**လီဗာပူးနှင့် ဆွမ်ဆီး**
နိုင်ပွဲတွေ ပြန်ရနေတဲ့ လီဗာပူး ဟာ ခုခံမှုအားကောင်းတဲ့ ဆွမ်ဆီးကို သတိထားကစားရပါလိမ့်မယ်။ လီဗာ ပူးဟာ အိမ်ကွင်းမှာ ဂိုးတွေရအောင် သွင်းယူတတ်တာမို့ အဝေးကွင်း ရလဒ် မကောင်းတတ်တဲ့ ဆွမ်ဆီးတို့လည်း ရင်တမမနဲ့ ကစားရပါလိမ့်မယ်။ တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ မွှေနှောက် နိုင်မှုတွေက ဆွမ်ဆီးခံစစ်မှူးတွေကို အမှားအယွင်းဖြစ်ပေါ်စေမှာပါ။ ဒီပွဲ မှာ လီဗာပူးတို့အတွက် အနိုင်သုံးမှတ် သေချာစေမယ့်ပွဲဖြစ်ပြီး တန်းစီဇယား မှာ ရပ်တည်မှု နေရာကောင်းအောင် အားထုတ်မယ့်ပွဲလည်း ဖြစ်ပါတယ်။ လီဗာပူးတိုက်စစ်မှူးတွေ စွမ်းဆောင် မှု ကောင်းကောင်းနဲ့ အဆုံးသတ် သေချာခဲ့ရင်တော့ ပြတ်သားတဲ့ ရလဒ် နဲ့အတူ အပျော်တွေဟာ လီဗာပူး ပရိသတ်အတွက် ဖြစ်စေမှာပါ။
**နော့ဝှစ်နှင့် စပါး**
ပထမအကျော့စပါးကွင်းမှာ နှစ် ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့ ရှုံးကြွေးကို နော့ဝှစ်တို့ ဒီပွဲမှာလည်း ပြန်ဆပ်နိုင် ဖို့ခဲယဉ်းပါလိမ့်မယ်။ ရလဒ်တွေ ဆိုး ရွားနေတဲ့ နော့ဝှစ်ဟာ မန်စီးတီးကို သရေကစားနိုင်တဲ့ ခြေစွမ်းမျိုး ပြန်ရ ရင်တော့ စပါးတို့ သတိထားရပါလိမ့် မယ်။
စပါးအသင်းဟာ နိုင်ပွဲတွေ ပြန် ရနေပြီး အသင်းလိုက် အားထုတ်မှု လည်း ပြန်ကောင်းနေတာမို့ ဒီပွဲကို အဝေးကွင်းဆိုပေမယ့် အနိုင်ရအောင် ကြိုးစားပါလိမ့်မယ်။ အဝေးကွင်းမှာ စိတ်ဓာတ်ကောင်းကောင်းနဲ့ ကစား တတ်တဲ့ စပါးကိုပဲ ဒီပွဲမှာ စိတ်တိုင်း ကျစရာအဖြစ် ရွေးရမှာ ဖြစ်ပါတယ်။
**နယူးကာဆယ်နှင့် ဗီလာ**
နှစ်သင်းစလုံးခြေစွမ်းက အားရ စရာမရှိပေမယ့် ခြေရည်တူနေလို့ အကြိတ်အနယ်ရှိမယ့် ပွဲပါပဲ။ ပထမ အကျော့ ဗီလာကွင်းမှာ ကစားတော့ ဗီလာတို့ နှစ်ဂိုး-တစ်ဂိုး ရှုံးထားတာမို့ အခု အဝေးကွင်းပွဲဖြစ်တာမို့ ရလဒ် ကောင်းဖို့ အခွင့်အရေးပိုနည်းနေပါ တယ်။ ဒါပေမယ့် တစ်ခါတစ်ရံ အဝေး ကွင်းမှာ ခြေစွမ်းပြနေတဲ့ ဗီလာရဲ့ အားထုတ်မှုကလည်း သတိပြုစရာ ဖြစ်နေပါတယ်။ အခုတစ်လော တိုက် စစ်မှူးတွေ ဂိုးမိုးခေါင်နေတဲ့ နယူးကာ ဆယ်တို့ကလည်း အလေးထား ပြင် ဆင်ကစားပါမှ အမှတ်ရဖို့ရှိနေပါ တယ်။ အကြိုက်က အိမ်ရှင်ပါ။
*မိုးမြင့်လင်းလက်*

No comments:
Post a Comment