ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 21, 2014

==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==

>
**စိတ်ဝင်စားဘွယ်Divergentစိတ်ကူးယဉ်သိပံ်္ပအက်ရှင်ဇာတ်ကားရုံတင်ပြသ**

 ရွှေကမာ်္ဘ လုံးဆုရှင် အမေရိကန်မင်းသမီးချော မကြာမီကမှHollywood Walk of Fameအဖြစ် ဂုဏ်ပြုခြင်းခံရသူ မင်းသမီး ချော ကိတ်ဝင်းစလက်နှင့် မင်းသား သီရုံဂျိမ်းစ်တို့ ခေါင်းဆောင်ပါဝင်ထားသည့်ီ Divergentအမည်ရှိ စိတ်ကူးယဉ်သိပံ်္ပအက်ရှင်ဇာတ်ကားကို မတ် ၁၈ ရက်က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ စတင်ရုံတင်မိတ်ဆက်ပြသခဲ့ပြီး ဧပြီ ၄ ရက်တွင် လန်ဒန်၌ ရုံတင်ပြသရန်စီစဉ်ထားသော်လည်း ယင်းဇာတ်ကားမှ အနုပညာရှင်အချို့က ယခုလ၃၀ ရက်တွင်ရုံတင်ပြသစေလို ကြကြောင်း သိရသည်။
ယင်းဇာတ်ကားသည် ချီကာဂို၌ ဖြစ်ပွားခဲ့သည့် သဘာဝလွန်ဖြစ်ရပ် တစ်ခုကို အခြေခံထားခြင်းဖြစ်ပြီး ကိုယ်ရည်ကိုယ်သွေးကွာခြားမှုကို မူတည်ကာ ဂိုဏ်းငါးဂိုဏ်းကွဲပြားနေမှုအပေါ် Beatrice "Tris" Prior အဖြစ် သရုပ် ဆောင်သူ မင်းသမီ;Shailene Woodleyက ပြီးပြည့်စုံသည့် လူ့အဖွဲ့အစည်း တစ်ခုဖြစ်ရန် မည်သို့ကြိုးပမ်းမည်ကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမည့် သိပ်္ပံ ဇာတ်ကားမိတ်ဆက်ပွဲတွင် တွေ့ရသည့် ဇာတ်ကားတစ်ကားဖြစ်သည်။

**ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားအာဂျန်ရော်ဘင် နှစ်နှစ် သက်တမ်းရှိ စာချုပ်သစ်ထပ်တိုးချုပ်ဆို**
ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းမှ နယ်သာလန်တောင်ပံကစားသမား အာဂျန်ရော်ဘင်သည် ဘိုင်ယန်မြူးနစ်အသင်းတွင် ၂၀၁၇ ခုနှစ်တိုင်ဆက်ရှိနေမည့် နှစ်နှစ် သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ထပ်တိုးချုပ်ဆိုလိုက်ပြီဖြစ်သည်။ အသက်(၃၀)အရွယ် အာဂျန်ရော်ဘင်သည် ၂၀၀၉ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းမှ ပြောင်းရွှေ့ကြေးပေါင် ၂၄ သန်းဖြင့် ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၎င်း၏ ယခင် စာချုပ်သည် ၂၀၁၅ ခုနှစ်တွင် ကုန် ဆုံးမည်ဖြစ်သောကြောင့် ဘိုင်ယန် မြူးနစ်အသင်းအနေဖြင့် ရော်ဘင်၏ စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် အသက်(၃၃)နှစ် အရွယ်အထိ အသင်းတွင် ဆက်ထိန်းထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ဘောလုံးရာသီတွင် ဘိုင်ယန်မြူးနစ် အသင်းအတွက် ဘွန်ဒက်လီဂါသွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူပေးထားခဲ့ ပြီးဖြစ်သည်။  

**4 minute၏တေးသီချင်းသစ်ထိပ်တန်းဂီတ ဇယားခြောက်ခုတွင် ထိပ်ဆုံး၌ ရပ်တည်** 

 တောင်ကိုရီးယားအမျိုးသမီးတေး ဂီတအဖွဲ့ 4 minute အဖွဲ့သည် မတ် ၁၇ ရက်က ထွက်ရှိခဲ့သည့် ၎င်းတို့၏ တေးသီချင်းသစ် Whatcha Doing' Today ဖြင့် တောင်ကိုရီးယား၏ ထိပ်တန်းဂီတ ဇယားခြောက်ခုတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည်။ 4 minuteအဖွဲ့သည် အဆိုပါ သီချင်းသစ်ဖြင့် တောင်ကိုရီးယား၏ နာမည်ကြီးဂီတဇယားများဖြစ်သော Mnet? Daum နှင့်Bugsစသည်တို့ တွင် ထိပ်တန်း၌ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသီချင်းသည်What's Your Name?သီချင်း၏ နောက် ဆက်တွဲသီချင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ 4 minute အဖွဲ့သည် ယင်းသီချင်းသစ်အတွက် အ၀တ်အစားပိုင်းဆိုင်ရာများကိုလည်း တစ်မူထူးခြားအောင် အချိန်ပေး ပြင်ဆင်ခဲ့ရပါကြောင်း၊ 4 minute အဖွဲ့၏ ကျုအင်န်တာတိန်းမန့်မှလည်း အ၀တ်အစားနှင့် ဖက်ရှင်ဒီဇိုင်းပိုင်း ဆိုင်ရာများကိုလည်း နယူးယောက် နွေဦးရာသီဖက်ရှင်ပွဲတော် (၂၀၁၄) မှ အ၀တ်အစားများကို ရွေးချယ်ဝယ် ယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

**မန်ယူ..ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်ပြီ** 

ပရီမီယာလိဂ်ကလပ် မန်ယူအသင်း သည် ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် အိုလံ ပီယာကို့စ်အသင်းနှင့် ယှဉ်ပြိုင်ကစား ခဲ့ရာတွင် နယ်သာလန်ကြယ်ပွင့် ရော်ဘင်ဗန်ပါစီ၏ ဟက်ထရစ်သွင်း ဂိုးနှင့်အတူ အိမ်ကွင်းအိုးထရက်ဖို့ဒ်၌ သုံးဂိုးပြတ်နိုင်ပွဲရရှိကာ နှစ်ကျော့ ပေါင်းရလဒ် သုံးဂိုး-နှစ်ဂိုးဖြင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်လှမ်းလာနိုင်ခဲ့သည်။ ယင်းသို့ရရှိခဲ့သော အနိုင်ရလဒ် သည် မန်ယူအသင်းအတွက် အမှန်တကယ်လိုအပ်နေသော ရလဒ် တစ်ခုဖြစ်ပြီး ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ ခြင်းသည် နည်းပြဒေးဗစ်မိုယက် အတွက် ဖိအားတစ်ခုလျော့ကျစေ သည်ဟုလည်း ဆိုနိုင်သည်။ ယင်းပွဲစဉ်တွင် မန်ယူအသင်းသည် ဗန်ပါစီကိုအထောင်ထားကာ ရွန်းနီ၊ ကားရစ်၊ ၀ဲလ်ဘက်၊ ဗလင်စီယာတို့ကို ကွင်းလယ်၊ ဖီးလ်ဂျုံးစ်၊ ဖာဒီနန်၊ ဂစ်၊ အီဗရာ၊ ရာဖေးလ် စသည့်ကစားသမား များကို နောက်တန်းခံစစ်စသည်ဖြင့် ၄-၂-၃-၁ ကစားကွင်းကို ပုံဖော်လျက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် သို့ တက်လှမ်းနိုင်ရေးအကြိတ်အနယ် ကစားခဲ့ရာ တိုက်စစ်မှူးရော်ဘင် ဗန်ပါစီ၏ ဟက်ထရစ်သွင်းဂိုးဖြင့် အိုလံပီယာကို့စ်အသင်းအား အနိုင် ရရှိခဲ့သည်။
ယင်းဟက်ထရစ်ဂိုးသည် တိုက်စစ်မှူးရော်ဘင်ဗန်ပါစီအတွက် ပထမဆုံးသော ချန်ပီယံလိဂ် ဟက်ထရစ်ဂိုးလည်း ဖြစ်လာခဲ့သည်။ ထိုသို့ မန်ယူအသင်းချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်လှမ်းနိုင်ခဲ့ခြင်း သည် ချယ်လ်ဆီးအသင်းနောက် ယခုနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်လာခဲ့သည့် အင်္ဂလန်မှ နှစ်သင်းမြောက်လည်း ဖြစ်လာခဲ့သည်။ 

အခြားချန်ပီယံလိဂ်(၁၆)သင်း အဆင့် ဒုတိယအကျော့ပွဲစဉ်တစ်ပွဲဖြစ် သည့် ဒေါ့မွန်အသင်းနှင့် ဇင်းနစ် အသင်းတို့၏ ပွဲစဉ်တွင် ဇင်းနစ် အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိခဲ့သော်လည်း နှစ်ကျော့ပေါင်း ရလဒ် ငါးဂိုး-လေးဂိုးဖြင့် ဒေါ့မွန် အသင်းက အနိုင်ရရှိကာ ချန်ပီယံ လိဂ်ကွာတားဖိုင်နယ်အဆင့်သို့ တက် လှမ်းလာနိုင်ခဲ့သည်။ ယခုကစားပြီးခဲ့သည့် ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ပွဲစဉ်များကိုကြည့် ပါက ဒုတိယအကျော့အိမ်ကွင်း ကစားရသည့် အသင်းအားလုံး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်လှမ်းလာနိုင်ခဲ့သည်ကိုလည်း တွေ့နိုင်သည်။ ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်အဆင့်သို့ အင်္ဂလန်ပရီမီယာ လိဂ်မှ နှစ်သင်း၊ စပိန်လာလီဂါမှ သုံးသင်း၊ ဂျာမန်ဘွန်ဒက်လီဂါမှ နှစ်သင်းနှင့် ပြင်သစ်ပထမတန်းမှ တစ်သင်းတို့တက်လှမ်းနိုင်ခဲ့သည်။ အဆိုပါ ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်ပွဲစဉ်များကို မတ် ၂၁ ရက်တွင် မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။ 

 +Myo Sandar Maung--ငွေကြယ်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)