-လူထုကျန်းမာရေး(ဆေးလိပ်သောက်သူနှင့် အ၀လွန်သူများထက်
အိပ်ပျော်နေစဉ် ဟောက်သောသူများ နှလုံးရောဂါပိုဖြစ်ဖွယ်ရှိ)-
**Public Health**
အိပ်ပျော်နေစဉ် ဟောက်သောသူ များသည် ဆေးလိပ်သောက်သူနှင့် အ၀လွန်သူများထက် နှလုံးရောဂါ ပိုမို ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း သုတေသန ပညာရှင်များက ဆိုသည်။ ယင်းသည် ကျန်းမာရေးပြဿနာ များဖြစ်စေရုံမျှသာမက ဟောက်ခြင်း သည် လူ့အသက်အန္တရာယ်ကို ခြိမ်း ခြောက်နေသည့် ကျန်းမာရေး လက္ခဏာပင်ဖြစ်ကြောင်း သုတေသန ပညာရှင်များက သတိပေးထားသည်။ အိပ်ပျော်နေစဉ် ဟောက်သောသူ များ၏ သွေးလွှတ်ကြောများအတွင်း သွေးများပျစ်ခဲလာစေပြီး ဦးနှောက် အတွင်း သွေးယိုစီးခြင်း၊ လေသင်တုန်း ဖြတ်ခြင်းနှင့် နှလုံးရောဂါ စသည့် ရောဂါဝေဒနာများ ဖြစ်ပွားလာ ဖွယ်ရှိသည်ဟု အမေရိကန်သုတေသန ပညာရှင်များက ယူဆကြသည်။ လူဦးရေ တစ်ဝက်နီးပါးသည် အိပ် ပျော်နေစဉ်၌ တစ်ခါတစ်ရံ ဟောက် တတ်သော်လည်း အမျိုးသမီးလေးဦး တွင် တစ်ဦးနှင့် အမျိုးသား ၁၀ ဦး တွင် လေးဦးခန့်သည် မကြာခဏ ဟောက်သူများဖြစ်ကြသည်။ ထိုသို့ ဟောက်ခြင်းသည် မိမိနှင့်အတူ အိပ်စက်သူများအား အနှောင့်အယှက် ဖြစ်စေနိုင်သော်လည်း နှလုံးရောဂါ ဖြစ်နိုင်သည်ဟု မကြာသေးမီအချိန် အထိ မစဉ်းစားမတွေးတောမိကြ ကြောင်း သိရသည်။ သွေးတိုးရောဂါရှိသူများနှင့် အလွန် အမင်းဟောက်သူများသည် ဆေးဝါး ကုသမှုနှင့် အကြံပေးချက်များကို အလေးအနက်လိုက်နာသင့်ကြောင်း အမေရိကန် သုတေသနပညာရှင်များ က ဆိုသည်။
**မာမာစိုး**

No comments:
Post a Comment