ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)ကို မတ် ၂၂၊ ၂၃ ရက် တွေမှာ ကျင်း ပသွားးဖို့ရှိပါတယ။်။် ဒီပွဲစဉ်မှာ ချယ်လ်ဆီးန့ဲ အာဆင် နယ်တို့ ဆုံတွေ့နေလို့ အကြိတ်အနယ်ရှိမှာပါ။
+ချယ်လ်ဆီး - အာဆင်နယ် ည ၇း၁၅ (၂၂-၃-၁၄)+
ဗီလာကို ရှုံးခဲ့တဲ့ ချယ်လ်ဆီးအနေနဲ့ ထပ်အမှား အယွင်းအဖြစ်ခံမှာမဟုတ်ဘူး။ ချန်ပီယံလိဂ်ကစားခဲ့ရလို့ ပွဲပန်းလာနိုင်ပေမယ့်လည်း ချယ်လ်ဆီးရဲ့ ကစားပုံဟာ အာဆင်နယ်ထက်ပိုကောင်းတယ်။ ချယ်လ်ဆီးအတွက် အနိမ့်ဆုံးသရေပါ။
+ကာဒစ်ဖ် - လီဗာပူး ည ၉း၃၀ (၂၂-၃-၁၄)+
တန်းမဆင်းရဖို့အတွက် ရုန်းကန်နေတဲ့ကာဒစ်ဖ်ရဲ့ ကစားအားက ကောင်းမွန်မှုရှိပါတယ်။ လီဗာပူးခြေတည် ငြိမ်နေပေမယ့်လည်း ကာဒစ်ဖ်ရဲ့ အိမ်ကွင်းခံကစားအားကို ခက်ခက်ခဲခဲကျော်ဖြတ်ရဖို့ရှိပါတယ်။ လီဗာပူးနိုင်ရင်တောင် မပြတ်သားဘူး။
+အဲဗာတန် - ဆွမ်ဆီး ည ၉း၃၀ (၂၂-၃-၁၄)+
ခြေစွမ်းပိုင်းချင်း ယှဉ်မယ်ဆိုရင် ဆွမ်ဆီးခြေက အားနည်းမှုတွေ များပါတယ်။ အဲဗာတန်ကတော့ ခြေစွမ်း ပိုင်းကောင်းမွန်မှုရှိသလို အိမ်ကွင်းမှာဆိုရင်လည်း ကစားပုံ ပိုမိုတည်ငြိမ်တယ်။ အဲဗာတန်နဲ့ပဲ ရပ်တည်ရဖို့ရှိတယ်။
+ဟားလ် - ၀က်စ်ဘရွန်း ည ၉း၃၀ (၂၂-၃-၁၄)+
နှစ်သင်းစလုံး တန်းမဆင်းရဖို့ အားစိုက်ကစား လာကြမှာပါ။ နှစ်သင်းစလုံးရဲ့ ရုန်းအားကလည်း ကောင်း မွန်မှုရှိပါတယ်။ ဒါပေမယ့် ဟားလ်က အိမ်ကွင်းအားသာ ချက်ရှိတယ်။ ၀က်စ်ဘရွန်းတို့ သရေလောက်ပဲရမှာပါ။
+မန်စီးတီး - ဖူလ်ဟမ် ည ၉း၃၀ (၂၂-၃-၁၄)+
ဖူလ်ဟမ်အနေနဲ့ တန်းမဆင်းရဖို့ အားစိုက်လာမှာ ဖြစ်ပေမယ့်လည်း မန်စီးတီးကို ယှဉ်နိုင်ဖို့ ခက်ပါလိမ့်မယ်။ မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတာကြောင့် လည်း ပရီမီယာလိဂ်ကို အားစိုက်မှာပါ။ မန်စီးတီးကိုပဲ နှစ်သက်တယ်။
+ကာဆယ် - ပဲလေ့စ် ည ၉း၃၀ (၂၂-၃-၁၄)+
ကာဆယ်ဟာ တိုက်စစ်ပိုင်းအားနည်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် အိမ်ကွင်းဖြစ်လို့ ခြေကုန် ထုတ်လာမှာပါ။ ပဲလေ့စ်ခြေကလည်း သာမန်သာရှိတဲ့ အတွက် ဒီပွဲမှာတော့ ကာဆယ်နဲ့ ဂိုးအနည်းကိုပဲ နှစ်သက်တယ်။
+နော့ဝှစ်ခ်ျ - ဆန်းဒါးလန်း ည ၉း၃၀ (၂၂-၃-၁၄)+
နှစ်သင်းစလုံးတန်းမဆင်းရဖို့ အားစိုက်နေရချိန် ဖြစ်တယ်။ ခြေစွမ်းပိုင်းအရ ဆန်းဒါးလန်းရဲ့ ကစားပုံ ပိုကောင်းပေမယ့်လည်း အဝေးကွင်းဖြစ်တယ်။ ဒါကြောင့် ဒီပွဲမှာ ဆန်းဒါးလန်းတို့ အမြင့်ဆုံးသရေလောက်ပဲ ကစား နိုင်မှာပါ။
+၀က်စ်ဟမ်း - မန်ယူ နံနက် ၀၀း၀၀ (၂၃-၃-၁၄)+
ဝက်စ်ဟမ်းရဲ့ခြေက နောက်ပိုင်းကောင်းမွန်နေတယ် ဆိုပေမယ့်လည်း မန်ယူကလည်း အမှတ်လိုအပ်နေချိန် ဖြစ်တယ်။ အခုနောက်ပိုင်းမှာ မန်ယူရဲ့ ကစားပုံကလည်း ကောင်းမွန်နေတာကြောင့် မန်ယူကပဲ ကပ်ပြီးအနိုင်ရသွား မှာပါ။
+စပါး - ဆောက်သမ်တန် ည ၈း၀၀ (၂၃-၃-၁၄)+
(တော့တင်ဟမ်ဟော့စပါးအသင်းက..ကစားသမားတွေပါ)
ဆောက်သမ်တန်ရဲ့ခြေက အားကောင်းမှုရှိပါတယ်။ ဒါပေမယ့် အဝေးကွင်းဖြစ်တယ်။ စပါးက ဥရောပ၀င်ခွင့် အတွက် အမှတ်လိုနေတာကြောင့် အိမ်ကွင်းမှာ အားစိုက် ကစားလာမှာပါ။ စပါးရဲ့ ရုန်းအားကိုပဲ နှစ်သက်တယ်။
+ဗီလာ - စတုတ် ည ၁၀း၃၀ (၂၃-၃-၁၄)+
ဗီလာရဲ့ ခြေကမဆိုးပါဘူး။ ဒါပေမယ့် စတုတ်က လည်း အသင်းလိုက်ကစားပုံမာကျောမှုရှိတယ်။ ဒါကြောင့် အိမ်ကွင်းဖြစ်ပေမယ့်လည်း ဗီလာတို့ အသာရဖို့ ခက်ခဲပါ တယ်။ စတုတ်ကသာ အနိမ့်ဆုံးသရေလောက်ကစား သွားနိုင်မှာပါ။
*ရှိုင်းမင်းမင်း*
(မော်ရင်ဟို နဲ့ အာဆင်ဝင်းဂါးတို့ အခုလို..အခုလို)

No comments:
Post a Comment