ယူရိုပါလိဂ်(၃၂)သင်းးအဆင့်ပထမအကျောပွဲစဉ်များ
ကို ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းက ယှဥြှ်ပိုင်ကစားခဲ့ရ့ာ ဗလင်
စီယာ၊ ဂျူဗင်တတ်စ်နှင့်ဘင်ဖီကာတို့ နိင်ပွဲများရရှိကြသည်။(ဗလင်စီယာအသင်းသားတွေအောင်ပွဲခံနေစဉ်)
ယူကရိန်းနိုင်ငံ၏မြို့တော် ကိယက်ဗ်တွင် အကြမ်းဖက် မှုများ ဆက်လက်ဖြစ်ပွားခဲ့ခြင်းကြောင့် ဆိုက်ပရက်စ်သို့ ပြောင်းရွှေ့ကစားခဲ့ရသော ဒိုင်နမိုကိဗ်နှင့် ဗလင်စီယာတို့ ပွဲစဉ်တွင် ဒုတိယပိုင်း ၇၉ မိနစ်နှင့် မိနစ် ၉၀ တို့တွင် ဗာဂတ်စ်နှင့် ဖက်ဟူလီတို့ သွင်းယူပေးခဲ့သောသွင်းဂိုးများ ဖြင့် ဗလင်စီယာအသင်းက ဒိုင်နမိုကိဗ်အသင်းကို နှစ်ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ တူရင်မြို့၌ ယှဉ်ပြိုင်ကစားခဲ့သော အီတလီစီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းနှင့် ထရက်ဘ် ဇွန်စပေါအသင်းတို့ ပွဲစဉ်တွင် အငှားစာချုပ်ဖြင့် ဂျူဗင် တပ်သို့ ရောက်ရှိလာသည့် အော့စ်ဗဲဒိုးနှင့်အသင်း၏ အားထားရသော ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာ တို့၏သွင်းဂိုးများဖြင့် အိမ်ကွင်း၌ ဂျူဗင်တပ်အသင်းက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ နယ်သာလန်ချန်ပီယံ အိုင်းယက်စ်အသင်းနှင့် ဆယ်လ်ဇဘတ်တို့၏ ပွဲစဉ်တွင် အိုင်းယက်စ်အသင်းက အိမ်ကွင်းဖြစ်သော်လည်း သုံးဂိုးပြတ်ဖြင့်ရှုံးနိမ့်ခဲ့ပြီး ဘင်ဖီကာအသင်းနှင့် ဆယ်လိုနီကာအသင်းတို့ ပွဲစဉ်တွင် ဘင်ဖီကာအသင်းက တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
(ဘင်ဖီကာအသင်းက တစ်လုံးတည်းသောဂိုးဖြင့်အနိုင်ရ)
တို့၏ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီသရေပွဲဖြစ်ခဲ့ပြီး ဒုတိယ အကျော့တွင် အနိုင်ရရှိသောအသင်းသည် ဆွမ်းဆီးအသင်း သို့မဟုတ် နာပိုလီအသင်းနှင့် ၁၆ သင်းအဆင့်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဒီနီပရိုအသင်းနှင့် စပါးအသင်းတို့၏ပွဲစဉ်တွင် ပြိုင် ဘက်အသင်းအားလျှော့တွက်ခဲ့သည့် စပါးအသင်း အဝေး ကွင်းတွင် ဒီနီပရိုအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်ရှုံးနိမ့်ကာ အမှတ်ဗလာဖြင့်အိမ်ပြန်ခဲ့ရသည်။ တဲလ်အဗစ်နှင့် ဘေဆယ်တို့၏ပွဲစဉ်တွင် ဂိုးမရှိသရေ၊ မာရီဘောနှင့်ဆီဗီ လာတို့ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီသရေ၊ ပယ်လ်ဇန်နှင့် ရှက်ခ်တာဒိုးနက်စ်ခ်တို့၏ပွဲစဉ်တွင် တစ်ဂိုးစီသရေ၊ ဆွမ်ဆီး နှင့်နာပိုလီတို့ပွဲစဉ်တွင် ဂိုးမရှိသရေ၊ ဘတ်တစ်နှင့်ရူဘင် ကာဇန်တို့ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီသရေစသည်ဖြင့် ရလဒ်များအသီးသီးထွက်ပေါ်ခဲ့ပြီး ဒုတိယအကျော့ပွဲစဉ်များ ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
*ငွေကြယ်*
ယူရိုပါလိဂ်(၃၂)သင်းးအဆင့်ပထမအကျောပွဲစဉ်များ
ကို ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းက ယှဥြှ်ပိုင်ကစားခဲ့ရ့ာ ဗလင်
စီယာ၊ ဂျူဗင်တတ်စ်နှင့်ဘင်ဖီကာတို့ နိင်ပွဲများရရှိကြသည်။
(ဗလင်စီယာအသင်းသားတွေအောင်ပွဲခံနေစဉ်)
(ဘင်ဖီကာအသင်းက တစ်လုံးတည်းသောဂိုးဖြင့်အနိုင်ရ)
တို့၏ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီသရေပွဲဖြစ်ခဲ့ပြီး ဒုတိယ အကျော့တွင် အနိုင်ရရှိသောအသင်းသည် ဆွမ်းဆီးအသင်း သို့မဟုတ် နာပိုလီအသင်းနှင့် ၁၆ သင်းအဆင့်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဒီနီပရိုအသင်းနှင့် စပါးအသင်းတို့၏ပွဲစဉ်တွင် ပြိုင် ဘက်အသင်းအားလျှော့တွက်ခဲ့သည့် စပါးအသင်း အဝေး ကွင်းတွင် ဒီနီပရိုအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်ရှုံးနိမ့်ကာ အမှတ်ဗလာဖြင့်အိမ်ပြန်ခဲ့ရသည်။ တဲလ်အဗစ်နှင့် ဘေဆယ်တို့၏ပွဲစဉ်တွင် ဂိုးမရှိသရေ၊ မာရီဘောနှင့်ဆီဗီ လာတို့ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီသရေ၊ ပယ်လ်ဇန်နှင့် ရှက်ခ်တာဒိုးနက်စ်ခ်တို့၏ပွဲစဉ်တွင် တစ်ဂိုးစီသရေ၊ ဆွမ်ဆီး နှင့်နာပိုလီတို့ပွဲစဉ်တွင် ဂိုးမရှိသရေ၊ ဘတ်တစ်နှင့်ရူဘင် ကာဇန်တို့ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီသရေစသည်ဖြင့် ရလဒ်များအသီးသီးထွက်ပေါ်ခဲ့ပြီး ဒုတိယအကျော့ပွဲစဉ်များ ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
*ငွေကြယ်*

No comments:
Post a Comment