-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
** ကောင်တင်ညိုအား လီဗာပူးက ပြောင်းရွှေ့ကြေး ပေါင်ရှစ်သန်းခွဲဖြင့် ခေါ်ယူ**
အင်တာမီလန်အသင်းမှ ဘရာဇီးကွင်းလယ်ကစားသမား ဖီးလစ်ကောင် တင်ညိုအား လီဗာပူးက ပြောင်းရွှေ့ကြေး ပေါင်ရှစ်သန်းခွဲဖြင့် ခေါ်ယူ စာချုပ် လိုက်ပြီဖြစ်သည်။ ““ကျွန်တော် အလွန်ပျော်ရွှင် ခံစားခဲ့ရပါတယ်။ ဒီလို ပြောင်း ရွှေ့ခဲ့တာဟာ ကျွန်တော့်ဘ၀အတွက် အလွန်အရေးကြီးပါတယ်””ဟု အသက် ၂၀ ရှိ ဖီးလစ်ကောင်တင်ညိုက လီဗာပူးဝက်ဘ်ဆိုက်တွင် ပြောကြားသည်။ ဘရာဇီးအသင်းတွင် တစ်ပွဲသာ ပါဝင်ကစားရသေးသော ကွင်းလယ် ကစား သမား ကောင်တင်ညိုအား အင်တာမီလန်က ၂၀၀၈ ခုနှစ်တွင် ပေါင် ၄ သန်း ဖြင့် ၀ယ်ယူခဲ့သည်။
**တိုဂိုအသင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်တက်**
တောင်အာဖရိကနိုင်ငံ၌ ကျင်းပလျက်ရှိသော အာဖရိနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲတွင် တိုဂိုအသင်းက တူနီးရှားအသင်းကို တစ်ဖက်တစ်ဂိုးစီ သရေကစားပြီး ပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်သွားပြီဖြစ်သည်။ တိုဂို အသင်းက ပွဲစပြီး ၁၃ မိနစ်အကြာ အဒီဘာယော၏ ဖန်တီးပေးမှုဖြင့် ဂတ်ပီ က ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ယင်းဂိုးကို တူနီးရှားအသင်းမှ မော်ဟီက မိနစ် ၃၀ အကြာတွင် ချေပဂိုးရရှိခဲ့သည်။ အနောက်အာဖရိကမှ တိုဂိုအသင်းသည် ဖေဖော်ဝါရီ ၃ ရက် ကွာတားဖိုင်နယ်တွင် ဘာကီနာဖာဆိုအသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
** ကိုပါဒယ်ရေးဖလား ပထမအကျော့တွင်ရီးရဲမက်ဒရစ်နှင့်ဘာစီလိုနာသရေ ကျ**
ဖိအားပေးခံနေရသော ဟိုဆေးမော်ရင်ညို၏ ရီးရဲမက်ဒရစ်အသင်းသည် ပြိုင်ဘက်ဘာစီလိုနာအသင်းနှင့် ကိုပါဒယ်ရေးဖလား ပထမအကျော့တွင် ဂိုးမရှိ သရေပွဲဖြစ်သွားခဲ့သည်။ ဘာစီလိုနာက ဘာနေဗျူး၌ ကစားခဲ့သည့် ယင်းပြိုင်ပွဲ ပထမပိုင်းတွင် ရီးရဲမက်ဒရစ်ကို ဦးဆောင်ကစားခဲ့သည်။ ဒုတိယ အကျော့ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် နျူးကင့်(မ်) ၌ ဒုတိယအကျော့ကစားရ မည်ဖြစ်သည်။ အခြားသော အကြိုဗိုလ်လုပွဲအဖြစ် အက်သလက်တီကို မက်ဒရစ်နှင့် ဆီဗီလာတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
**ဘောလုံသတင်း အတိုအထွာများ**
++အန်ဇိုင်းကလပ်မှ နောက်ခံကစားသမား ခရစ်္စတိုဖာဆမ်ဘာ ၂၈ နှစ် အား ကျူပီအာအသင်းက တစ်ပတ်လုပ်ခလစာ ပေါင် ၁၀၀၀၀၀ ပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။
++ စပါးနောက်ခံလူအီကိုတို ၂၈ နှစ်အား အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ခွင့်ပြုမည်ဖြစ်ကြောင်း စပါးနည်းပြ ဗီလက်စ်ဘိုအက်စ်က ထုတ်ဖော်ပြောကြားသည်။
++ဗီလာတိုက်စစ်မှူး ဂျိုနက်စ် ၂၈ နှစ်အား ဆွမ်ဆီးအသင်းသို့ ပြောင်း ရွှေ့ခွင့်ပြုမှုအပေါ် ပြန်လည်သုံးသပ်နေကြောင်း ဗီလာနည်းပြ ပေါလ်လမ်းဘတ်က ထုတ်ဖော်ပြောကြားသည်။ ၊
++ နယူးကာဆယ်မှ နောက်တန်းခံစစ်မှူး အသက် ၂၆ နှစ် အရွယ်ရှိ ဒန်နီဆမ်ပဆင်အား ၀ီဂန်၊ ဖူလ်ဟမ်၊ ၀က်စ်ဘရွန်းတို့က အပြိုင် ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိသည်။ ၊
++ ဆွမ်ဆီးမှ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူး ဂရာဟမ်အား ဆန်းဒါးလန်းက ပြောင်းရွှေ့ကြေး ပေါင် ၅ ဒသမ ၅ သန်းဖြင့် ခေါ်ယူမည်ဖြစ်သည်။ ၊
++၀ီဂန်နည်းပြရိုဘာတိုမာတီနက်ဇ်က စပါးတက်မော်စကိုအသင်းမှ တောင်ပံကစားသမားအသက် ၂၆ နှစ်အရွယ်ရှိ မက်ဂီရာဒီအား ပြောင်းရွှေ့ကြေးပေါင် ၅ သန်းပေး၍ ခေါ်ယူရန်စီစဉ်လျက်ရှိသည်။
++အာဆင်နယ်အသင်း နောက်ခံကစားသမား ကာလ်ဂျန်ကင်ဆင်အား စတုတ်အသင်းသို့ အငှားချထားလိုက်ပြီဖြစ်သည်။
+ +တိုလော့ဆီအသင်းမှ ကွင်းလယ်ကစားသမား အီစတိန်းကာပိုးလ် ၂၄ နှစ်အား ကျူပီအာ၊ အဲဗာတန်နှင့် ၀က်စ်ဟမ်းတို့က ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိသည်။
++မန်စီးတီးအသင်းမှ တောင်ပံကစားသမား အသက် ၁၈ နှစ်အရွယ်ရှိ အလက်ဟမ်ရှယ်အား အငှားစာချုပ်ဖြင့် ခေါ်ယူရန် ကိုဗင်ထရီ အသင်းက ကြိုးစားသွားမည်ဖြစ်သည်။
++ဘိုင်ယန်မြူးနစ်အသင်းဥက်္ကဋ္ဌ ရမ်မီနစ်က ဥရောပထိပ်တန်းအသင်း တစ်သင်းအဖြစ်ရောက်ရှိအောင် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။
++အင်္ဂလန်နည်းပြရွိုင်ဟော့ဆင်က စတားလင်းအား ယူရို ၂၁ ချန်ပီယံ ရှစ်ပြိုင်ပွဲ ၌ အင်္ဂလန်အသင်းတွင် ပါဝင်ကစားစေလိုကြောင်း ထုတ်ဖော်ပြောကြားသည်။
**မောင် ချစ်ကြည်**

No comments:
Post a Comment