ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 21, 2014

=မဲဆောက်မြို့ရှိ ၀ိုင်ဂျေအထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ၂၉ ဦးအလုပ်မှ နှုတ်ထွက်၊ ထိုင်းအလုပ်သမားရုံးက ကြားဝင်စေ့စပ်ပေးသဖြင့် အလုပ်ရှင်က အလုပ်ပြန်ခန့်ရန်သဘောတူ==

> (Photo--JACBA---မဲဆောက်မြို့၊ မယ်ကုတိုက်နယ်၊ မယ်တောင်မိုင်ရပ်ရှိ ၀ိုင်ဂျေ (ယန်ဂျူး;း) အထည်ချုပ်စက်ရုံ)
+(မတ်လ ၂၁ရက်၊ ၂၀၁၄၊ သောင်ရင်းနဂါး)+

မိမိတို့၏ လိုင်းကြီးကြပ်ရေးမှူးတစ်ဦးအား အလုပ်နေရာရွှေ့ပြောင်းမှုကို မကျေနပ်ကြသော ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ မယ်ကုတိုက်နယ်၊ မယ်တောင်မိုင်ရပ်ရှိ ၀ိုင်ဂျေ (ယန်ဂျူး;း) အထည်ချုပ်စက်ရုံမှ မြန်မာလုပ်သား ၂၉ ဦးတို့သည် ယနေ့ နံနက်ပိုင်းတွင် အလုပ်မှ နှုတ်ထွက်ခဲ့ကြသော်လည်း JACBA အဖွဲ့၏ အနီးကပ်ကြီးကြပ်မှုနှင့် ထိုင်းအလုပ်သမားဝန်ကြီးဌာန မဲဆောက်မြို့နယ်အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (ဆ၀ါဒီကန်) ၏ ကြားဝင် စေ့စပ်ပေးမှုကြောင့် ယင်းတို့အား အလုပ်ရှင်ဘက်က အလုပ်ပြန်ခန့်ရန် နေ့ချင်းပြီး သဘောတူလိုက်ပြီဖြစ်ကြောင်းသတင်းရရှိသည်။ အဆိုပါ ၀ိုင်ဂျေ (ခ)ယန်ဂျူး;း အထည်ချုပ်စက်ရုံသည်ယခင်က အေစီအာ အမည်နှင့် သိုးမွှေးစက်ရုံဟောင်းနေရာတွင် စက်ရုံသစ်တည်ထောင်ထားခြင်းဖြစ်ပြီး ထိုင်းဥပဒေအတိုင်း လုပ်အားခဘတ် ၃၀၀ မရရှိပဲ နေ့စားခ (၁၇၅) ဘတ်သာရရှိကြသော စက်ရုံတစ်ခုဖြစ်၏။

မနေကပြဿသနာနှင့်ပတ်သက်၍ အလုပ်သမားကိုယ်စားလှယ် ကိုခန့်က “ကျနော်တို့ရဲ့ အောဝဏ္ဏ (လိုင်းကြီးကြပ်ရေးမှူး) ကို အလုပ်နေရာရွှေ့ပြောင်းလိုက်လို့ မနေ့က ညနေပိုင်း အိုတီမဆင်းပဲနေခဲ့ကြတာပါ။ အခက်အခဲတွေရှိလာပြီး လိုင်းထဲမှာ အထည်အဆင်မပြေတော့ဘူးလို့ ပြောတာကို လက်မခံဘူးလေ။ ဒါနဲ့ပဲ ဒီနေ့မနက်မှာ ကျနော်တို့ ဆန္ဒမပါပဲ အလုပ်နှုတ်ထွက်ကြောင်းလက်မှတ်ရေးထိုးခိုင်းတယ်။ လက်မှတ်ထိုးမှ လုပ်ခဲ့ပြီးတဲ့ လုပ်အားခရမှာဆိုတော့ ကြောက်လို့ ထိုးလိုက်ကြရတယ်။ လိုင်းသား ၂၇ ဦးကို အခုလို လက်မှတ်ထိုးထွက်ခိုင်းတာမို့ ၀ဏ္ဏ ၂ ဦးကလည်း မကျေနပ်လို့ အလုပ်က ထွက်လိုက်ကြတာပါ။ ကျား (၇) ဦး၊ မ (၂၂) ဦး၊ စုစုပေါင်း (၂၉) ဦး ပါခင်ဗျ။ ဒီနေ့ မွန်းလွဲပိုင်းမှာတော့ JACBA က ဆရာမိုးတို့ ကြီးကြပ်လိုက်ပါပြီးဆ၀ါဒီကန်ရုံးကို သွားကြတော့ ကျနော်တို့ကို အလုပ်ရှင်ကအလုပ်ပြန်ခေါ်သတဲ့။ မနက်ဖြန်တော့ အလုပ်ပြန်ဆင်းကြမှာပါ” ဟု ပြောပြသည်။

(JACBA ဆရာမိုးတိုကကွင်းဆင်းကြားနာရှင်းပြ)
ဤပြဿသနာ အခြေခံသည် “ဆက်ဆံရေး” ဟု အလွယ်ခေါ်ရမည့် အလုပ်ရှင်အသိုင်းအ၀ိုင်း (မန်နေဂျာ၊ စူပါ) တို့နှင့် အလုပ်သမားအချို့၏ ဆက်ဆံရေးမကြေလည်မှုပြဿသနာ ဖြစ်သဖြင့် ထိုင်းနိုင်ငံအလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေး အက်ဥပဒေ BE-2541/ AD-1998) အရ တိုက်ရိုက်ဖြေရှင်း၍ မရကြောင်း၊ အလုပ်ရှင်ဘက်မှ ယင်း၏အသိုင်းအ၀ိုင်းကို အလုပ်သမားများအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံရန်နှင့် နေရာရူးနေကြသော မြန်မာနိုင်ငံသား စကားပြန်အချို့နှင့် စာရေးအချို့၏ အမှုအကျင့်ပိုင်းကိုလည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ မြန်မာအလုပ်သမားစောင့်ရှောက်ရေးကော်မတီမှ စောင့်ကြည့်အရေးယူ
သွားသင့်ကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က သုံးသပ်တင်ပြသည်။

(JACBA ဆရာမိုးတိုကကွင်းဆင်းကြားနာရှင်းပြ)
ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့တွင် ထိုင်းဥပဒေပါ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး အတိုင်း နေ့စားခ ဘတ် ၃၀၀ မရရှိမှု၊ အချိန်ပို ၁ နာရီလျှင် ၅၆ ဘတ် မရရှိမှု၊ အလုပ်ရှင်မှ ယာယီပတ်စ်ပို့နှင့် အလုပ်လုပ်ခွင့်လက်မှတ်အား တာဝန်ခံပြီး မလုပ်ပေးမှု၊ လုပ်ပေးသော အလုပ်ရှင်မှလည်း အလုပ်သမားများ၏ ယာယီပတ်စ်ပို့နှင့် အလုပ်သမားလက်မှတ်အစစ်တို့အား ရယူထိန်းသိမ်းထားမှု၊ အလုပ်သမားတို့အား ထိုင်းလမ်းသူရဲနှင့် ပြည်သူ့စစ်မှ ရိုက်နှက်ညှင်းပန်းနှိပ်စက်ခဲ့လျှင် အလုပ်ရှင်မှ တာဝန် မယူမှု၊ လုပ်ငန်းခွင်တွင် မတော်တဆထိခိုက်ဒဏ်ရာရှိမှုနှင့် အသက်ဆုံးရှုံးမှုတို့ကိုလည်း အလုပ်ရှင်မှ အပြည့်အ၀တာဝန်မယူမှု၊ ဒေသခံထိုင်းရဲတို့မှ နေ့စဉ်သွားလာနေကြသော လက်မှတ်ရှိနှင့် လက်မှတ်မဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတို့အား ပိုက်ဆံတောင်းရမ်းမှု၊ မြန်မာနိုင်ငံသားထိုင်းစကားပြန်၊ မြန်မာနိုင်ငံသား စက်ရုံစာရေးနှင့် အလုပ်ကြီးကြပ်ရေးမှူး (၀ဏ္ဏ) အချို့တို့က မြန်မာနိုင်ငံသားအချင်းချင်း စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်နေမှုများကိုေးဒသတွင်းရှိ မြန်မာအလုပ်သမားများ ကြုံတွေ့နေကြရသည်။

(Photo--JACBA---မဲဆောက်မြို့၊ မယ်ကုတိုက်နယ်၊ မယ်တောင်မိုင်ရပ်ရှိ ၀ိုင်ဂျေ (ယန်ဂျူး;း) အထည်ချုပ်စက်ရုံ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)