ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, February 3, 2014

---ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း---

>
==နာမည်ကျော် ကွန်ဖူးမင်းသားဂျက်လီကမန်္တလေးမြို့ရှိကျောင်းသားများကို ကွန်ဖူးပညာရပ်များ သင်ကြားပေးမည်==

 တရုတ်ရုပ်ရှင်လောကသာမက ဟောလိဝုဒ်ရုပ်ရှင်လောကအထိ ထိုးဖောက်နိုင်ခဲ့သည့် နာမည်ကျော် ကွန်ဖူး မင်းသားဂျက်လီက မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မန်္တလေးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းနှစ်ကျောင်းမှ ကျောင်းသားများကို ကွန်ဖူးပညာရပ်များ သင်ကြားပေးမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မင်းသားဂျက်လီ၏ ဖောင်ဒေးရှင်းမှ ပထမအဆင့်အနေဖြင့် မန်္တလေးမြို့မှ မြန်မာကျောင်းသားများကို ကွန်ဖူး ကျွမ်းကျင်မှုဆိုင်ရာများကို လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် နည်းစနစ်ပိုင်းဆိုင်ရာ သင်ကြားပို့ချမှုများကို လည်းကောင်း ဂျက်လီကိုယ်တိုင်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဖေဖော်ဝါရီ ဒုတိယပတ်တွင် ၂၀၁၃ ခုနှစ်အတွင်းက ငလျင်ဒဏ်ခံစားခဲ့ရသည့် စာသင်ကျောင်းများ သို့ အားကစားအသုံးအဆောင်ပစ်္စည်းများ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ဂျက်လီ၏ အဆိုပါဖောင်ဒေးရှင်းသည် ဂျက်လီနှင့် တရုတ်နိုင်ငံကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းကာ သဘာဝဘေး အန်္တရာယ်ခံစားခဲ့ရသည့်ဒေသများအတွက် ရန်ပုံငွေများရှာဖွေလှူဒါန်းရန် ရည်ရွယ်ဖွဲ့စည်းထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

===တိုနီခရုစ်အား မန်ယူအသင်းသို့ ရောင်းချမည်မဟုတ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်း ပြောကြား===

ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် အသင်း၏ အားထားရသော အသက် (၂၄) နှစ်အရွယ်ရှိ ကွင်းလယ် ကစားသမား တိုနီခရုစ်အား ပရီမီယာလိဂ်ကလပ် မန်ယူအသင်းသို့ ရောင်းချမည်မဟုတ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်း အားကစား ဒါရိုက်တာ ဆမ်မာက ပြောကြားခဲ့သည်။ ကွင်းလယ်ကစားသမား တိုနီခရုစ်၏ လက်ရှိဘိုင်ယန်မြူးနစ် အသင်းနှင့် စာချုပ်သက်တမ်းသည် ၂၀၁၅ ခုနှစ် ရောက်မှသာ ကုန်ဆုံး မည်ဖြစ်သော်လည်း ၎င်း 
အားဆုံးရှုံးရန် အလိုမရှိသော ဘိုင်ယန်မြူးနစ် အသင်းအနေဖြင့် စာချုပ်သစ်တစ်ရပ်ထပ်တိုးချုပ်ဆိုရန် ဆန်္ဒရှိနေ ကြောင်း သိရသည်။ မန်ယူအသင်းအနေဖြင့်လည်း ဇန်န၀ါရီအပြောင်းအရွှေ့ကာလ အတွင်း ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား တိုနီခရုစ်အားခေါ်ယူရန် ပြင်ဆင်ခဲ့သော်လည်း တိုနီခရုစ်အား လုံလောက်သောပြောင်းရွှေ့ကြေး မပေးနိုင်ခဲ့ပေ။ ထို့ကြောင့် ဘိုင်ယန်မြူးနစ်အသင်းက တိုနီခရုစ်အား စာချုပ်သစ်ချုပ်ဆိုမည်ဖြစ်ကြောင်းနှင့် တိုနီခရုစ်မှာ ဘိုင်ယန်မြူးနစ်၌သာ ဆက်ရှိနေလိမ့်မည်ဖြစ်ကြောင်း လူသိရှင်ကြား ပြောကြားထားသည်။

== ပေါ့ပ်ဘုရင်မ မက်ဒေါနားနှင့်အတူ အမျိုးသမီးများဘက်ကရပ်တည်သွားမည့်မိုင်လီဆိုင်းယက်စ်==

 MTV Unpluggedဂီတဖျော်ဖြေပွဲတွင် ပေါ့ပ်ဘုရင်မ မက်ဒေါနား နှင့်အတူ ပထမဆုံးအကြိမ်အနေဖြင့် အတူတွဲဖက်ဖျော်ဖြေခဲ့သည့် အမေရိကန်မင်းသမီးနှင့် ဂီတကြယ်ပွင့်မိုင်လီဆိုင်းယက်စ်က မက်ဒေါနား ကဲ့သို့ပင် သူ၏ အသက်(၅၅)နှစ် အရွယ်အထိ အမျိုးသမီးများ၏ အကျိုး လိုလားဆောင်ရွက်သူအဖြစ် ရပ်တည်သွားရန် မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အသက်(၂၁)နှစ်အရွယ်ရှိ တေးသံရှင် မိုင်လီဆိုင်းယက်စ်က မက်ဒေါနားသည် ဂီတပညာရှင်တစ်ဦးထက် အမျိုးသမီးတစ်ဦးအဖြစ်သာ ပိုမိုရပ်တည်ခဲ့ကြောင်း၊ အနာဂတ်မျိုးဆက်သစ်များအတွက် မက်ဒေါနား ကဲ့သို့ အမျိုးသမီးများဘက်မှ ရပ်တည်သွားမည်ဖြစ်ပြီး အခြားသော အနုပညာရှင်များကိုလည်း တွန်းအားပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။ 

==SHINee၏ တတိယအကြိမ်မြောက် ဂီတဖျော်ဖြေပွဲဆိုးလ်မြို့ အားကစားရုံ၌ ကျင်းပသွားမည်== 

 တောင်ကိုရီးယားဂီတအဖွဲ့SHINee က ၎င်းတို့၏ တတိယအကြိမ်မြောက် ဂီတဖျော်ဖြေပွဲကို မတ်လ ၈ ရက် နှင့် ၉ ရက်များတွင် ဆိုးလ်မြို့ရှိ Gymnasium အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း အက်စ်အမ်အင်န်တာတိန်းမန့်မှ သိရသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲများတွင် ယခင်ထွက်ရှိခဲ့ဖူးသည့်အယ်လ်ဘမ်များမှ သီချင်းများ၊ တစ်ကြိမ် တစ်ခါမျှ ဖျော်ဖြေခြင်းမရှိခဲ့ဖူးသည့် သီချင်းများနှင့် ပရိသတ်များ မမေ့နိုင်သည့်သီချင်းများဖြင့် သီဆို ဖျော်ဖြေသွားကြမည်ဖြစ်ပြီး လက်မှတ်များကို ဖေဖော်ဝါရီ ၆ ရက်မှ စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ှုံSHINeeအဖွဲ့သည် ၂၀၁၃ ခုနှစ်အတွင်းက Dream Girl? Why So Serious? နှင့်Everybody' အယ်လ်ဘမ်သုံးခုထွက်ရှိခဲ့ပြီး ဂျပန်နိုင်ငံတွင် ဒုတိယအကြိမ်မြောက် JAPAN ARENA TOURကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ 

==ငွေကြယ်-Myo Sandar Maung==

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)