+အဲဗာတန်---၀က်စ်ဟမ်း+
ရလဒ်တွေဆိုးရွားမှုကို အဲဗာတန်ရပ်တန့်ဖို့ ကြိုးစားမှာပါ။ အိမ်ကွင်းလည်း ဖြစ်တယ်။ ၀က်စ်ဟမ်းရဲ့ ရုန်းအားက အခုနောက်ပိုင်း အားကောင်းနေပေမယ့် အိမ်ကွင်းအားသာချက်ရှိနေတဲ့ အဲဗာတန်နဲ့ပဲ ရပ်တည်သွားရဖို့ရှိနေတယ်။
+ဖူလ်ဟမ်---ချယ်လ်ဆီး+
ဖူလ်ဟမ်ခြေအားအပျော့ဆုံးပုံစံမှာရှိနေပါတယ်။ ခံစစ်ပိုင်းက အစ ကျစ်လျစ်မှုမရှိဘူး။ ချန်ပီယံလိဂ်ကြောင့် ပွဲပန်းလာနိုင်ပေမယ့် ဒီလိုပွဲမျိုးမှာ ချယ်လ်ဆီးအမှားခံမှာမဟုတ်ဘူး။ အဝေးကွင်းဖြစ်ပေမယ့် ချယ်လ်ဆီးကပ်နိုင်သွား မှာပါ။
+ဟားလ်စီးတီး---နယူးကာဆယ်+
ဟားလ်က အခုနောက်ပိုင်းတန်းမဆင်းရဖို့ ရုန်းကန်နေတဲ့ခြေမဆိုးဘူး။ ကာဆယ်က တိုက်စစ်ပိုင်းအားနည်းမှုရှိသလို ခြေစွမ်းပိုင်းလည်း အားနည်းမှု တွေရှိနေတယ်။ ဟားလ်တို့ အိမ်ကွင်းမှာ သရေလောက်ကစားသွားနိုင် မှာပါ။
+စတုတ်စီးတီး---အာဆင်နယ်+
+ဆောက်သမ်တန်---လီဗာပူး+
+အက်စတွန်ဗီလာ--- နော့ဝှစ်ခ်ျ+
ဗီလာက ခြေမတည်ငြိမ်ဘူး။ နော့ဝှစ်ခ်ျက လက်ရှိအချိန်မှာ တန်းမဆင်းရဖို့ ရုန်းကန်နေရတယ်။ ခြေစွမ်းပိုင်းလည်းကွာဟမှု ကျဉ်းမြောင်းနေတာကြောင့် နော့ဝှစ်ခ်ျတို့ ဒီပွဲမှာ သရေလောက်ကစားသွားနိုင်ဖို့ရှိတယ်။
+ ဆွမ်ဆီး---ခရစ်စတယ်ပဲလေ့စ်+
အခုနောက်ပိုင်းပဲလေ့စ်ရဲ့  ရုန်းအားမဆိုးဘူး။ ဒါပေမယ့် တိုက်စစ်ပိုင်းက အားနည်းမှုတွေရှိနေတယ်။ ဆွမ်ဆီးက အိမ်ကွင်းမှာ အမှားခံမှာမဟုတ်ဘူး။ ဒါကြောင့် ပဲလေ့စ်တို့ ရုန်းကန်သွားရဖို့ရှိပြီး ဆွမ်ဆီးကိုပဲ နှစ်သက်မိပါတယ်။
+တော့တင်ဟမ်ဟော့စပါး-----ကာဒစ်ဖ်စီးတီး+
လက်ရှိအချိန်မှာ ကာဒစ်ဖ်ဟာ တန်းမဆင်းရဖို့ ရုန်းနေပေမယ့် ခြေစွမ်း ပိုင်းအားနည်းမှုတွေများလွန်းပါတယ်။ စပါးက အိမ်ကွင်းမှာ အမှားခံမှာ မဟုတ်သလို လက်ရှိခြေလည်း မဆိုးဘူး။ စပါးနဲ့ပဲ ရပ်တည်အားပေးရဖို့ ရှိတယ်။
*ရှိုင်းမင်းမင်း*

No comments:
Post a Comment