--ဖူလ်ဟမ်တိုက်စစ်မှူး ဘာဘာ တော့ဗ်ကို ပြင်သစ်ပထမတန်း ကလပ် မိုနာကိုသို့အငှားချ--
ဖူလ်ဟမ်တိုက်စစ်မှူးး ဘာဘာ တော့ဗ်ကို ပြင်သစ်ပထမတန်း ကလပ် မိုနာကိုသို့ ရာသီကုန်သည့် တိုင်အောင် အငှားချထားလိုက်သည်။ အသက် ၃၃ နှစ်ရှိ ဘူလ်ဂေးရီးယား ကစားသမား ဘာဘာတော့ဗ်သည် နွေရာသီတွင် ကန်ထရိုက်စာချုပ်ကုန် ဆုံးမည်ဖြစ်သည်။ ၄င်းသည် ယခုနှစ်ရာသီတွင် ၁၉ ပွဲကစားခဲ့ရာ ငါးဂိုး သွင်းယူပေးထားသည်။ ဘာဘာ တော့ဗ်အား အသင်းဟောင်းစပါးက ပြန်ခေါ်ရန် ဆက်သွယ်ထားသည်။ သို့သော်လည်း ယခုနှစ်ရာသီတွင် ပြင်သစ်ကလပ်၌ သွားရောက်ကစားရ တော့မည်ဖြစ်သည်။ မိုနာကိုအသင်း သည် မေလက ပေါင်သန်း ၅၀ ဖြင့် စာချုပ်လိုက်သော ဖယ်ကာအိုဒူးခေါင်း ပြင်းထန်စွာ ဒဏ်ရာရရှိထားသဖြင့် တိုက်စစ်မှူး အခက်အခဲဖြစ်ရသည်။ မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာ တော့ဗ်သည် ၂၀၁၂ သြဂုတ်လက မန်ယူမှ ဖူလ်ဟမ်သို့ ပြောင်းပြီး နောက် ပရီမီယာလိဂ်ပြိုင်ပွဲ ၅၁ ပွဲတွင် ၁၉ ဂိုး သွင်းယူပေးထားသည်။
==အာဆင်နယ်က ဆွီဒင်ကွင်းလယ် ကစားသမား ကင်ကယ်စထရောင်း အား အငှားစာချုပ်ဖြင့် ခေါ်ယူ==
အာဆင်နယ်က ဆွီဒင်ကွင်းလယ် ကစားသမား ကင်ကယ်စထရောင်း အား ရာသီကုန်သည့်တိုင်အောင် အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်သည်။ အသက် ၃၁ နှစ်ရှိ အဆိုပါ ကွင်းလယ် ကစားသမားသည် ဒဏ်ရာရ ရမ်ဆေး နှင့်ဂျက်ဝီလ်ရှီးယားတို့နေရာကာမိစေ ရန် ခေါ်ယူလိုက်ခြင်းဖြစ်သည်ဟု ဆို သည်။ ကလပ်နှင့် နိုင်ငံတကာအတွေ့ အကြုံများသော ကယ်စထရောင်း ကို ကြိုဆိုကြောင်း အာဆင်နယ် နည်းပြ၀င်းဂါးက ပြောသည်။ အာဆင် နယ်အသင်းသည် ကစားသမားကောင်း အများအပြားရှိသည့် အံ့သြဖွယ် အသင်းတစ်သင်းဖြစ်ကြောင်း ကယ် စထရောင်းကပြောသည်။
--ဆန်းဒါးလန်း၊၃ပွဲဆက်တိုက်အနိုင်ရ---
လန်ဒန် ဖေဖော်ဝါရီ ၁
အင်္ဂလိပ်ပရီမီယာလိဂ်ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားရာ အစောပိုင်းပြိုင်ပွဲများအဖြစ် နယူးကာဆယ်နှင့် ဆန်းဒါးလန်း၊ ၀က်စ်ဟမ်းနှင့် ဆွမ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပထမပိုင်းတွင် ဧည့်သည်အသင်း ဆန်းဒါးလန်းက အိမ်ရှင်နယူးကာဆယ်ကို ဘောလုံးပိုင်ဆိုင်မှုအများဆုးံ ရယူကာ ဦး ဆောင်ဂိုး၂ဂိုးသွင်း ယူနိုင်ခဲ့သည်။ ပထမပိုင်း ၂၃ မိနစ်မှာပင် ဆန်းဒါးလန်းက နှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ ဆန်းဒါးလန်းအတွက် အဖွင့်ဂိုးကို ဘိုရီနီက ပွဲချိန် ၁၉ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။ ဒုတိယအနိုင်ဂိုးကို ဂျွန်ဆင်က သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် ဆန်းဒါးလန်း အတွက် ကိုးလ်ဘက်က တတိယဂိုး သွင်းယူပေးခဲ့သည်။
နယူးကာဆယ် တို့ချေပဂိုးရရှိရေး အကြိတ်အနယ် ကြိုးစားသော်လည်း တစ်ဂိုးမျှ ပြန် မသွင်းနိုင်ဘဲ အဆုံးသတ်ခဲ့သည်။ ယင်းနိုင်ပွဲသည် ဆန်းဒါးလန်းတို့ သုံးပွဲမြောက် ဆက်တိုက်အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထို့အတူ ၀က်စ်ဟမ်းအသင်းက ဆွမ်ဆီးကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရ ခဲ့သည်။ အဖွင့်ဂိုးကို နိုလန်က ပွဲချိန် ၂၆ မိနစ်တွင် သွင်းယူခဲ့သည်။ ပထမ ပိုင်းပြီးခါနီးတွင် နိုလန်ကပင် ၀က်စ် ဟမ်းအတွက် ဒုတိယဂိုး သွင်းယူခဲ့ သည်။ ဒုတိယပိုင်း ၅၉ မိနစ်တွင် ကာရိုးလ် အနီကတ်ဖြင့် ထွက်ခဲ့ရ၍ ၀က်စ်ဟမ်းတို့ဆွမ်ဆီးကို ၁၀ ယောက် ၁၁ ယောက်ဖြင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ ရသည်။
--ကောင်းမြတ်သူ-

No comments:
Post a Comment