ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, January 10, 2014

---မှန်ရာကို သစ္စာဆိုပါမည်---

>
ဂျီတော့ခ်လည်း မသုံးဖြစ်တာ ကြာလှပါပြီ။ မေးလ်ဝင်စစ်တာလောက်ရှိတော့တာပါ။ အရင်က အင်ဗိုက်ဇေးဘယ်လ်နဲ့ နေတတ်တာများပေမဲ့ ခု ဂူးဂယ်ဆိုင်ကယ်လ်ဆိုလား ဘာလား အဲဒါကြီး ဆိုင်းအင်ထားလို့ လူတွေမမြင်အောင် နေလို့မရဘူးဆိုပဲ။ ဆိုင်းအောက်လုပ်ကြည့်သေးတယ်။ ဒါပေမဲ့ ကျွန်မက အဲသလိုနေရာတွေမှာ အင်မတန်ညံ့တော့ကာ ဆိုင်းအောက်လုပ်လို့ ဘာမှ မဖြစ်ဘူး၊ အရင်အတိုင်းပဲ မြင်နေရတုန်းပဲလို့ ပြောတော့ ကျွန်မလည်း ဘာမှ ဆက်မလုပ်တတ်တော့ဘူး။ ဒါနဲ့ ဒီအတိုင်းပဲ ထားလိုက်တယ်။ တစ်နေ့ကတော့ လူတစ်ယောက် လာနှုတ်ဆက်တယ်။ “ဟိုင်း ဆရာမ” တဲ့...။ ဘယ့်နှယ် ဟိုင်းစရာလား ဒီအသက်နဲ့ ဒီအရွယ်ကိုလေ....။ “ဟုတ်ကဲ့ ပြောပါရှင့်”ဆိုတော့ “အစ်မက စာရေးဆရာမလား” တဲ့…. ဘုရားရေ ခက်တာပဲ။ “ဟုတ်ဘူးရှင့် ကျွန်မက စာရေးသူပါ” သည်လိုပဲ ပြောရတာပလေ…. “ဟုတ်တယ်ရှင့် ကျွန်မက စာရေးဆရာမလေ၊ ဆရာ့ဆရာမပေါ့ အဟင်းဟင်းဟင်း” လို့ ပြောလိုက်လို့ကတော့ ၉၆ပါးရောဂါနဲ့မသေဘဲ အမြင်ကတ်ပုဒ်မနဲ့ ဘိုက်ဓါးထိုးခံ သေရမဲ့သဘောမှာ ရှိတယ်။ နောက်တော့ သူက အင်မတန်ကြီးမားလေးလံတော်မူထသော မေးခွန်းကြီးတစ်ခုကို ကျွန်မဇက်ပိုးပေါ် ဓါးတင်လို့ မေးတော်မူတယ်။ “အစ်မ ဘယ်လိုရည်ရွယ်ချက်နဲ့ စာရေးပါသလဲ၊ အစ်မရေးတဲ့စာတွေက ဖတ်သူတွေအတွက် အကျိုးတစ်စုံတစ်ရာဖြစ်စေမဲ့စာတွေ ရေးပါသလား” တဲ့ ဘုရား ဘုရား ခုမှ ခက်တာပဲ ကျွန်မလည်း ဖြေရခက်တာနဲ့ လူစုံတုန်းလေး အားလုံးသိရအောင် သစ္စာအဓိဌာန် အချက်ကြီး (၄)ချက်နဲ့ ဘလော့ဂ်ပိုစ့်လေးတင်ရင်း ပြန်ဖြေလိုက်ပါတယ်။ မှန်သားကြကုန်….။

 (၁)

ကျွန်မသည် ငါ၏ကလောင်အစွမ်းဖြင့် နိုင်ငံတော်နှင့် လူမျိုးအပေါ် ကျေးဇူးပြုပါမည်ဟု သစ္စာမဆိုဖူးချေ။ (နောင်လည်း ဆိုလိမ့်မည် မဟုတ်)

(၂)

ကျွန်မသည် ငါ၏ကလောင်တစ်လက်ဖြင့် မြန်မာစာပေလောကကြီးအား မြှင့်တင်အံ့ဟု တစ်ခါမှ ပြက်လုံးမထုတ်ဖူးချေ။ (နောင်လည်း ထုတ်လိမ့်မည် မဟုတ်)
(၃)

ကျွန်မသည် ငါ၏ကလောင်သွားဖြင့် မြန်မာစာပေလောကကြီး ဖိန့်ဖိန့်တုန်သွားအံ့ဟုလည်း တစ်ခါမျှ မကြွေးကြော် (နောင်လည်း ကြွေးလိမ့် ကြော်လိမ့်မည် မဟုတ်)  

(၄) 

ကျွန်မသည် ငါ၏ကလောင်အစွမ်းဖြင့် အများသူငါ မြန်မာပြည်သူပြည်သားအပေါင်းတို့အား နားကလော်၊ မျက်စေ့ဖွင့်ပေးမှ တော်ပေအံ့ဟုလည်း တစ်ခါမျှ မြွက်တော်မမူ (နောင်လည်း မြွက်လိမ့်မည် မဟုတ်) ဆိုရလျှင် ဒါဖြင့် ဘဇာကြောင့် စာတွေရေးနေရပါသနည်းဟု မေးချင်ကြပေလိမ့်မည်။ ဖြေရှင်းပြောပြ ခွင့်ပေးကြပါကုန်။ ကျွန်မသည် လူတွေထဲက လူတစ်ယောက်ပီပီ နေ့စဉ်နေထိုင်သွားလာစားသောက်ရာမှ တွေ့သမျှ မြင်သမျှသော ပတ်ဝန်းကျင်၌ ဝင်စားပါသည်။ (အာရုံ ဝင်စားသည်ဟု မှတ်ပါလေ) ထိုအခါ နှလုံးသားရှိသူပီပီ မိမိနှလုံးအိမ်သို့လာရောက်ရိုက်ခတ်လာသမျှတို့အား မသိစိတ်နှင့်ရော သိစိတ်နှင့်ပါ သိုမှီးသိမ်းဆည်းထားမိလေသည်။ ထိုသို့ သိမ်းဆည်းထားသည်များ လွန်စွာ များပြားလာလတ်သော် ကွန်ပြူတာကိုဖွင့်၊ ကီးဘုတ်ကိုကိုင်ဆွဲ၍ ဖွင့်အန်ထုတ်သည်ရှိရာ ဤသည်ကို စာရေးခြင်းအမှုပြုသည်ဟု ဆိုကြပေအံ့။ အကိုးအကားနှင့် ထပ်၍ရှင်းပါမည်။ တောင်မြို့ဆရာတော်ကြီး ဟောဖူးသည်။ လူတွေဟာ နူနာရောဂါသည်တွေဖြစ်သတဲ့။ အဲသည်နူနာတွေက အချိန်တန်တော့ ယားလာလိုက်၊ ရုပ်ရှင်လေးကြည့်ပြီး အယားဖြေလိုက်…. အဲသည်နူနာတွေက နောက်တစ်ခါ ယားလာပြန်တော့ အယ်လ်ဗီအိတ်ဒေါ်လာ၂ထောင်လေး ပြေးဝယ်ပြီး အယားဖြေလိုက်….. အဲသည်နူနာတွေက အကြိမ်ကြိမ်ယားလာပြန်တော့ကာ ရှော့ပင်းလေးထွက်လိုက်၊ ကားကလေး ဝယ်စီးလိုက်၊ အောလ်စတားလေး ဝယ်ဝတ်လိုက်…….၊ စီးဖုလေး စားလိုက်…..၊ ဘာဘီလေး ကျူးလိုက်…. အဲသည်နူနာတွေက အကြိမ်ကြိမ်ယားလာပြန်တော့…… အဲသည်နူနာတွေက အကြိမ်ကြိမ်ယားလာပြန်တော့…… အင်း….သည်လိုနဲ့ပဲ တဏှာက ကြိုးဆွဲတဲ့နောက် တကောက်ကောက်လိုက်ရင်း မဆုံးနိုင်အောင် အယားဖြေကြရသတဲ့။ ဒီလိုပဲ…..ကျွန်မလည်း….. ပတ်ဝန်းကျင်က မြင်သမျှ ကြားသမျှ ခံစားရသမျှ မတော်မတဲ့တွေရော တော်တော်တဲ့တဲ့တွေပါ ရင်ထဲ သိမ်းဆည်းထားရာက များလာလို့ လည်ပင်းဝရောက်လာတဲ့အခါ အန်ထုတ်ချလိုက်၊ စာတွေဖြစ်သွားလိုက်၊ ရင်ဖွင့်ချလိုက် စာတွေဖြစ်သွားလိုက်နဲ့….။ သည်လိုပဲ တော်ရာမှာ လူမြင်နတ်ကြား အယားဖြေနေရတာ။ ပထမဦးဆုံး ၂၀၀၉ခုနှစ်မှာ ဘလော့ဂ်လေးစဖွင့်ပြီး စာတွေရေး အယားဖြေခဲ့ရာက ခုတော့ စာအုပ်လေးတစ်အုပ် (ဝတ္ထုတိုပေါင်းချုပ်ကလေးပါ) ထုတ်ပြီး အယားဖြေရတဲ့အထိ နူနာရောဂါက သည်းလာခဲ့ရပြီ။ ဒီနူနာရောဂါ ရှိနေသမျှတော့ ရှေ့ဆက်လို့ ယားသမျှကိုလည်း သည်လိုပဲ ကုတ်ရ ဖဲ့ရဦးတော့မှာပဲ။ ကိုင်း ဘာမေးချင်ကြသေးသတုန်း….။ 

Author: ချစ်ကြည်အေး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)