>
ကလေးငယ်ငယ် လမ်းလျှောက်တတ်ကာစအရွယ် ယိုင်ထိုးယိုင်ထိုးကတည်းက လမ်းတွေ စမ်းလျှောက် ခဲ့တယ်။ အဖေအမေတွေက ရပ်နိုင်ပေ့ ရပ်နိုင်ပေ့လို့ အားပေးရင်း လဲသွားမှာစိုးစိတ်နဲ့ ဘေးကနေ ထိန်းကျောင်းရင်းပေါ့။ ကျွန်မက ငယ်ငယ်ကလေးထဲက လမ်းလျှောက်မြန်တယ်လို့ အမေက ပြောတယ်။ လမ်းလျှောက်တာမဟုတ်ဘဲ အပြေးတပိုင်း ဆတ်တောက်ဆတ်တောက်လျှောက်တာ တဲ့လေ။ ဘေးက ကြည့်နေသူတွေမှာ လဲတော့မလား လဲတော့မလားနဲ့ ရင်တထိတ်ထိတ်ကြည့်နေကြရသတဲ့။ လှေကား အဆင်းအတက်မှာတောင် ကျွန်မက ပြေးဆင်း ပြေးတက်လေ့ရှိပါသတဲ့။
အဲသလို အမြဲ ပြေးပြေးလွှားလွှားလျှောက်ရာက မတော်တဆလဲကျတဲ့အခါတွေမှာ ကျွန်မက မငိုဘူးဆိုဘဲ။ လူးလဲထပြီး ဘေးဘီကြည့်၊ ပြန်လျှောက်တတ်တယ်တဲ့လေ။ မပြေတဲ့တချို့လမ်းတွေမှာ အဖေက ချီမယ် ဆိုလည်း ကျွန်မက အဖေ့လက်ပေါ်က လျှောဆင်းချလို့ ကိုယ့်ဘာသာ လမ်းပေါ်ခြေချလျှောက် ချင်သူ ဖြစ်တယ်။ ကျွန်မလက်ကိုဆွဲထားတဲ့ အဖေ့ရဲ့လက်ထဲကနေ မကြာခဏ ရုန်းထွက်ပြီး လျှောက် တတ်သူလည်း ဖြစ်သတဲ့။ အဖေက အဲ့ဒီတုန်းကတည်းက ကြိုပြောခဲ့တယ်။ ကျွန်မဟာ ခေါင်းမာမယ်၊ တဇွတ်ထိုးဆန်မယ်၊ ဆုံးဖြတ်ချက်အချ မြန်မယ်၊ ကိုယ်ဖြစ် ကိုယ်ခံစိတ်ရှိမယ်တဲ့လေ။
ကလေးတုန်းကတော့ ကျွန်မလျှောက်ခဲ့တဲ့လမ်းတွေဟာ အိမ်တွင်းကြမ်းပြင်နဲ့ အိမ်ပေါ်ထပ် တက်တဲ့ လှေကားလောက်ပဲရှိခဲ့ရာက မူကြိုတက်ရတဲ့အရွယ်ရောက်တော့ ကျောင်းဝင်းထဲ၊ စာသင်ခန်းထဲ အပြင် သူငယ်ချင်းတွေနဲ့ ပြေးလွှားကစားရတဲ့ ကျောင်းဝင်းထဲက ကစားကွင်းထဲတွေအထိ ကျွန်မ ဒေါင်းဒေါင်းပြေးလျှောက်ခဲ့ပြန်တယ်။ ဒီလိုပဲ လဲရင် ပြန်ထ၊ ပြန်လျှောက်နဲ့ပေါ့။ ခြေလှမ်းတွေ မခိုင်မာသေးပေမဲ့ လဲအကျတွေဟာ ညင်သာနေခဲ့တယ်။ ဘေးကင်းတဲ့ အလဲအထတွေသာ ဖြစ်ခဲ့တယ်။
တဖြည်းဖြည်း ကျွန်မခြေလှမ်းတွေ ခိုင်လို့ အတန်းကျောင်းတက်ရတဲ့အခါ ကိုယ့်ခြေလှမ်းတွေကို ကိုယ် ယုံကြည်မှုရှိလာတယ်။ လဲမကျတော့ဘူးလို့ယုံကြည်တဲ့ ခြေလှမ်းတွေနဲ့ ရဲရဲဝံ့ဝံ့လှမ်းလို့…။ ကျွန်မခြေလှမ်းတွေကတော့ ခပ်မြန်မြန်လျှောက်တတ်နေဆဲပဲ။ လမ်းတွေဟာလည်း ကျောင်းနဲ့ အိမ်၊ အိမ်နဲ့ကျောင်း ရေတွက်လို့ရတဲ့ အလွတ်ရနေတဲ့ လမ်းမတွေပါပဲ။ လဲကျလည်း အန္တရာယ်မများလှတဲ့ လမ်းတွေမှာ ခြေချော်ကျခဲ့ရင်တောင် အကျညင်သာခဲ့တာပေါ့။ အလွယ်တကူ မေ့ပျောက်လွယ်ခဲ့တာပေါ့။
အရွယ်လေးရလာတဲ့အခါ ကျွန်မရဲ့လမ်းတွေဟာ အရင်ကလောက် မရိုးတော့ဘူး။ အကွေ့အကောက်တွေ များလာတယ်။ အနိမ့်အမြင့် အတက်အဆင်းတွေ များလာတယ်။ ရှေ့မှာ ဘယ်လိုလမ်းမျိုးရှိမယ်ဆိုတာ ခန့်မှန်းရခက်လာတယ်။ လမ်းခွဲတွေ လမ်းသွယ်တွေ ရှုပ်ထွေးလာတယ်။ ခပ်ပြေပြေလမ်းတွေ၊ ခပ်စောက်စောက်လမ်းတွေ….လမ်းလိမ်လမ်းကောက်တွေနဲ့ ကျွန်မဟာ အတော်လေး အထာမကျဖြစ်လို့။
ကျွန်မက ခပ်ရိုးရိုးအတွေးနဲ့၊ ခပ်ရိုးရိုးခြေလှမ်းနဲ့….။ လမ်းတွေက လိမ်ကောက်ပုံနဲ့…..ဘယ်လိုမှ သဟဇာတ မဖြစ်လိုက်ပုံ။ ဒီလမ်းက ထွက်လို့မှ ဒီခရီး မရောက်၊ ဒီလမ်း မပေါက်တဲ့အခါတွေ လည်းရှိရဲ့။ ရှေ့မှာတော့ ခပ်ပြေပြေလို့ မြင်နေပါရက်နဲ့ ဗြုန်းကနဲ ခပ်စောက်စောက် အနိမ့်အဆင်းတွေ၊ လမ်းရိုးကြီးလို့ ထင်လိုက်ပါရက်နဲ့ လျှောက်မိတော့မှ ခပ်မတ်မတ်လမ်းတွေ ဘွားကနဲအတွေ့မှာ ကျွန်မ ခြေကုန်လက်ပမ်း ကျခဲ့ရပြန်တယ်။ တင်ကြိုမမြင်နိုင်တဲ့ လမ်းအလျှောတွေမှာ ဟန်ချက်ပျက်တဲ့အခါ ကျွန်မကိုယ်တိုင် ထူထဖို့ အားပြန်ယူရတဲ့အခါတွေလည်း ရှိခဲ့ပါရဲ့။ အနာတရတွေဟာ ထင်သလောက် မသိမ်မွေ့တော့ဘူး။ ခက်ရှလာပြီ။ ဘယ်လိုမှ ပြန်လှည့်လို့မရတဲ့ လမ်းမှားတွေ လျှောက်မိတဲ့အခါ မှားမှန်းသိသိနဲ့ ဆက်လျှောက်နေရတဲ့ တစ်လမ်းသွားတွေပေါ်မှာ ဘဝက ဒဏ်ရာတွေ နက်လာခဲ့ပြီ။
ငယ်ငယ်ကလို ကျွန်မဘေးမှာ အဖေရှိမနေတော့ဘူး။ လဲတော့မလား လဲတော့မလားလို့ စိုးစိတ်တွေနဲ့ ဖေးမပေးမယ့်လက်တွေ မရှိကြတော့ဘူး။ လဲကျလို့မှ ဝိုင်းဝန်းထူမ မပေးတတ်ကြတော့တဲ့ အခါတွေထဲ ကိုယ်တိုင်ထူမတ်ရတဲ့အကြိမ်ကြိမ်တွေအတွက် အားအင်တွေမဲ့လို့။ ရောထိုင်နေလို့လည်း မပြီးတော့တဲ့ ခြေချော်လက်ချော်မှုတွေမှာ ကိုယ်တိုင်သာ အားကိုးရာ မဟုတ်လား။ ဒီလမ်းဒီခရီး မနီးလည်းဘဲ ကိုယ်တိုင်ရွေးချယ်လျှောက်ခဲ့တဲ့လမ်းတွေအတွက် ဘယ်သူမပြု မိမိမှုပါပဲ။ လမ်းတွေရှိနေသရွေ့ ခြေလှမ်းတွေ သယ်နိုင်နေသေးသရွေ့ ဆက်လျှောက်နေရဦးမှာ။
ဆုံးဖြတ်ချက်မြန်တဲ့ကျွန်မဟာ ကိုယ်တိုင်ရွေးချယ်လိုက်တဲ့ လမ်းမှားတစ်ခုအတွက် နောင်တဆိုတာထက် လမ်းမှန်ပေါ် ဘယ်လိုပြန်တက်ရမယ်ဆိုတာသာ ကျွန်မအတွက် ကူကယ်ရာ။ လျှောက်ချင်ခဲ့တဲ့ လမ်း၊ ရောက်ချင်ခဲ့တဲ့ခရီးတွေအတွက် အတ်ာကြာကြာ ယုံယုံကြည်ကြည်လျှောက်ခဲ့ပြီးမှ လမ်းမှားမှန်းသိလို့ ဂငယ်ကွေ့ တစ်ချက်တည်းအကွေ့မှာ ထိခိုက်မိတဲ့အခါတွေအတွက် ကျွန်မ ရင်နာတတ်ခဲ့ရပြီ။ လျှောက်လာခဲ့ရတဲ့ အချိန်တွေ၊ ရင်းနှီးခဲ့ရမှုတွေ၊ လမ်းကလေးအပေါ် ခြေချ ခဲ့ဖူးတဲ့ ခြေရာတွေအတွက်။ ရောက်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေအပြိုအလဲမှာ အစကနေ ပြန်စ ရတော့မယ်ဆိုတဲ့အသိအတွက်။ ဘေးတဘက်တချက်ဝဲယာ လမ်းမှန်လို့ထင်ရတဲ့လမ်းပေါ်က လူတွေရဲ့ အကြည့်တွေ၊ အဲဒီအကြည့်တွေထဲမှာ အထင်အမြင်သေးမှုတွေ၊ သရော်မော်ကားအပြုံးတွေ၊ ရှေ့တင်မှာပဲ စိုက်ချလိုက်မယ့် ဓါးချက်တွေ၊ စကားတင်းဆို လှောင်ပြောင်ရယ်သံတွေ....။ နင့်ကနဲ စူးနေအောင် ခံခဲ့ရတဲ့ ထိုးစိုက်မှုတွေနဲ့ ဘဝဟာ မွမွကြေလို့။
တခါတလေတော့လည်း မလျှောက်ဖြစ်ခဲ့ရင်ကောင်းမှာလို့ တွေးဖြစ်စေခဲ့တဲ့ လမ်းတွေအပေါ် မှတ်မှတ်ထင်ထင်နင်းလျှောက်ခဲ့မှုအတွက် ကျွန်မ ဝမ်းနည်းထိခိုက်ရပြန်တယ်။ ပြန်လှည့်ကြည့်လိုက်တိုင်း ထိထိခိုက်ခိုက်ခံစားရတဲ့ လမ်းတွေပေါ့။ ဟုတ်တယ်၊ တချို့လမ်းတွေဟာ ရပ်ကြည့်နေဖို့ပဲ၊ ခပ်လှမ်းလှမ်းကနေ လက်ပိုက် ရပ်ကြည့်နေဖို့ပဲ၊ လျှောက်လှမ်းဖို့ မရည်ရွယ်သင့်ဘူး။ လမ်းအဆုံးမှာ လွင့်ဝေးနေတဲ့ မတ်စောက်နေတဲ့ ကမ်းပါးတစ်ခုသာ ကြိုနေမယ့် လမ်းမျိုးပေါ့။ အနာတရတွေ သိပ်များမယ့် လမ်းမျိုးပေါ့။ ဒဏ်ရာနက်နက်တွေအတွက် လွယ်လွယ်ကူကူ မေ့ပျောက်နိုင်တော့မှာ မဟုတ်တဲ့ လမ်းမျိုးတွေပေါ့။
ကျွန်မတို့ လမ်းတွေလျှောက်တိုင်း လျှောက်တိုင်းမှာ လမ်းအဆုံးကိုရောက်ဖို့ ရည်ရွယ်တာလား၊ လမ်းအဆုံးမှာ တခုခုရှိနေမယ်လို့ သိနေကြလို့လား။ ဒါမှမဟုတ် လမ်းအဆုံးရောက်ပြီးတိုင်း ရွာတွေ့မယ်လို့ မျှော်လင့်ချက်ထားတတ်ကြလို့လား။ ဘာကြောင့် ဘယ်လိုရည်ရွယ်ချက်နဲ့ ကျွန်မတို့ လမ်းတွေကို လျှောက်ခဲ့ကြသလဲ။ ခရီးရောက်ဖို့သက်သက်မျှသာပဲလား၊ ဂုဏ်သိက္ခာတွေ၊ အောင်မြင်မှုတွေ အတွက်လည်း ပါမှာပေါ့။ ခက်ခဲတဲ့လမ်းတွေအပေါ် ဖြတ်ကျော်နင်းလျှောက်ပြီးတိုင်း ရလာတဲ့ စိတ်ကျေနပ်မှုတွေလည်းပါမှာပါပဲ။ လမ်းအဆုံးမှာ ဂုဏ်သိက္ခာတွေ မာနတွေ အောင်မြင်မှုတွေကို အရောင်လက်လက်ထအောင် တင်ပေးလိုက်တတ်တဲ့လမ်းတွေရှိသလို၊ ဂုဏ်သိက္ခာတွေ မာနတွေ အောင်မြင်မှုတွေ ကိုယ်ကျင့်တရားတွေကို စတေးလိုက်ရတဲ့ လမ်းတွေလည်း ရှိပါရဲ့။
လမ်းတွေကို ခြေဖဝါးအပြားလိုက်ချလို့ နင်းလျှောက်သူတွေ ရှိမယ်။ ငွေကြေးနဲ့ နင်းလျှောက်ကျော်ဖြတ် သူတွေ ရှိမယ်။ ဦးနှောက်ကို သုံးပြီး လျှောက်သူတွေ ရှိမယ်။ နှလုံးသားကို ခင်းပြီး လျှောက်သူတွေလည်း ရှိကောင်းရှိမယ်။ ဘယ်လိုပဲ ဖြစ်ပါစေ၊ ရိုးသားစွာလျှောက်လှမ်းတတ်ဖို့တော့ လိုအပ်လိမ့်မယ်။ မှန်ရင်လည်း ရိုးရိုးသားသား၊ မှားရင်လည်း ရိုးရိုးသားသားဖြစ်ဖို့ပေါ့....။
ကျွန်မ မှတ်မိနေပါသေးတယ်။ အဖေ ကျွန်မကို ကြိုတင်ဟောချက်ထုတ်ခဲ့တာတွေ။
ခေါင်းမာမယ်တဲ့…၊ ဟုတ်တယ်။ ကျွန်မက ကိုယ်မှန်တယ်လို့ ဆုံးဖြတ်တဲ့လမ်းအတွက် ခြေလှမ်းတွေကို အဲဒီလမ်းပေါ် ချကို ချလိုက်ရမှ။ တဇွတ်ထိုးဆန်မယ်တဲ့….၊ ဟုတ်တယ်။ ကျွန်မက ကိုယ်လျှောက်ချင်တဲ့ လမ်းအတွက် ဘယ်သူတားတား ဇွတ်ရှေ့ဆက်တိုးတတ်တယ်။ ဆုံးဖြတ်ချက်အချ မြန်မယ်တဲ့၊ ဟုတ်တယ်။ လောကပရိယာယ်မကြွယ်ဝတဲ့ ကျွန်မဟာ အရာရာကို အတည့်ပဲ မြင်တတ်တယ်။ လမ်းတွေ့တာနဲ့ လုပ်မယ်၊ လျှောက်မယ်လို့ လမ်းအဆုံးကို မမျှော်ဘဲ အလျင်စလို ဆုံးဖြတ်ချက် ချတတ်တယ်။ ကျွန်မက စိတ်ခံစားမှုကို ရှေ့တန်းတင်လွန်းသူလေ။ ကိုယ်ဖြစ် ကိုယ်ခံစိတ်ရှိမယ်၊ ဒါလည်းပဲ မှန်တယ်။ လမ်းမှားဖြစ်စေ လမ်းမှန်ဖြစ်စေ ကိုယ်လုပ်ခဲ့တဲ့ အရာရာတိုင်းအတွက် ကိုယ့်မှာသာ တာဝန်ရှိတယ်လို့ ယူဆပြီး ရဲရဲရင်ဆိုင်ပစ်တတ်တယ်။
ကျွန်မအပေါ် အဖေကြိုတင်ပြောခဲ့တာတွေအားလုံး မှန်ခဲ့တယ်။ တစ်ခုပဲ…။ ဟိုအရင်ငယ်စဉ်ကလို လဲကျတဲ့အခါ လူးလဲထူထရင်း ဆက်လျှောက်တတ်တာတော့ မှန်ပါရဲ့။ ဘယ်လောက်နာနာ ငါ့သမီးက မငိုတတ်ဘူးဆိုတာကတော့ လွဲခဲ့ပြီ။ လဲကျမှုတွေအတွက် ပြန်လည်ထူမတ်ရင်း သိပ်နာကျင်လွန်းတဲ့ အခါတွေမှာ အသံမဲ့ညည်းတွားတတ်ပြီ၊ ကျွန်မ မျက်ရည်ကျတတ်ပြီလို့ ကျွန်မ အဖေ့ကို ပြောပြချင်လိုက် တာ။
ချိုချက်မကင်းနိုင်တဲ့ နွားသိုးတစ်ကောင်မဟုတ်လေတော့ ထိရှရာတွေအတွက် ကြံဖန် ဂုဏ် မယူနိုင်တော့ဘူး။ ကျွန်မ နာကျင်တတ်ခဲ့ပြီ။ အမှားဟာ ဂုဏ်ယူစရာမှ မဟုတ်တာဘဲလေ။ ဒါပေမဲ့ အမှန်ကို ညွှန်ဖို့ လမ်းပြမြေပုံတစ်ချပ်လို့ ကျွန်မ နားလည်တယ်။
ကျွန်မအတွက်တော့ လမ်းတွေဟာ လျှို့ဝှက်လွန်းတယ်၊ နက်နဲလွန်းတယ်၊ မာယာများလွန်းတယ်။ အတွန်းအတိုက်တွေ ပေါများတယ်။ အဆင်းဘီးတပ်တဲ့လမ်းတွေလို လျှောကနဲ အောက်ရောက်သွားနိုင်တဲ့ လမ်းတွေလည်း ရှိတယ်။ အမြင့်ရောက်ဖို့ ကွေ့ကာပတ်ကာ တက်ရတဲ့လမ်းတွေ ရှိတယ်။ တချက်ချော်တာနဲ့ လွင့်ကနဲ ကျသွားမယ့် လမ်းတွေ။ လမ်းတွေမှာ မျက်လုံးတွေ ရှိတယ်။ နားတွေ ရှိတယ်။ အမြင်အကြားနဲ့ လမ်းတွေ…၊ အထူအပါး ခြားနားတဲ့လမ်းတွေ….။ မချစ်သော်လည်းအောင့်ကာ မသေမချင်း ရှေ့ဆက်လျှောက်လှမ်းရတော့မယ့်လမ်းတွေ…။
ဘဝဟာ တိုတိုလေးပါ။ လမ်းတွေကတော့ ရှည်လျားလွန်းလှတယ်။ မဆုံးနိုင်တဲ့ လမ်းတွေပေါ့။
မဆုံးနိုင်တဲ့လမ်းတွေအပေါ် ကျွန်မတို့ လျှောက်မြဲ ဆက်လျှောက်နေကြရဦးမှာပဲ။ လမ်းသွယ်တွေ လမ်းခွဲတွေရောက်တဲ့အခါတိုင်း ဘယ်လမ်းလိုက်မလဲ ရွေးရတာကိုက လူ့ဘဝရဲ့ အားစမ်းမှုတစ်ခုပေပဲလား။ လမ်းမှန်တစ်ခုလျှောက်မိလို့ အဆုံးရောက်တိုင်း စိုက်ထူခဲ့တဲ့အလံတွေ ရှိကောင်းရှိမှာဖြစ်သလို၊ လမ်းမှားတစ်ခုပေါ်လျှောက်လို့ လမ်းဆုံးတိုင်တဲ့အခါတိုင်း ကိုယ့်ကျရှုံးမှုကို ကိုယ်တိုင်ဝန်ခံတတ်ဖို့လည်း လိုသေးတာ။ အမှားကို ရွှေချပြီး ဘောင်သွင်းထားနိုင်ရင်တော့ တစ်နေ့ လမ်းမှန်ရောက်တဲ့အခါ ပြုံးပြုံးကြီး အရသာခံ ပြန်ကြည့်နိုင်မှာပဲပေါ့။
လာစမ်းပါစေလေ….။ ဟိုးရှေ့က လမ်းတွေ၊ လမ်းသွယ်တွေ၊ လမ်းပြိုင်တွေ၊ လမ်းခွဲတွေ….။ ဒဏ်ရာတွေဘယ်လောက် နက်နက် ပေးဦးမလဲ…..။ ပြီးခဲ့တဲ့လမ်းတွေနဲ့ မတူတဲ့ အသစ်အသစ်သော မာယာတွေကို ရင်ဆိုင်ဖို့ ခွန်အားအသစ်တွေ တဖန် မွေးမြူရင်းပေါ့….။
ကျွန်မတို့အားလုံး လမ်းတွေ ဆက်လျှောက်နေကြရဦးမှာပါလေ....
Author: ချစ်ကြည်အေး

Wednesday, February 5, 2014
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment