လုပွဲကစားရမည်ဖြစ်သည်။
** ဇာဟာအား မန်ယူကခေါ်ယူစာချုပ်ရန်စီစဉ်**
အင်္ဂလန်တောင်ပံကစားသမား ဝီလ်ဖရိုင်းဇာဟာအား မန်ယူကခေါ်ယူ စာချုပ်ရန် မန်ယူနှင့် ခရစ္စတယ်ပဲလေ့စ်တို့ နောက် ၂၄ နာရီအတွင်း ထပ်မံ ဆွေးနွေးကြမည်ဖြစ်သည်။ အသက် ၂ဝ ရှိ ဇာဟာအား မန်ယူက ပေါင် ၁၂ သန်း ဖြင့် စာချုပ်ရန် ကမ်းလှမ်း ထားသည်။ ရာသီကုန်အထိ မန်ယူက အငှားခေါ်ယူရန်လည်း စီစဉ်လျက်ရှိသည်။
** ဆီရီနာဝီလျံ သြစတြေးလျအိုးပင်းတင်းနစ် ကွာတားဖိုင်နယ်အဆင့်မှထွက် ခဲ့ရ**
သြစတြေးလျအိုးပင်းတင်းနစ် ဗိုလ်စွဲရန်ရေပန်းစားနေသော ဆီရီနာဝီလျံ သည် တစ်နိုင်ငံတည်းသူ စတီဗင်အားရှုံးနိမ့်ပြီး ကွာတားဖိုင်နယ်အဆင့်မှထွက် ခဲ့ရပြီဖြစ်သည်။ ဂရင်းဆလမ် ၁၅ လုံး ချန်ပီယံ ဆီရီနာဝီလျံသည် ပြိုင်ပွဲတွင် ကျော ကုန်း ဒဏ်ရာပြင်းထန်စွာရပြီး ဆက်လက်ကစားနိုငြ် ခင်းမရှဘဲ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
**ဘောလုံးလောက သတင်းတိုများ**
+ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းက လီဗာပူးမှ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး ဆွာရက်ဇ်ကို ဟြေင်းရွှေ့ကြေး ပေါင်သန်း ၄ဝ ပေး၍ ခေါ်ယူရန် ကြိုးစားနေပြီဖြစ်သည်။
+စတုတ်အသင်းမှ အသက် ၂၅ နှစအရွယ်ရှိ ဂိုး သမား ဘီရဗစ်အား မန်စီး တီး အသင်းနှင့် မန်ယူအသင်းတို့က ခေါ်ယူနိုင်ရေး အပြို ငြ် ကိုးစားလျက်ရသည်။
+ရှော်လကေးအသင်းမှ အသက် ၂၂ နှစ်အရွယ် ဟိုလ်ဘအား စပါးအသင်း က ခေါ်ယူစာချုပ်နိုင်ရေး ဆွေးနွေးလျက်ရှိသည်။
+လာဇီယိုမှ တိုက်စစ်မှူး ဇာရာတီအား ဆန်းဒါးလန်းက စာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးစားနေကြောင်း၊ လာဇီယိုတွင် ပုံမှန်ပွဲထွက်ခွင့်ရရှိရေး ရုန်းကန်နေရ သဖြင့် အသင်းပြောင်းရွှေ့ရန် ဇာရာတီကလည်း ကြိုးစားနေကြောင်း မီဒီယာများက ဖော်ပြသည်။
+ဝီဂန်အသင်းမန်နေဂျာ ရောဘတ်တိုမာတီနက်ဇ်က ဆဲလ်တစ်တောင်ပံကစား သမား မက်ဂါဒီအား အငှားစာချုပြ် ဖင့် ခေါ်ယူနို်င်ရေး ဆွေးနွေးလျကရသည်။
+ချယ်လ်ဆီးအသင်းသည် ဘယ်လ်ဂျီယံဂိုးသမား ကာတိုအစ်အား ရှေရှည် စာချုပ်ချုပ်ဆိုခေါ်ယူနိုင်ရေးအတွက် ဘာစီလိုနာအသင်းနှင့် ဆွေးနွေးညှိ နှိုင်း လျက်ရိသည်။ ၄င်းသည် ဘာစီလိုနာမှ ရီးရဲမက်ဒရစ်သို့ အငှားချထား သော ကစားသမားဖြစ်သည်။
+ချယ်လ်ဆီး အသင်းနိုင်ပွင်္များ ရရှိနေသဖြင့် အသင်းပိုင်ရင် အေဗရာမိုဗစ်က နည်းပြ ဘင်နီတက်ဇ်အား သက်တမ်းတိုးရန် စဉ်းစားလျက်ရှိကြောင်း မီဒီယာများက ဖော်ပြသည်။
+ဘရာဇီးတိုက်စစ်မှူး အသက် ၃၂ နှစ်အရွယ်ရှိ ရော်နယ်ဒင်ဟိုအား ဖေဖော်ဝါရီ ၆ ရက်တွင် ဝင်ဘလေကွင်း၌ အင်္ဂလန်အသင်းနှင့် ချစ်ကြည် ရေးခြေစမ်းပွဲ၌ ကစားရန် ဘရာဇီးကစားသမားများစာရင်းတွင် ထည့်သွင်း ထားသည်။
+စပါးအသင်းသည် ချန်ပီယံလိဂ်အတွက် ခြေစစ်ပွဲမအောင်မြင်ခဲ့သဖြင့် ၂ဝ၁၁-၂ဝ၁၂ ဘောလံုး ရာသီ၌ ပေါင် ၄ ဒသမ ၃ သန်း အရှုးံ ပေါ်ခဲ့ကြောင်း စပါးကလပ်မှ သတင်းထုတ်ပြန်သည်။
+ရီးရဲမက်ဒရစ်အသင်းတွင် စာချုပသက်တမ်းကုန်လျှင် ထွက်ခွာမည်ဟု စီရို နယ်ဒိုက ထုတ်ဖော်ပြောကြားသည်။
နိုင်လင်းကြည်-စုစည်းသ ည်။
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:
Post a Comment