-တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားများ၊ တောင်ပေါ်တိုင်းရင်းသားများ၊ ဒုက္ခသည်များ၊ အထောက်အထား မပြည့်စုံပဲ အတုကိုင်ဆောင်ထားသူများနှင့် ပတ်သက်၍ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီမှ မဲဆောက်မြို့တွင် ယနေ့ဆွေးနွေး-
(ဖေဖော်ဝါရီလ ၁ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)
“တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားပြဿနာများအား ဖြေရှင်းခြင်းဆိုင်ရာ စနစ်တစ်ခုလုံး၏ နည်းဗျူဟာ ရှင်းလင်းဆွေးနွေးပွဲ” တစ်ရပ်အား ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ (NSC) မှ ခွန်းရဖီးလို့ချိုင်းယ ကွန်းက ဦးစီးပြီး မဲဆောက်ဒေသရှိ အန်န်ဂျီအိုများ လူထုအခြေပြုအဖွဲ့အစည်း (CBOs) များပါဝင်လျက် ယနေ့ မဲဆောက်မြို့၌ ကျင်းပကြသည်။ ထိုင်းနိုင်ငံတွင်းသို့ အရေအတွက်အားဖြင့် (၃) သန်းထက်မနည်း ၀င်ရောက်လာကြသော လူနည်းစုများ၊ တောင်ပေါ်တိုင်းရင်းသားများနှင့် တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်ပြီး ထိုင်းအစိုးရမှ မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းနေသည်ကို ရှင်းပြခဲ့ခြင်းဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ် သက်၍ ထိုင်းအစိုးရမှ ၂၀၁၂ ခုနှစ် ဧပြီလ ၂ ရက်နေ့ ၀န်ကြီးများကောင်စီအထူးအစည်းအဝေးမှ “တရားမ၀င်ရွှေ့ပြောင်းသမားများ၏ တရားမ၀င်အထောက်အထားစနစ်တစ်ခုလုံး၏ ပြဿနာဖြေရှင်းနည်း ဗျူဟာမျးကို လက်ခံပြီး ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
(ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ (NSC) မှ ခွန်းရဖီးလို့ချိုင်းယ ကွန်း)

ဤနေရာ၌ အုပ်စု (၃) စုပါဝင်ပြီ;အုပ်စု (၁) သည် ထိုင်းနိုင်ငံတွင်းသို့ အချိန်ကြာမြင့်စွာကတည်းက ၀င် ရောက်လာခဲ့ပြီး မူရင်းနိုင်ငံသို့ ပြန်နိုင်ခြင်းမရှိသူများဖြစ်သည်။ ဤအုပ်စု (၁) ၏ အရေအတွက်မှာ (၆၈) သိန်းရှိ၏။ ဤအုပ်စု (၁) သည် အများအားဖြင့် စာရင်းကောက်ယူပြီးသည့် တောင်ပေါ်တိုင်:;ရင်းသားများပါ ၀င်သည်။
အုပ်စု (၂) တွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခန့်ဖြစ်၏။
အုပ်စု (၃) သည် လုံခြုံရေးပြဿနာ ရှိသည်။ မြန်မာ၊ ရိုဟင်ဂျာနှင့် မြောက်ကိုရီးယားမှ စစ်ပြေးဒုက္ခသည် များဖြစ်၏။
အုပ်စု (၄) တွင်မူ အခြားနည်းဖြင့် တရားမ၀င် ၀င်ရောက်လာသူများ (၀ါ) အထောက်အထားအတုပြုလုပ်၍ ၀င်ရောက်လာကြသူများ(၀ါ) ၀င်လာပြီး ပြန်မထွက်သွားကြသူများဖြစ်၏။
ဤ အုပ်စု (၄) စု၏ ဆိုင်ရာဆိုင်ရာ ပြဿနာများကို--- (၁) ထိုင်း-မြန်မာနယ်စပ်ရှိ ပုဂ္ဂလိက အဖွဲ့အစည်းများ (NGOs) များနှင့် လူထုအခြေပြုအဖွဲ့အစည်းများ (CBOs) များအား တရားမ၀င် ၀င်ရောက်သူများ၏ စနစ်တစ်ခုလုံးအား စီစဉ်ရေးမဟာ ဗျူဟာကို နားလည်းသဘောပေါက်စေရန်။
(၂) တရားမ၀င် ၀င်ရောက်လာသူများ၏ စနစ်တစ်ခုလုံးအား စီိစဉ်ရေးမဟာဗျူဟာအားအမြင် ဖလှယ်နိုင်ရန်။ ရည်ရွယ်ပြီး ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်၏။
ယနေ့ အစည်းအဝေးသို့ ထိုင်းနိုင်ငံရ၊ အမျိုးသားလုံခြုံရေးကောင်စီ (NSC) မှ ကိုယ်စားလှယ် ခွန်းရဖီးလို့ ချိုင်းယကွန်းနှင့် ထိုင်းနိုင်ငံခြားသားများ၊ ထိုင်းနိုင်ငံသားများ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားအကျိုးဆောင်အဖွဲ့အစည်းများမှ လူ (40)ကျော် တက်ရောက်သည်။

No comments:
Post a Comment