- ဖွံ့ဖြိုးတိုးတက်လာတော့မည့်အာဖရိက နိင် ငံများ-
အကြိမ်(၂၀)မြောက် အာဖရိကထိပ်သီးအစည်းအဝေးသည် အီသီယိုးပီးယားနိုင်ငံ၏ မြို့တော် အဒစ်အဘာဘာ၌
ဇန်န၀ါရီ ၂၈ ရက် (တနင်္လာနေ့)က ပြီးဆုံး
သွားသည်။ အာဖရိကသမဂ္ဂ(အေယူ)၏ အကြိမ်(၂၀)မြောက် ထိပ်သီးအစည်းအဝေးကို ဇန်န၀ါရီ ၂၇ ရက်
(တနင်္ဂနွေနေ့)နှင့် ၂၈ ရက် (တနင်္လာနေ့)တို့တွင်
နှစရ် က်ြကာ ကျင်း ပခဲ့ခြင်း ဖြစသ် ည။် အေယူထီပ်သ်ီးအစည်း အဝေးသို့ အနည်း ဆုံး
နိင် ငံအကြီးအကဲနှင့် အစိုးရအဖွဲ့အကြီးအကဲ ၃၆ ဦးအပြင် ဒေသဆိုငရ်ာအဖွဲ့အစည်း
များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အေယူထိပ်သီးအစည်းအဝေး
အဖွင့်မိန့်ခွန်းပြောကြားသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက
ငြိမ်းချမ်းရေးအတွက် ဖွံ့ဖြိုးတိုးတက်
ရန် အရေးကြီးသကဲ့သို့ ဖွံ့ဖြိုးတိုးတက်
ရေးအတွက် ငြိမ်းချမ်းရေးမှာ မရှိ
မဖြစ်လိုအပ်ကြောင်း ပြောကြားလိုက်
သည်။ ထို့ကြောင့် အာဖရိကတိုက်
ပိုမိုတည်ငြိမ်ရေးကို ဖော်ဆောင်ရန်
အာဖရိကတိုက်မှ ခေါင်းဆောင်
များနှင့် နိုင်ငံတကာ အသိုက်အ၀န်း
တို့က လက်တွဲဆောင်ရွက်ကြရန်
ဇန်န၀ါရီ ၂၇ ရက် ထိပ်သီးအစည်း
အဝေးဖွင့်ပွဲတွင် မစ္စတာဘန်ကီမွန်းက
တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
အဒစ်အဘာဘာမြို့၌ အေယူ
ထိပ်သီးအစည်းအဝေးကို ဇန်န၀ါရီ
၂၇ ရက်(တနင်္ဂနွေနေ့)က ဖွင့်လှစ်
လိုက်ပြီးနောက် အီသီယိုးပီးယား
ဝန်ကြီးချုပ် ဟေလီမာရီယန်ဒီ ဆာ
လက်ဝပ်အား အာဖရိကသမဂ္ဂ(အေယူ)
၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ရွေးချယ်
တင်မြှောက်လိုက်သည်။ထို့ကြောင့် အီသီယိုးပီးယားဝန်ကြီးချုပ် ဟေလီ မာရီယန်သည် အေယူလက်ရှိဥက္ကဋ္ဌ ဘီနင် သမ္မတ ဘိုနီမာယီထံမှ လွှဲယူ လိုက်ပြီး အေယူဥက္ကဋ္ဌအဖြစ် တစ်နှစ် တာကြာမျှ တာဝန်ယူရမည်ဖြစ်သည်။ အီသီယိုးပီးယားနိုင်ငံတောင်ပိုင်း ၀ိုလာယီတာဇုန် ဘိုကိုဆိုဆိုရီခရိုင်၌ ၁၉၆၅ ခုနှစ်က မွေးဖွားသည့် ဟေလီ မာရီယန်သည် အီသီယိုးပီးယားဝန်ကြီး ချုပ်ဟောင်း မီလက်ဇီနာဝီ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ကွယ်လွန်ပြီး နောက် အီသီယိုးပီးယားဝန်ကြီးချုပ် ဖြစ်လာသူဖြစ်သည်။ သူသည် ၀န်ကြီး ချုပ် မီလက်ဇီနာဝီ လက်အောက်တွင် ဒုတိယ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်း ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီး တာဝန်ကိုလည်း ရယူထမ်းဆောင်ခဲ့သည်။ မိမိသည် အာဖရိကသမဂ္ဂ(အေ ယူ)၏စံများ အောင်မြင်အောင် အစွမ်း ကုန်ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ဒီမို ကရေစီအုပ်ချုပ်ရေး၏ အမြစ်များ ပိုမို ခိုင်မာရေး ဆောင်ရွက်မည့်အပြင် အခြေခံအဆောက်အအုံ၊ လယ်ယာ စိုက်ပျိုးရေးနှင့်စက်မှုလုပ်ငန်း ထူ ထောင်ရေးဆိုင်ရာ အဓိက စီမံကိန်း များကို ဦးစားပေးဖော်ဆောင်မည်ဖြစ် ကြောင်း အေယူဥက္ကဋ္ဌရာထူးလက်ခံ သည့် မိန့်ခွန်းတွင် ဟေလီမာရီယန်က ထည့်သွင်းပြောကြားလိုက်သည်။ ယခုအခါ အာဖရိကသမဂ္ဂ (အေယူ)၏ အကြိမ်(၂၀)မြောက် ထိပ်သီးအစည်းအဝေးသည် အေယူ ဌာနချုပ်တည်ရှိရာ အီသီယိုးပီးယား နိုင်ငံ အဒစ်အဘာဘာမြို့၌ ဇန်န၀ါရီ ၂၈ ရက် ညက ပြီးဆုံးသွားပါပြီ။ ဤ ထိပ်သီးအစည်းအဝေး၌ အာဖရိက ခေါင်းဆောင်အများစုက ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အကောင်းမြင်ကြောင်း ထုတ်ဖော် ပြောဆိုလာကြသည်ကို အားရဖွယ် တွေ့ရသည်။
(အီသီယိုးပီးယားဝန်ကြီးချုပ် ဟေလီ မာရီယန်) )
လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းကအဖြစ်များကို ပြန်ပြောင်း စဉ်းစားမည်ဆိုလျှင် အာဖရိကသမဂ္ဂ (အေယူ) ထိပ်သီးအစည်းအဝေးကဲ့ သို့သော အစည်းအဝေးမျိုးဆိုလျှင် အာဖရိကခေါင်းဆောင်များ၏ မိန့်ခွန်း များနှင့် လူမှုစီးပွားရေးရည်မှန်းချက် များမည်သည့်အတွက် မအောင်မြင် အထမမြောက်နိုင်ကြောင်း အကြောင်း ပြချက် ဆင်ခြေများဖြင့်သာ ပြည့်လျှမ်း ခဲ့သည်။ အာဖရိကတိုက်ကို ပိုမိုပံ့ပိုးရန် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ရန်ပုံငွေများ လိုအပ်ပုံအကြောင်းကို အပ်ကြောင်း ထပ်မျှ ကြားနေရသည်။ ပံ့ပိုးကူညီပါ မည်ဆိုသော ကတိက၀တ်များ ဖွံ့ဖြိုး ပြီး နိုင်ငံများဘက်က ပျက်ကွက်ပုံကို မကျေနပ်သည့် အသံများက ညံနေ ခဲ့သည်။ ယခုတော့ ထိုသို့မဟုတ်တော့ပြီ။ ထိုအသံများမကြားရတော့။ အာဖရိက ခေါင်းဆောင်များ၏ လေသံက အောင်ပွဲခံ၍ အကောင်းမြင်သည့် သဘောရှိကြောင်း အာဖရိကဖွံ့ဖြိုး တိုးတက်မှုအတွက် သက်သေခံနေ သကဲ့သို့ရှိသည်။ ယင်းသို့ ဖြစ်ရသည် မှာ အေယူအနေဖြင့် ယခုအခါ သက်တမ်းရာစုနှစ်ဝက် ရှိလာပြီဖြစ် ၍သာမဟုတ်သေး၊ ပြီးခဲ့သည့် ၁၀ စု နှစ်အတွင်းတွင် အာဖရိကနိုင်ငံများ ၌ အောင်မြင်မှုများကို တွေ့မြင်လာ ၍ ဖြစ်နိုင်သည်ဟု ယူဆရပေသည်။ သို့သော် အေယူအဖွဲ့ဝင်နိုင်ငံ အခိျု့၌ အကြမ်းဖက်ဆူပူတိုက်ခိုက် မှုများ တစ်ဖက်တွင်ရှိနေသေးသည် ကို မေ့ပျောက်၍မရပေ။ ထို့ကြောင့် အာဖရိကခေါင်းဆောင်များသည် မိမိ တို့ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိစ္စများကိုလည်းအလေး ထားဆွေးနွေးနေကြရသည်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာပေါ်တွင် စီးပွားရေး အလျင်အမြန်တိုးတက် သည့် ၁၀ နိုင်ငံအနက် ခြောက်နိုင်ငံ မှာအာဖရိကတိုက်မှ ဖြစ်နေသည်ကို တွေ့ရသောအခါ အာဖရိကတိုက်၏ အနာဂတ်မှာ ထွန်းပြောင်လာမည့် အလားအလာများ ရှိနေပါကြောင်း။
**တိုး**

No comments:
Post a Comment