လာလီဂါပွဲစဉ်(၂၂)ကို ဖေဖော်ဝါ ရီ ၂ ရက်နဲ့ ၃ ရက်တွေမှာ လက်ကျန် ပွဲစဉ်တွေ ဆက်ကစားမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ ရီးရဲမက်ဒရစ်က အဝေးကွင်းမှာ ဘီလ်ဘာအိုနဲ့ ကစားရ မှာဖြစ်ပြီး အက်သလက်တီကိုတို့က အိမ်ကွင်းမှာ ဆိုစီဒက်ကို လက်ခံကစား ရမှာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်တို့ အတွက် ခက်ခဲမှာဖြစ်သလို အက်သ လက်တီကိုတို့အတွက်ကလည်း ရင်မော ရမယ့်ပွဲစဉ်ဖြစ်နေပါတယ်။
ဘီလ်ဘာအိုနှင့် ရီးရဲမက်ဒရစ်
ဘီလ်ဘာအိုရဲ့ အိမ်ကွင်းခြေစွမ်း က မာကျောခက်ထန်တာမို့ ရီးရဲမက် ဒရစ်တို့ အလေးထားကစားရမှာ ဖြစ် ပါတယ်။ ဘီလ်ဘာအိုဟာ အိမ်ကွင်းမှာ ဘာစီလိုနာကို အနိုင်ယူထားတာမို့ အခုအလှည့်က ရီးရဲမက်ဒရစ်တို့ဖြစ် နေမလားဆိုတာ တွေးပူစရာပါပဲ။ ဘီလ်ဘာအိုရဲ့နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲရလဒ်ကတစ်ပွဲသာရှုံးထားတာမို့ ရီးရဲမက်ဒရစ်အတွက် ခက်ခဲမယ့်ပွဲဖြစ် နေပါတယ်။ ရီးရဲမက်ဒရစ်ဟာ နိုင်ပွဲ တွေချည်း ဆက်တိုက်ရယူနိုင်တဲ့ ခြေ စွမ်းရှိတဲ့အပြင် ဘီလ်ဘာအိုကွင်းမှာ နိုင်ပွဲရအောင်ကစားနိုင်တဲ့ အစဉ် အလာရှိပါတယ်။ ဒါပေမယ့် ဘီလ်ဘာ အိုတိုက်စစ်မှူးတွေဖြစ်တဲ့ အီဘိုင်နဲ့ ဒဒူရစ်တို့က ဂိုးသွင်းသေချာတဲ့အပြင် ခံစစ်ပိုင်းကလည်းကျစ်လျစ်သိပ်သည်း တာမို့ ရီးရဲမက်ဒရစ်တိုက်စစ်မှူးတွေ အတွက် အကျပ်အတည်းနဲ့တွေ့နိုင်ပါ တယ်။ ကစားအားနဲ့ကစားပုံမှာ အိမ် ရှင်ကို ကြိုက်ပေမယ့် ရလဒ်ပိုင်းအတွက် ကတော့ ဧည့်သည်ဘက်ကပဲ ရပ်ရမှာ ဖြစ်ပါတယ်။
ဗီလာရီးရဲလ်နှင့် အိုဆာဆူနာ
ဗီလာရီးရဲလ်ဟာ အိမ်ကွင်းခြေစွာ တတ်ပြီး ပြိုင်ဘက်ကိုအကျပ်တွေ့ အောင်ကစားနိုင်တာမို့ အိုဆာဆူနာ ဟာ ခြေကုန်ထုတ်မှ ရပါလိမ့်မယ်။ ဗီလာရီးရဲလ်ကွင်းမှာကစားတိုင်း အိုဆာ ဆူနာတို့ ရုန်းကန်ခဲ့ရလေ့ရှိပြီး ရလဒ် ကောင်းဖို့ ပင်ပန်းခဲ့ရတာချည်းပါပဲ။
ဗီလာရီးရဲလ်တိုက်စစ်မှူးတွေဟာ ဂိုး သွင်းစွမ်းရည် မထက်မြက်ပေမယ့် အကျပ်အတည်းကြားက ဂိုးရအောင် သွင်းယူနိုင်ကြသူတွေ ဖြစ်ပါတယ်။ အိုဆာဆူနာတို့က အဝေးကွင်းမှာ ခြေမပေါ်တတ်တာမို့ ဒီပွဲမှာ ဗီလာရီး ရဲ ပရိသတ်တွေအတွက် ကျေနပ်စရာ ရလဒ်တွေပေါ်ထွက်လာဖို့များပါတယ်။
အက်သလက်တီကိုနှင့် ဆိုစီဒက်
ပွဲတိုင်းရလဒ်ကောင်းအောင်သတိ ထားကစားနေတဲ့အိမ်ရှင်ဟာ ဆိုစီဒက် နဲ့ ပွဲမှာလည်း အမှားအယွင်းလုပ်မှာ မဟုတ်ပါဘူး။ အက်သလက်တီကိုဟာ ဒီနှစ်လာလီဂါမှာ အိမ်ကွင်းရှုံးပွဲမရှိ သေးတာမို့ အခုပွဲမှာ အလေးထားပြီး ပြင်ဆင်ကစားမှာ သေချာပါတယ်။ အဝေးကွင်းမှာခြေချော်တတ်တဲ့ ဆိုစီ ဒက်ဟာ ဒီပွဲမှာလည်း ပထမအကျော့ ပွဲစဉ်မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ရှုံးထားတဲ့ အကြွေးကို ပြန်ဆပ်နိုင်ဖို့ သိပ်တော့ မလွယ်ပါဘူး။ ဂိုးသွင်းစွမ်းရည်မြင့်မား တဲ့ အက်သလက်တီကို တိုက်စစ်မှူး တွေကြောင့် ဧည့်သည်တို့အတွက် ဒီပွဲဟာ မျှော်လင့်ချက် အကောင် အထည်ဖော်ဖို့ ခက်ခဲပါလိမ့်မယ်။ ။
==မိုးမြင့်လင်းလက်==
==ရီးရဲမက်ဒရစ်နည်းပြအန်ဆယ်လော့တီ နဲ့  စူပါကစားသမားစီရိုနယ်ဒို ==

No comments:
Post a Comment