-အနာဂတ်မြန်မာနိုင်ငံ အတွက်အားထားရမည့် လူ့စွမ်းအား
အရင်းအမြစ်၂ သန်း ကျော်(သို့ ) မြန်မာရွှေ့ပြောင်းလုပ်သားများ-
မြန်မာရွှေ့ပြောင်းလုပ်သား အများဆုံးရှိသော ထိုင်းနိုင်ငံတွင်း
အထောက်အထားမဲ့ လုပ်သားများကို အထောက်အထားရှိ မြန်မာလုပ်သား
များဖြစ်စေရန် ၂၀၀၃ ခုနှစ်ကတည်းက နှစ်နိုင်ငံအစိုးရများ စတင်ဆောင်ရွက်
ခဲ့သော်လည်း ၂၀၀၉ ခုနှစ် ကျ မှအသက်ဝင်ပါသည။် ၂၀၀၉ ခုနှစ်
မှ ၂၀၁၂ ခုနှစ်ဆန်းပိုင်းထိ ခုနစ်သိန်းခန့် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်
ပေးနိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လတွင် စခန်းငါးခုဖြင့် အားဖြည့်ဆောင်
ရွက်သည့်အခါ ခြောက်သိန်းခန့် တိုးပွားလာပြီး စုစုပေါင်း ၁ ဒသမ ၃သန်း
ခန့်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ MOUလုပ်သားအနေဖြင့် သွားရောက်
အလုပ်လုပ်နေသူများ လေးသောင်းကျော်ရှိပြီ ဖြစ်ပါသည်။
ယခုကျန်ရှိနေသောအထောက်အထားမဲ့ လုပ်သားငါးသိန်းခုနစ်သောင်း
ကျော် (ထိုင်းအလုပ်သမားဝန်ကြီးဌာနစာရင်းအရ)ကို စခန်း ၁၀ ခုအထိ
တိုးချဲ့ဖွင့်လှစ်၍ သုံးလအတွင်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အထောက်
အထားရှိသွားခြင်းအားဖြင့် အလုပ်သမားအခွင့်အရေးများကို ရရှိကြမည်
ဖြစ်သလို ထိခိုက်နစ်နာမှုများ
အတွက်လည်း ရသင့်ရထိုက်သည့်
အခွင့်အရေးများ ရရှိမည်ဖြစ်ပါ
သည်။ ထို့အတူ မှန်ကန်သော
စာရင်းဇယားများကို ရရှိမည်ဖြစ်ပြီး
လူ့စွမ်းအား အရင်းအမြစ်များကို
မှန်ကန်စွာ နေရာချနိုင်မည် ဖြစ်ပါ
သည်။ဖွံ့ဖြိုးလာမည့် အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုများ များပြားလာမည့် မြန်မာနိုင်ငံ အနာဂတ်အတွက် အကောင်းဆုံးသော လူ့စွမ်းအား အရင်းအမြစ်များဖြစ်သဖြင့် ပြန် လည်စီးဝင်လာသည့်အခါ အားဖြစ် လာမည့် ထိုင်းနိုင်ငံအတွင်းရှိ လုပ်သားရေးရာအခြေအနေအရပ် ရပ်ကို စုစည်းတင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
( Thai-Burma Border friendship bridge in MaeSot)
အထောက်အထားမဲ့ ဖြစ်သွားရခြင်း သုံးမျိုးရှိသည်။ ထိုင်းအလုပ် သမားရုံးများသို့ မှတ်ပုံတင်ထားပြီး နေထိုင်ခွင့် မလုပ်ရသေးသူများ၊ နေထိုင်ခွင့် ပြုလုပ်ထားသော်လည်း နိုင်ငံသားစိစစ်ရေး မပြုလုပ်ရသေး သူများ၊ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော်လည်း Workpermit သက်တမ်း မတိုးထားသူများ၊ စုစုပေါင်းမြန်မာလုပ်သား ၅၇၀၀၀၀ လောက် ရှိသည်ဟု သိရသည်။ ''သက်တမ်းတိုးပေးတဲ့ သုံးလအတွင်းမပြီးမှာစိုးရိမ်တယ်၊ စခန်း ၁၀ခုထိ တိုးချဲ့နိုင်ဖို့ ညှိနှိုင်းလိုတယ်။ မြန်မြန်နဲ့ များများပြီးအောင် ဆောင်ရွက်လို တယ်''ဟု မြန်မာဘက်မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောပြသည်။ ထိုင်းနိုင်ငံ၊ ဆုန်ခလာခရိုင်၏ ရေလုပ်ငန်းစက်ရုံများဥက္ကဋ္ဌက ''လုပ်ငန်း လည်ပတ်ဖို့ ဖိအားတွေ များလာတယ်။ လုပ်သားတွေကိုပေးရမယ့် လစာ တွေက မြင့်လာတယ်။ ကုန်ကြမ်းရမှု ခက်လာတယ်။ အရောင်းဈေးကွက်မှာ အိန္ဒိယနဲ့ အင်ဒိုနီးရှားက ဈေးကွက်ဝင်ယူလာတယ်။ ရေရှည်မှာ စိုးရိမ်စရာ ဖြစ်လာမယ်။ ဒီစာကြည့်တိုက်က စမူစခွန်၊ (ဝေလ)ရပ်ကွက်မှာရှိတယ်။ ဘယ်သူ မဆို လာငှားလို့ရတယ်။ ဗဟုသုတရစရာ၊ အပန်းဖြေအပျော်ဖတ်၊ ဘာသာ ရေးစာအုပ်တော်တော်များများ ရှိပါတယ်။ ပထမထပ်မှာ အင်္ဂလိပ်စာ သင်တန်းရှိတယ်။ အင်္ဂလိပ်လူမျိုးတစ်ဦးက အင်္ဂလိပ်စာအပြောကို အဓိက ထား သင်ပေးနေတယ်။ တနင်္ဂနွေနေ့မှာ မြန်မာလုပ်သားတွေ အဓိက လာသင်ကြတယ်။ ဒုတိယထပ်မှာ ကွန်ပျူတာ သင်တန်းရှိတယ်။ ကွန်ပျူတာ သင်တန်းကိုတော့ ဆရာ ကိုမြင့်အောင်က သင်ပေးတယ်။ အချင်းချင်း ဖလှယ်ကြတယ်။ ဒီ Lap Topတွေက သူတို့ဘာသာသူတို့ ၀ယ်ထားကြ တာ။ တတိယထပ်မှာ ထိုင်းဘာသာစကားသင်တန်းရှိတယ်''ဟု ပြောပြ သည်။
(၁၂-၁-၂၀၁၃) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့်အဖွဲ့၊ ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများ အခြေအနေကို သွားရောက်လေ့လာနိုင်ရန် Today Top Star ကုမ္ပဏီ၏ စီစဉ်ဆောင်ရွက် ပေးမှုဖြင့် မဟာချိုင်ရှိ့  Unicord စက်ရုံသို့ရောက်ရှိပြီး မွန်၊ ထားဝယ်၊ တနင်္သာရီဒေသခံများအပါအ၀င် မြန်မာ လုပ်သားများကို သွား ရောက်တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က ''အခုလာတာက စီးပွားရေး အခက်အခဲ ကြောင့် နိုင်ငံခြားရောက် မြန်မာလုပ်သားတွေကို မြန်မာနိုင်ငံ တာဝန်ရှိသူ တွေက ပစ်မထားဘူး။ အခက်အခဲ အခြေအနေတွေကိုလေ့လာပြီး၊ ဘယ်လို ဖြေရှင်းပေးရမယ်ဆိုတာ အမြဲစဉ်းစား လုပ်ဆောင်နေပါတယ်..'' '' ထားဝယ်၊ မေတ္တာဘက်ကနေ နယ်ခြားလမ်းဖောက်ပြီးသွားရင် စနေ အလုပ်ပိတ်ရက်ကြုံလို့ မြန်မာပြည်ပြန်လာချင်သူ၊ မြန်မာပြည်က မိဘတွေ ထိုင်းက သား၊ သမီးတွေတွေ့ဖို့ ထိုင်းသွားချင်တာတွေ အဆင်ပြေဖို့ လုပ်ဆောင်နေတယ်။ သမ္မတကြီးကလည်း သဘောတူထားတယ်'' ''ထိုင်းစက်ရုံတွေရောက်တဲ့အခါ အလုပ်သင်၊ ပညာသင်ရင်း နိုင်ငံခြား ငွေရှာသူတွေလို့ သဘောထားကြပါ။ တစ်ချိန် မိမိတို့နိုင်ငံမှာ ထူထောင်လာ မည့် စက်မှုဇုန်တွေမှာ ကျွမ်းကျင်သူတွေ၊ ဆရာတွေအဖြစ်နဲ့ လုပ်ဆောင် စေချင်ပါတယ်..''
''သားတို့၊ သမီးတို့ကြိုက်တဲ့ အလုပ်မျိုး၊ ဥပမာ - ဖူးခက်ကမ်းခြေမှာ လုပ်ရတဲ့ အလုပ်မျိုး၊ မောင်းမကန်မှာလုပ်ပေးမယ်။ ဘယ်ကိုပဲရောက် ရောက် မိမိနိုင်ငံရင်း အမိမြေရှိတယ် ဆိုတာကိုမမေ့ပါနဲ့။ အခုဆို ကိုယ့်ရေ၊ ကိုယ့်မြေကို သတိရကြမှာပဲ။ လက်ရှိရောက်နေတဲ့နိုင်ငံမှာ လုပ်ငန်းခွင် စည်းကမ်းတွေ လိုက်နာပြီး အမျိုးဂုဏ်ဆောင်သူတွေဖြစ်အောင် ကြိုးစားကြ ပါ...'' ဟု အားပေးစကား ပြောကြားခဲ့သည်။
မြန်မာအလုပ်သမားတစ်ဦးက ''ဒီကိုလာရင် ထိုင်းစကားသင်လာရင် ကောင်းတယ်။ မေးထူး၊ ခေါ်ပြောနဲ့ လုပ်ငန်းသုံးဝေါဟာရတွေသိရင် တွေနဲ့ ပြောရတာ အဆင်ပြေတယ်။ ကျွန်တော်တို့ စက်ရုံမှာ ဘောလုံးအသင်း ခုနစ်သင်း ၀တ်စုံချုပ်ပြီးဖွဲ့ထားတယ်။ စနေ၊ တနင်္ဂနွေ မှာ ကန်ကြတယ်။ ဆုပေးတယ်။ ကျွန်တော်က အိမ်ကို တစ်ခါပို့ရင် နှစ်သိန်း ခွဲ ပို့တယ်။ ကျန်တာ ရွှေဝယ်ထားတယ်'' ဟု ပြောပြသည်။ အလုပ်သမားတစ်ဦးက ''လုပ်သားတွေစုပြီး ကထိန်အလှူ လုပ်ကြ တယ်။ မုန့်ဟင်းခါးစုချက်တယ်။ ဘုန်းတော်ကြီးတွေကို အဆောင်က မိန်းကလေးတွေစုပြီး ဆွမ်းကပ်ကြတယ်။ သမီးတို့က ဆရာမကြီး ဒေါက်တာဝါ၀ါ စက်ရုံဝတ်စုံကြီးနဲ့ပေမယ့် မှတ်မိတယ်။ မြန်မာပြည်တုန်း က သင်တန်းခန်းထဲက ဆရာမကြီးရဲ့အသံကို ဘယ်တော့မှ မမေ့ဘူး...။ ကျွန်မကတော့ မန္တလေးက အမေဆီကို ခုနစ်သိန်းပို့ပြီးပြီ။ အစစ အဆင် ပြေပါတယ်။ အိမ်ကိုတော့ လွမ်းတာပေါ့'' ဟု ပြောပြခဲ့သည်။
**ထက်အောင်**

No comments:
Post a Comment