ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, January 25, 2013

> -လူထုကျန်းမာရေး ( ခွေးချစ်တတ်ပါစေ)-
**Public Health**

 မြန်မာလူမျိုးတို့သည် သနားကြင်နာစိတ် ရှိကြသလို အိမ်မွေးခွေးလေးများကိုလည်း ချစ်စနိုးအနေဖြင့်လည်းကောင်း၊ ခြံစောင့် အဖော်အနေဖြင့်လည်းကောင်း မွေးမြူကြပါသည်။ ဂရုတစိုက်အစာကျွေးမွေးကြ သလို၊ နေမကောင်း လျှင်လည်း ဆေးဝါး ကုသပေးကြပါသည်။ အကြင်နာတရားချမ်းသာသော လူမျိုးများဟုသာ ဆိုချင်မိပါသည်။ သို့သော်လည်း တခါတရံ မရှောင်လွှဲသာသော အခြေအနေတစ်ရပ်ကို ရင်ဆိုင်တွေ့ကြုံရသည့်အခါ ချစ်ခြင်းထက် ကြောက်ခြင်းက ပိုမိုသဖြင့် ထိုခွေးကလေးကို သတ်မိန့်ပေးလိုက်ရပါသည်။ ရင်ထဲက ခံစားမှုကို သူတို့၏မျက်နှာမှာ မြင်တွေ့ရပါသည်။ သခင်ကိုတောင်မမှတ်မိတော့ဘူးဆရာမရယ်၊ မြင်သမျှလိုက်ကိုက်ချင်နေတယ်၊ အလုပ်ကလည်းများတော့ ကာကွယ်ဆေးထိုးဖို့ဘက်ကို မလှည့်နိုင်ခဲ့တာ ကျွန်မတို့အပြစ်ပါပဲ ဟုဆိုလာသူတို့ကို မကြာမကြာ ကြုံတွေ့ရပါသည်။ ဘယ်တော့မှ မကြုံချင်သော အခြေအနေမျိုး ဖြစ်ပါသည်။ တိ-ကု ဆရာဝန်သည် တိရိစ္ဆာန်၏အသက်ကိုသာ ကယ်တင်လိုပါသည်။ မလိုအပ်ပဲ အသက်တစ်ချောင်း မဆုံးရှုံးစေလိုပါ။ လူ့အသက်အန္တရာယ်ကို ထိခိုက်တော့မည်ဆိုပါက လက်နှေးနေ၍ ရတော့မည်မဟုတ်ပါ။ ထို့ကြောင့်လည်း ချစ်စနိုးအိမ်မွေးခွေးလေးသည် နေ့မကူးခင် လေလွင့်ခွေးတို့၏ ဘ၀နိဂုံးအတိုင်း အဆုံးသတ်သွားရရှာတော့သည်။ ခွေးသည် သစ္စာအလွန်ရှိသော သတ္တ၀ါဖြစ်၍ ခွေးမမွေးပါနှင့်ဟု မဆိုချင်ပါ။ ကာကွယ်ဆေးမှန်မှန် ထိုးပေးခြင်းဖြင့် မိမိအိမ်သားများက နံပါတ်တစ်၊ ရပ်ကွက်သားများက နံပါတ်နှစ်အနေဖြင့် အန္တရာယ်ရှိသော ခွေးရူးရောဂါဆိုးကို ကာကွယ်ထားနိုင်ပေမည်။ ခွေး အသက် (၃) လကျော်လျှင် ကာကွယ်ဆေး စ ထိုးပေးပါ။ တစ်နှစ်တစ်ကြိမ် မှန်မှန် ထိုးပေးခြင်းဖြင့် ကြောက်စရာ ခွေးရူးရောဂါဆိုးကို ကာကွယ်ပေးနိုင်ပါသည်။ တတ်နိုင်သမျှ ခွေးလေခွေးလွင့်များနှင့်ရောနှောဆက်ဆံခြင်းကို ရှောင်ပါ။ ၄င်းအချက်များကို လိုက်နာပါက ခွေးလေးကို မိမိအိမ်သားများ စိတ်ချစွာ ချစ်ခင်ယုယနိုင်ပါမည်။ ရန်ကုန်မြို့တော်ကြီးသည် ကျယ်ဝန်းပြီး မြို့နယ်များ တစ်ဆက်တည်းရှိနေခြင်းဖြင့် တစ်မြို့နယ် မှခွေးရူးသည်နောက်တစ်မြို့နယ်ကို အလွယ်တကူ ၀င်ရောက်ကူးစက်စေကာ ရောဂါကို ဖြန့်ပေးရန် အခွင့်အရေးပိုပါသည်။ စည်းမဲ့ကမ်းမဲ့ ပျော်ပါးနေထိုင်ကြသော ပိုင်ရှင်မဲ့ခွေးလေခွေးလွင့်တို့သည် ထိုရောဂါကို သယ်ဆောင်ဖြန့်ဝေပေးနေသော အဓိကတရားခံများဖြစ်ကြပါသည်။ သခင်မရှိ၍ ငွေကုန်ခံပြီး ကာကွယ်ဆေးထိုးပေးမည့်သူမရှိခြင်း၊ အချုပ်အနှောင်မရှိခြင်းတို့ကြောင့် ပို၍ပြန့်နှံ့ဖြစ်ပွားလွယ် ရခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ မြို့တော်ကြီးမှာ ခွေးရူးကိုက်ခံရ၍ သေဆုံးသူများရှိနေသေးသည်။ ရခဲလှသော လူ့ဘ၀ကို ခွေးသတ္တ၀ါကကိုက်လိုက်၍ စွန့်လွှတ်ရမည်ဆိုလျှင် မသင့်တော်ပါ။ မုချသေရမည့် AIDS ရောဂါသည် သည်ဝေဒနာကို တရားရှုမှတ်၍ သေနိုင်သေးသည်။ မုချသေရမည့်ခွေးရူးရောဂါဝေဒနာရှင်သည် တရားရှုမှတ်ဖို့ဝေးစွ ချစ်လှခင်လှပါသည်ဆိုသူများ မည်သူမျှမကိုင်မတွယ်အနားမကပ်နိုင်ပဲ အခြေအနေဆိုးဝါးစွား လူ့ဘ၀ကို စွန့်ခွာရမည့် ရောဂါဖြစ်ပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ ဌာနမှူး၏ စီမံခန့်ခွဲမှုဖြင့်အောက်ခြေ၀န်ထမ်းများက ခွေးလေခွေးလွင့်များကို ကြိုးစား၍ ရှင်းလင်းနေသော် လည်း ခွေးများပေါက်ဖွားနှုန်းမြန်ဆန်ခြင်း၊ အမဲတုံးကို ယဉ်ပါးပြီးမစားကြခြင်း၊ ဒေသခံပြည်သူများက ကာကွယ်ဆေးထိုးမထားသော ပိုင်ရှင်မဲ့ခွေးတို့ကို အကာအကွယ်ပေးကြခြင်းဖြင့် ခွေးလေခွေးလွင့် သုတ်သင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်အောင်မြင်မှုမရသေးပါ။ ငါ့ခွေးက ငါ့ခြံထဲမှာနေတာ ဘယ်ကမှရောဂါကူးစရာမရှိဘူး၊ ငါလဲမအားဘူး ဆေးမထိုးလိုပါ ဟု အမြင်မမှားကြစေချင်ပါ။ မိမိ၏ သားသမီးကိုပင် (၂၄)နာရီစောင့်မကြည့်နိုင်ပါ။ မိမိချစ်သောခွေးလေး ခြံစည်းရိုးမှခေါင်းပြူပြီး ပြင်ပခွေးနှင့် ထိတွေ့နမ်းရှုံ့မိ ကိုက်မိရာမှ ခွေးရူးရောဂါပိုး ကူးစက်နေမှန်းမသိလိုက်ပဲ မိမိနှင့် တစ်အိမ်သားလုံး နောင်တရောဂါရကြရမည့်အခြေအနေမျိုး မရောက်စေလိုပါ။ မိမိ၏ ခြံစောင့်လုပ်သားလေးအတွက် တစ်နှစ်တစ်ကြိမ် ငွေကုန်ခံစေချင်ပါသည်။ ဂရုစိုက်စေချင်ပါသည်။ မိမိ၏ခွေးမှန်လျှင် တရားဝင်မှတ်ပုံတင်မွေးမြူပြီး နှစ်စဉ်ကာကွယ်ဆေး ထိုးပေးပါက ရေရှည် စိတ်ချမ်းသာရပါမည်။ ခွေးရူးရောဂါသည် ခန္ဓာကိုယ်၏ အာရုံကြောအဖွဲ့ကို အဓိကထိခိုက်စေသော ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သဖြင့် ရူးတော့မည့်ခွေးသည် နာဗ်အာရုံကြောများထိခိုက်ခံရ၍ စားဖို့ခက်၊ မျိုဖို့ခက်ခြင်းကြောင့် အစာရေ စာကောင်းစွာမ၀င်တော့ခြင်းဖြစ်ပါသည်။
ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြမီ နှစ်ရက်သုံးရက်ခန့်မှစ၍ ခွေး၏တံတွေးသွားရည် တို့တွင် ခွေးရူးရောဂါ ပိုးကို စတင်ထုတ်လွှတ်နေပြီဖြစ်ပါသည်။ ထို့ကြောင့် သိသာစွာ လက္ခဏာပြလာပြီဆိုသောအခါ လက္ခဏာမပြမီက ထိတွေ့မိ၊ ကိုင်ခဲ့မိသော သတ္တ၀ါတိုင်းအတွက် အန္တရာယ်ရှိနေပြီကို သိသင့်ပါသည်။ ဤရောဂါပိုးသည် သွေးနွေးသတ္တ၀ါအားလုံးကို ကူးစက်နိုင်ပါသည်။ အသားစားသတ္တ၀ါတို့ တစ်ကောင်နှင့် တစ်ကောင် ကိုက်ကြခြင်းကြောင့် ပို၍ကူးလွယ်ပြီး ပို၍ အဖြစ်များပါသည်။ ခွေး၊ နွား၊ ကြောင်တို့ကို ကိုက်မိပါကလဲ ကူးစက်ဖြစ်ပွားလွယ်ပါသည်။ တောင်အမေရိကတိုက်တွင် သွေးစုပ်လင်းနို့တို့က ဗိုင်းရပ်စ်ပိုးကိုသယ်ဆောင်ပြီး ရောဂါကိုပြန့်နှံ့စေပါသည်။ အချို့နိုင်ငံတို့တွင် အင်းဆက်စားလင်းနို့များတွင် ဗိုင်းရပ်စ်တွယ်ကပ်ပြီး လူနှင့် အခြားတိရစ္ဆာန်တို့ကို ကူးစက်ခဲ့ဖူးသည်ဟုလည်း သိရပါသည်။ ခွေးကိုက်ခံရပါက ပိုင်ရှင်ရှိခွေးဆိုလျှင် ခွေးရူးရောဂါကာကွယ်ဆေးထိုးထားမထားကို ပိုင်ရှင်ထံမှ ဆေးထိုးလက်မှတ်တောင်းကြည့်ပါ။ လေလွင့်ခွေးဆိုပါက ခွေးကိုသတ်လိုက်လျှင်
 စောင့်မကြည့်နိုင်တော့ပါ။ သုံးရက်မှ ခုနှစ်ရက်အတွင်း တစ်နေရာရာတွင် ပိတ်လှောင်ထားပြီးစောင့်ကြည့်ပါ။ ပိုမိုသေချာစေရန် ဆယ်ရက်အထိကြည့်ပါက ခွေးရူးရောဂါဖြင့် အလိုအလျောက်သေဆုံးသွားပါမည်။ ခွေးမရူးပါက ယင်းရက်အတွင်း အလိုလိုမသေနိုင်ပါ။ သွားလာရေးလွယ်ကူသောနေရာဖြစ်ပါက အကိုက်ခံရလျှင်ရခြင်း ခွေးကိုသတ်ပြီး ရောဂါရှာဖွေရေးဌာနသို့ ပေးပို့ခြင်းဖြင့် တိကျသေချာသော အဖြေကို အမြန်ဆုံးရပါမည်။ ဆေးခန်းတို့တွင်ရှိတတ်သော ခွေးရူးကာကွယ်ဆေးကို အကိုက်ခံရသူအားထိုးပေးထားပါက ပို၍စိတ်ချရ ပါသည်။ အသားလည်းနာ၊ ငွေလည်းကုန်၊ လူလည်းပင်ပန်း၊ စိတ်ဝေဒနာလဲရပြီး အဖက်ဖက်က မသက်သာလှပါ။ ပြင်ပဈေးကွက်မှ ဆေးဝယ်ထိုးသောမိန်းမကြီးတစ်ဦးမှာ ဆေးဖိုးကုန်ပြီး လူလည်းအသက်ဆုံးပါးသွားသည် ဟုသိရပါသည်။ ဆေးထိုးနောက်ကျ၍ဖြစ်နိုင်သလို မျက်နှာ၊ ခေါင်းတို့ကို ကိုက်ခံရခြင်း၊ ဒဏ်ရာများခြင်း၊ အကိုက်ခံရရခြင်း ဆေးကြောသုတ်သင်မှု မရှိခြင်းတို့ကြောင့်လဲ ဖြစ်နိုင်ပါသည်။ ခွေးကိုက်ခံရလျှင် အမြန်ဆုံး ရေများများသုံး၍ ဆေးကြာသုတ်သင်ပါ။ အနာကိုဖွင့်ထားပါ။ နီးရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားပါ။ မပေါ့ဆသင့်ပါ။ ခွေးကိုက်တိုင်း ခွေးရူးမဟုတ်ပါ။ ခွေးရူးကိုက်တိုင်းလဲ မသေပါ။ဆေးဦးနိုင်ပါသည်။ သို့သော် ခွေးရူးပြန်လက္ခဏာကို လူတွင်ပြပြီဆိုသောအခါ ကုသ၍ မရတော့ပါ။ မည်သူမျှ မကိုင်တွယ်ချင်ကြတော့ပဲ သေရပါမည်။ ခွေးတွင် ခွေးရူးလက္ခဏာပြပြီဆိုသောအခါ ပုံစံနှစ်မျိုးကို တွေ့ရတတ်ပါသည်။

(၁) Furious Form(ဒေါသဖြစ်သောပုံစံ)

 (၂) Paralytic Form(အကြောသေပုံစံ) တို့ဖြစ်ပါသည်။ 
ပထမပိုင်းတွင် အမူအကျင့်ပြောင်းပြီး အငြိမ်မနေဖြစ်လာပါသည်။ စိတ်လှုပ်ရှားဒေါသဖြစ်ပြီး တုန့်ပြန်မှုမြန်လာပါသည်။ အလင်းရောင်ကြောက်လာပါသည်။ စားနေကျမဟုတ်သည်တို့ကို ကိုက်ဝါးနေတတ်ပြီး ခြင်၊ ယင်ကိုပင် စိတ်တိုပြီး လိုက်ဟပ်နေတတ်ပါသည်။ အသံမူမမှန်ဖြစ်တတ်သည်။ နောက်ပိုင်း ထိုင်းမှိုင်းအကြောသေသွား တတ်ပါသည်။ အောက်မေးရိုးတွဲ၍ အစာမျိုခြင်း၊ ကိုက်ခဲခြင်းတို့ကို ထိရောက်စွာမဆောင်ရွက်နိုင်တော့ပါ။ ပြန်ကောင်းခြင်း မရှိသလောက်ဖြစ်ပြီး တစ်ပတ်ဆယ်ရက်အတွင်း သေဆုံးသွားတတ်ပါသည်။ ရေကြောက်ခြင်းမရှိ၊ မမျိုနိုင်ခြင်းသာဖြစ်ပါသည်။ လူတွင်ဖြစ်လျှင် ရေကြောက်ခြင်းလက္ခဏာကိုတွေ့ရပါသည်။ ကြောင်တွင်ဖြစ်ပါက အလွန်ယဉ်ပါးသည့်ကြောင်ပင် ရိုင်းလာပါသည်။ နွားတွင်ဖြစ်ပါက ခွာခုတ်ခြင်း၊ လန့်ပြေးခြင်း၊ ဝှေ့မည်ကဲ့သို့ပြုပြီး မူလအသံပါပြောင်းသွားတတ်ပါသည်။ မြင်းတွင်ဖြစ်ပါက လန့်နေတတ်သည်။ မိမိ၏ခွေးကို ကာကွယ်ဆေးထိုးမထားပါက ခွေးရူးဝင်ကိုက်သွားလျှင် အကောင်းဆုံးမှာ သတ်ပစ်ခြင်းဖြစ်ပြီး နီးစပ်ရာ တိရိစ္ဆာန်အားလုံးကိုလဲ ကာကွယ်ဆေးထိုးပေးသင့်ပါသည်။ မိမိချစ်သော၊ မိမိ၏ ခြံစောင့်လုပ်သားလေးလဲဖြစ်သော ခွေးလေးကို ကာကွယ်ဆေးထိုး၍ မွေးမြူခြင်းသည် မိမိအိမ်သားများနှင့် မိမိပတ်ဝန်းကျင်ကိုပါ အနှောက်အယှက်မဖြစ်ရအောင် ဆောင်ရွက်ခြင်းဖြစ်ပါသည်ဟု အသိတရားရှိကြလျှင် ခွေးလေးကို ချစ်ရကျိုးနပ်ပါမည်။ ကျန်းမာရေးအသိပြည့်ဝခြင်းဖြင့် လောကကို အလှဆင်နိုင်ကြပါစေ... ----- ဒေါက်တာသက်သက်နွယ် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဆောင်းကုန်ခါနီးလို့ နွေအကူးအပြောင်းမှာ ခွေးချစ်သူများ

 လေ့လာဆင်ခြင်နိုင်စေရန်အတွက် ၈၊ ၈၊ ၁၉၉၆ ခုနှစ် မြို့တော်သတင်းစဉ်၊ စာမျက်နှာ(၅)တွင် ပါဝင်သော ဒေါက်တာသက်သက်နွယ် ၏ဆောင်းပါးအားပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ ဆရာမရေးထားတာကတော့ ပညာရှင်ရှုထောင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ မဖြစ်သင့်တာမဖြစ်အောင်၊ မလိုအပ်ပဲ လူရောခွေးပါ မဆုံးရှုံးရလေအောင် စေတနာရှေ့ထားပြီး ရေးထားတာဖြစ်တယ်ဆိုတာကိုတော့ နားလည်ကြစေ ချင်ပါတယ်။ ကျွန်တော်တို့တစ်တွေအနေနဲ့လဲ ပိုင်ရှင်မဲ့ခွေးလေးများ ရောဂါဘယကင်းရှင်းစွာနေနိုင်ရေးရော လူ့ပတ်ဝန်းကျင်တွင် မလိုလားအပ်တဲ့ အန္တရာယ်များကျရောက်ပြီး အသက်အန္တရာယ် ထိခိုက် ဆုံးရှုံးစေသည်ထိမဖြစ်ရလေအောင်...... အစာကျွေးရုံလောက်မျှနဲ့မဟုတ်ပဲ မိမိတတ်အားသလောက် ငွေအားရော လူအားပါ ပူးပေါင်းပြီး မိမိတို့ပတ်ဝန်းကျင်ကိုစောင့်ရှောက်နိုင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျာ။ 

 မေတ္တာဖြင့် 

 ခွေးချစ်သူ 

 မောင်သံလွင်(ဇော်ကန့်လန့်) --

 Posted By Blogger လူဗိုလ်

-လူထုကျန်းမာရေး ( ခွေးချစ်တတ်ပါစေ)-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)