==အူဒီးနိစ်နှင့် ဖီအိုရင်တီးနား==
အူဒီးနိစ်ကွင်းမှာ ကစားတိုင်း ဖီအိုရင်တီးနားတို့ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတာချည်းပါပဲ။ အူဒီးနိစ် တို့က အိမ်ကွင်းမှာဖီအိုရင်တီးနားကို အနိုင်ယူခဲ့တာများတာမို့ ဒီပွဲမှာ လူစုံထုတ်ပြီး အနိုင်ရလဒ်အတွက် ကြိုးစားပါလိမ့်မယ်။ အခုတလော အိမ်ကွင်းပွဲစဉ်တွေမှာ နိုင်ပွဲဆက်နေ တဲ့အူဒီးနိစ်ဟာ ဒီအဆင့်ကိုရောက် ဖို့အတွက် အင်တာမီလန်နဲ့ အေစီ မီလန်တို့လို မာကျောတဲ့အသင်းတွေ ကို ဖြတ်ကျော်ခဲ့ရတာမို့ ခြေစွမ်းပိုင်းက အကောင်းဆုံး အနေအထားကို ရောက်ရှိနေပြီး စိတ်ဓာတ်ပိုင်းလည်း အမြင့်ဆုံးအနေအထားရှိနေပါတယ်။ ဖီအိုရင်တီးနားတို့ကတော့ ကိုပါ အီတာလီယာဖလားပွဲစဉ်တွေမှာ အမြဲ တမ်းတိုက်စစ်ဖွင့် ကစားလေ့ရှိပြီး ပြိုင်ဘက်တွေကိုအနိုင်ယူလိုစိတ်ပြင်း ပြင်းနဲ့ ကစားတတ်တာမို့ အူဒီးနိစ် တို့လည်း အိမ်ကွင်းဆိုပေမယ့် သိပ်တော့မလွယ်ပါဘူး။ ဒီပွဲဟာခြေရည် တူတဲ့အသင်းတွေရဲ့ အရေးကြီးတဲ့ ပွဲစဉ်ဖြစ်တာမို့ ရလဒ်မပြတ်သား နိုင်တဲ့ပွဲလည်း ဖြစ်သွားနိုင်ပါတယ်။
==ရိုးမားနှင့် နာပိုလီ==
ဒီနှစ်သင်းဆုံတိုင်း ရိုးမားတို့ နိုင်ပွဲရအောင် ကစားနိုင်ခဲ့တာများ ပါတယ်။ ရိုးမားနဲ့နာပိုလီတို့ နောက်ဆုံး သုံးကြိမ်ဆုံတွေ့ခဲ့ရာမှာ ရိုးမားက နှစ်ကြိမ် နိုင်ပွဲရယူထားနိုင်ပါတယ်။ ရိုးမားကွင်းမှာနောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ နာပိုလီတို့ ၂၀၁၁ ခုနှစ်က တစ်ကြိမ်သာ အနိုင်ရခဲ့ဖူးပါတယ်။ ကိုပါအီတာလီယာဖလား ပြိုင်ပွဲမှာ တော့ ရိုးမားတို့နှစ်ကြိမ် နာပိုလီကို အနိုင်ယူထားတာမို့ ရိုးမားတို့က စိတ်ဓာတ်အသာစီးရရှိထားပါတယ်။ အဝေးကွင်းမှာ ခြေယိမ်းယိုင်တတ်တဲ့ နာပိုလီဟာ အစဉ်အလာအရရော လက်ရှိခြေစွမ်းပိုင်းအရပါ ရိုးမား တို့ကို ဖိအားပေးကစားမှာ သေချာ ပါတယ်။ ရိုးမားတိုက်စစ်မှူးတွေဟာ ဂိုးသွင်းခြေစွမ်းထက်မြက်ကြသူတွေ ဖြစ်ပြီး ပြိုင်ဘက်ဂိုးဧရိယာအတွင်း မှာ အနိုင်ဂိုးတွေသွင်းယူနိုင်ကြသူ တွေမို့ အားကိုးရသူတွေဖြစ်ပါတယ်။ ဒါကြောင့် ပထမအကျော့ အကြို ဗိုလ်လုပွဲ ရလဒ်ကို ပြတ်သားအောင် ရိုးမားတို့ ပုံဖော်ပါလိမ့်မယ်။ ။
==မိုးမြင့်လင်းလက်==
ကိုပါအီတာလီယာအကြိုဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက်တွေမှာ ယှဉ်ပြိုင်ကစားကြပါတော့မယ်။ ဒီပွဲစဉ်မှာ အူဒီးနိစ်နဲ့ ဖီအိုရင်တီးနား၊ ရိုးမားနဲ့ နာပိုလီတို့အကြိတ်အနယ်ယှဉ်ပြိုင် ကစားကြမှာဖြစ်လို့ ပွဲကောင်းတွေအဖြစ် မြင်တွေ့ကြရဦးမှာဖြစ်ပါသည်။ ဒီပွဲစဉ်မှာ ပြတ် သားတဲ့ရလဒ်ကိုရယူထားနိုင်မှ ဒုတိယအကျော့အတွက် စိတ်အေးရမှာမို့ ခြေကုန်ထုတ်ကြမယ့် ဒီပွဲအတွက်ရင်ခုန်စရာ ကောင်းနေတာတော့အမှန်ပါပဲ။
==အူဒီးနိစ်နှင့် ဖီအိုရင်တီးနား==
အူဒီးနိစ်ကွင်းမှာ ကစားတိုင်း ဖီအိုရင်တီးနားတို့ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတာချည်းပါပဲ။ အူဒီးနိစ် တို့က အိမ်ကွင်းမှာဖီအိုရင်တီးနားကို အနိုင်ယူခဲ့တာများတာမို့ ဒီပွဲမှာ လူစုံထုတ်ပြီး အနိုင်ရလဒ်အတွက် ကြိုးစားပါလိမ့်မယ်။ အခုတလော အိမ်ကွင်းပွဲစဉ်တွေမှာ နိုင်ပွဲဆက်နေ တဲ့အူဒီးနိစ်ဟာ ဒီအဆင့်ကိုရောက် ဖို့အတွက် အင်တာမီလန်နဲ့ အေစီ မီလန်တို့လို မာကျောတဲ့အသင်းတွေ ကို ဖြတ်ကျော်ခဲ့ရတာမို့ ခြေစွမ်းပိုင်းက အကောင်းဆုံး အနေအထားကို ရောက်ရှိနေပြီး စိတ်ဓာတ်ပိုင်းလည်း အမြင့်ဆုံးအနေအထားရှိနေပါတယ်။ ဖီအိုရင်တီးနားတို့ကတော့ ကိုပါ အီတာလီယာဖလားပွဲစဉ်တွေမှာ အမြဲ တမ်းတိုက်စစ်ဖွင့် ကစားလေ့ရှိပြီး ပြိုင်ဘက်တွေကိုအနိုင်ယူလိုစိတ်ပြင်း ပြင်းနဲ့ ကစားတတ်တာမို့ အူဒီးနိစ် တို့လည်း အိမ်ကွင်းဆိုပေမယ့် သိပ်တော့မလွယ်ပါဘူး။ ဒီပွဲဟာခြေရည် တူတဲ့အသင်းတွေရဲ့ အရေးကြီးတဲ့ ပွဲစဉ်ဖြစ်တာမို့ ရလဒ်မပြတ်သား နိုင်တဲ့ပွဲလည်း ဖြစ်သွားနိုင်ပါတယ်။
==ရိုးမားနှင့် နာပိုလီ==
ဒီနှစ်သင်းဆုံတိုင်း ရိုးမားတို့ နိုင်ပွဲရအောင် ကစားနိုင်ခဲ့တာများ ပါတယ်။ ရိုးမားနဲ့နာပိုလီတို့ နောက်ဆုံး သုံးကြိမ်ဆုံတွေ့ခဲ့ရာမှာ ရိုးမားက နှစ်ကြိမ် နိုင်ပွဲရယူထားနိုင်ပါတယ်။ ရိုးမားကွင်းမှာနောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ နာပိုလီတို့ ၂၀၁၁ ခုနှစ်က တစ်ကြိမ်သာ အနိုင်ရခဲ့ဖူးပါတယ်။ ကိုပါအီတာလီယာဖလား ပြိုင်ပွဲမှာ တော့ ရိုးမားတို့နှစ်ကြိမ် နာပိုလီကို အနိုင်ယူထားတာမို့ ရိုးမားတို့က စိတ်ဓာတ်အသာစီးရရှိထားပါတယ်။ အဝေးကွင်းမှာ ခြေယိမ်းယိုင်တတ်တဲ့ နာပိုလီဟာ အစဉ်အလာအရရော လက်ရှိခြေစွမ်းပိုင်းအရပါ ရိုးမား တို့ကို ဖိအားပေးကစားမှာ သေချာ ပါတယ်။ ရိုးမားတိုက်စစ်မှူးတွေဟာ ဂိုးသွင်းခြေစွမ်းထက်မြက်ကြသူတွေ ဖြစ်ပြီး ပြိုင်ဘက်ဂိုးဧရိယာအတွင်း မှာ အနိုင်ဂိုးတွေသွင်းယူနိုင်ကြသူ တွေမို့ အားကိုးရသူတွေဖြစ်ပါတယ်။ ဒါကြောင့် ပထမအကျော့ အကြို ဗိုလ်လုပွဲ ရလဒ်ကို ပြတ်သားအောင် ရိုးမားတို့ ပုံဖော်ပါလိမ့်မယ်။ ။
==မိုးမြင့်လင်းလက်==

No comments:
Post a Comment