(၁) မအိပ်ခင် တီဗီ၊ ကွန်ပျူတာ မကြည့်ပါနဲ့။
လူအများစုက ၉နာရီ သတင်းကို ကြည့်ပြီးမှ အိပ်ရာဝင်ကြပါတယ်။ အိပ်ပျော်ရန် ခက်ခဲတဲ့ ပြဿနာ ရှိတဲ့ သူတစ်ဦးအတွက်တော့ အိပ်ရာမဝင်ခင် တီဗီကြည့်ခြင်း၊ ကွန်ပျူတာ ရှေ့ထိုင်ခြင်း၊ သုံးခြင်းက မသင့်တော်ပါဘူး။ ဦးနှောက် ကို အရမ်း လှုံ့ဆော်ပေးပြီး အိပ်ပျော် သွားဖို့အတွက် အချိန်ကြာကြာပိုယူ ရပါတယ်။
(၂) အိပ်ရာမဝင်ခင် နှစ်နာရီလောက် အလိုမှာ ပရိုတင်း ဓာတ် များများ ပါတဲ့ သရေစာတစ်ခုခုစားပါ။
ပရိုတင်း က Serotonin နှင့် melatonin ဆိုတဲ့ အိပ်စက်ခြင်း အတွက် လိုအပ်တဲ့ ဟော်မုန်း ၂ခုက ထုတ်တဲ့ နေရာမှာ ကူညီပေးပါတယ်။
(၃) မအိပ်ခင် ၂နာရီအတွင်း ဖျော်ရည် မသောက်ပါနဲ့ ။
မအိပ်ခင် ဖျော်ရည်သောက် ခြင်းဟာ ညအချိန်မှာ သန့်စင်ခန်း ခဏခဏ ထသွားနေရစေပါလိမ့်မယ်။
(၄) အိပ်ခန်းကို အမှောင်ချထားပါ ။
ညဘက်မှာ မီးဖွင့်ပြီး အိပ်ခြင်းက မကောင်းပါဘူး။ အလင်းရောင်နည်း နည်းလေးရှိခြင်းကတောင်မှ ဦးနှောက် က အိပ်စက်စေတဲ့ melatonin ဟော် မုန်းထွက်ခြင်းကို နှောင့်ယှက် ပါတယ်။
(၅) စောစော အိပ်ရာဝင်ပါ ။
ည၁၂နာရီ မတိုင်ခင်အစောပိုင်း အိပ်ချိန်နာရီတွေဟာ အကျိုးကျေးဇူး နှစ်ဆရှိပြီး ၁၂နာရီနောက်ပိုင်း အိပ်ချိန် နာရီတွေကတော့ အကျိုးတစ်ဝက်ပဲ ရစေပါတော့တယ်။ ဒါ့ကြောင့် စောစော အိပ်ပါ။
Ref=မြန်မာရောင်စဉ်

No comments:
Post a Comment