ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 29, 2014

==လူထုကျန်းမာရေး(ကျန်းမာရေးနှင့်အလှအပအတွက်အထောက်အကူပြုသော နာနတ်သီး၏ အကျိုးကျေးဇူးများ)==

>

+Public Health+
 နာနတ်သီးဟာ စားသုံးလို့ ကောင်းမွန်တဲ့ သစ်သီးအပြင် အလှအပအတွက်လည်း ပျိုမေတို့ကို အကျိုးဖြစ်ထွန်း စေပါ တယ်။ နာနတ်သီးမှာ ဗီတာမင်ဓာတ်များစွာ ပါဝင်ပြီး သတ္တုဓာတ်အများအပြားပါဝင်တဲ့ သစ်သီး တစ်မျိုးဖြစ်ပါတယ်။ နွေရာသီမှာ ရင်အေး စေတဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး တခြားသော ကျန်းမာရေးလာဘ်လာဘများကို ပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ ကယ်လဆီယမ်၊ ပိုတက်စီယမ်၊ အမျှင်နဲ့ ဗီတာမင်စီဓာတ်တို့ ပေါကြွယ်ဝပါတယ်။ အဆိုပါ နာနတ်သီးကို အမျိုးမျိုးအဖုံဖုံ သုံးဆောင်နိုင်ပါတယ်။ နာနတ်သီးရဲ့ အကျိုးကျေးဇူး တစ်ခုကတော့ အရိုးတွေကို သန်စွမ်းတောင့်တင်းစေပါတယ်။ နာနတ်သီးမှာ မက်ဂနီယမ်ဓာတ်တွေ ပေါများစွာ ပါဝင်ပြီး အရိုးတွေနဲ့ အကြောမျှင်များကို ကောင်းစွာ အကျိုးကျေးဇူးဖြစ် ထွန်းစေပါတယ်။ နာနတ်သီးရဲ့ အရိုးသန်စွမ်းခိုင်မာမှု သတ္တိဟာ လူငယ်ပိုင်းအရွယ်အတွက် ကြီးထွားမှု မြန်စေပြီး လူကြီးပိုင်းအရွယ်အ တွက် အရိုးတွေကို သန်စွမ်းခိုင်မာစေတဲ့သတ္တိရှိပါတယ်။ နာနတ်သီးဟာ အမြင်အာရုံကြည်လင်သန်စွမ်း စေဖို့အတွက် လည်း အထောက်အကူ ပြုပါတယ်။ အသက်အရွယ် ဇရာကြောင့်ဖြစ်လာတဲ့ မှုံမှိုင်းခြင်း၊ ရီဝေခြင်းများကိုလည်း ကာ ကွယ် ပေးပါတယ်။ တချို့ ပျိုမေတွေဟာ ဗီတာစီအများအပြားရှိတဲ့ လိမ္မော်ရည်ကို သောက်ကြပါတယ်။ လိမ္မော်ရည်ဟာ ဗီတာမင်စီ ပေါ ကြွယ်ဝတာကြောင့် အအေးမိ၊ ဖျားနာတွေကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမယ့် နာနတ်သီးက ဒီထက် မက စွမ်းဆောင်နိုင်ပါတယ်။ လိမ္မော်သီးထက် နာနတ်သီးက ပိုသာသွားတဲ့အချက်ကတော့ ဘရိုမီလိန်ဓာတ်ကြောင့်ပဲ ဖြစ်ပါတယ်။ နာနတ်သီးဟာ အအေးမိ၊ ဖျားနာတွေကို လိမ္မော်သီးအစွမ်းလို ကာကွယ် နှိမ်နင်းပေးနိုင်ပါတယ်။

**အရည်ပြားကင်ဆာနဲ့ နာနတ်သီး**

 အမေရိကန်နိုင်ငံမှာ အဖြစ်အများဆုံး ကင်ဆာရောဂါ ဖြစ်ပြီး လူဦးရေ မီလီယံ ၃.၅ သန်းဟာ နှစ်စဉ် ခံစားနေရပါတယ်။ ဒီအရေပြားကင်ဆာရောဂါအတွက် ဖြေဆေးဟာ နာနတ်သီးမှာ ရှိနေတယ်ဆိုရင်တော့… ကင်ဆာဂျာနယ်ထဲမှာပါတဲ့ ဆေးဆောင်းပါးအရ နာနတ်သီးထဲမှာ ပါဝင်တဲ့ ဘရိုမီလိန် (Enzyme Bromelain) ဟာ ကာကွယ်မှု တချို့ ပေးနိုင်တယ် လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးသုတေသီတွေဟာ အရင်ဆုံးကြွက်တွေကို အင်ဇိုင်းဘရိုမီလိန်နဲ့ စမ်းသပ်ခဲ့တာ အောင်မြင်မှုတချို့ ရခဲ့ပါ တယ်။ ၃၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပြီး လူတွေအတွက်လည်း အလားတူ အကျိုးသက်ရောက်မှုရှိစေမယ်လို့ ယုံကြည် ထားကြပါတယ်။ နာနတ်သီးထဲမှာ ပါရှိတဲ့ ဘရိုမီလိန်ဟာ ပန်းနာရင်ကြပ်ကို သက်သာပြေလျော့စေမှု၊ အဆစ်အမြစ် ကိုက်ခဲတာ သက်သာစေမှုနဲ့ အနာတွေကို အမြန်ကျက်စေတဲ့ သတ္တိရှိပါတယ်။

**နာနတ်သီးကိုသုံးဆောင်နည်း**

 နာနတ်သီးကို လိုချင်တဲ့ အကျိုးကျေးဇူးအလိုက် အရေအတွက်ကွဲပြားစွာ သုံးဆောင် ပေးဖို့ လိုအပ်ပါတယ်။ မျက်လုံး အာရုံအတွက် တစ်နေ့ကို သုံးလုံးခန့် သုံးဆောင်ပေးသင့်ပါတယ်။ အရိုးခိုင်မာသန်စွမ်းဖို့အတွက် တစ်နေ့ကို ဖျော်ရည် တစ်ခွက်ခန့် သောက်သုံးပေးသင့် ပါတယ်။ နာနတ်သီးကို တခြားအစားအသောက်များနဲ့ ရောထွေးစားသောက်၊ ယှဉ်တွဲ စားသောက်ခြင်းထက် နာနတ်သီး တစ်ခု တည်း သီးသန့်သုံးဆောင်ပေးခြင်းက အကျိုးကျေးဇူးပိုမိုထိရောက်စေပါတယ်။ နေ့လယ်စာစားသောက်ပြီးမှ သုံးဆောင် ပေးတာက အစာကြေညက်မှုကိုလည်း အထောက်အကူ ပြုပေးပါတယ်။ တခြားအစားအသောက်များနဲ့ ယှဉ်တွဲစား သောက် မယ်ဆိုရင်တော့ နာနတ်သီးရဲ့ အစွမ်းအာနိသင်ဟာ အစာချေဖျက်မှုကို ထောက်ပံ့ကူညီပေးသွားပါလိမ့်မယ်။

& **နာနတ်သီးနဲ့ အရေပြား တွန့်ခြင်းအား ကာကွယ်နည်း**

 နာနတ်သီးနဲ့ သံလွင်ဆီတို့ဟာ ဘရက်ပစ်နဲ့ ဂျိုလီလို အသားအရေအတွက် အရမ်း လိုက်ဖက်ညီတဲ့ စုံတွဲဖြစ်ပါတယ်။ အထူးသဖြင့် လည်ပင်းပိုင်းက အရေပြားတွန့်ခြင်း အတွက် ကောင်းစွာ ထိရောက်မှု ရှိစေပါတယ်။ သံလွင်ဆီနှစ်ဇွန်း (စားပွဲတင်ဇွန်း) နာနတ်သီး(လတ်လတ်ဆတ်ဆတ်) ရည်တစ်ခွက်ကို ယူပါ။ နှင်းဆီရည်တစ်ဇွန်း (လက်ဖက်ရည် သောက်ဇွန်း) ကိုလည်း ယူထားပါ။ အားလုံး ပြည့်စုံသွားရင်တော့လည်ပင်းနဲ့ မျက်နှာကို လိမ်းကျံပေးပါတော့မယ်။ မလိမ်းကျံခင် မျက်နှာကို သန့်စင်ဆေး ကြောပေးထားဖို့ လိုအပ်ပါတယ်။ မျက်နှာကို နို့နဲ့သော်လည်းကောင်း ဆေးကြောပေးရင် ပိုပြီး အာနိသင် ထပ်ရှိပါလိမ့် မယ်။ နို့နဲ့ မျက်နှာဆေးပြီးသွားရင် သံလွင်ဆီနဲ့ မျက်နှာကို လိမ်းကျံတဲ့အခါ လက်ဖဝါးနဲ့အပေါ်ကို ပွတ်တင်ပေးရမှာ ဖြစ်ပါတယ်။ စက်ဝိုင်းပုံစံ နှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဟာ အရေပြားကနေ အဆီကို စုပ်ယူလိုက်ပါတယ်။ ပြီးရင် တော့ နာနတ်သီးအရည်နဲ့ နှင်းဆီရည်ရောထားတာကို လိမ်းကျံပေးရမှာ ဖြစ်ပါတယ်။ မိနစ် ၂၀ ခန့် လိမ်းကျံပေးပြီး သွားရင်တော့ မျက်နှာကို ရေသန့်နဲ့ သစ်ပေးလို့ ရပါပြီ။ ဒီနည်းကို တစ်ပတ်တစ်ခါ လိမ်းပေးခြင်းဖြင့် အသားအရေ တွန့် ခြင်းကို ကောင်းစွာ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

 **နာနတ်သီးပေါင်းတင်ခြင်း**

 နာနတ်သီးနဲ့ မျက်နှာကို ပေါင်းတင်လို့ ရပါတယ်။ နာနတ်သီးနဲ့ ပေါင်းတင်တာဟာ နာနတ်သီးထဲမှာ ပါဝင်တဲ့ အင်ဇိုင်း ဓာတ်ကြောင့် အသားအရေကို ရွှန်းလဲ့ဝင်းစိုစေပြီး အရေပြားတွန့်ခြင်းကို အထူးကာကွယ်ပေးနိုင်ပါတယ်။ အရေပြား ပေါ်က ပျက်စီးနေတဲ့ ဆဲလ်များကိုလည်း အမြန်ဆုံး ပြည်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ နာနတ်သီးဖျော်ရည် ၁ ဇွန်း (စားပွဲတင်ဇွန်း) သို့ နာနတ်သီးမှည့်မှည့် တစ်စိတ်ကို ယူပါ။ အရည်ဆိုလျှင် မျက်နှာကို လိမ်း ကျံပြီး အစိတ်ဆိုပါက မျက်နှာပေါ်ပွတ်သပ် နှိပ်နယ် ပေးရပါမယ်။ စေးကပ်တတ်တာမို့ နာနာတ်သီးကို လိမ်းပြီးပါက ရေနဲ့ သေချာ ဆေးကြောပေးဖို့ လိုပါလိမ့်မယ်။ အရေပြားကို အရမ်းနူးညံ့စေပါတယ်။

လိမ်းကျံပြီးသွားတဲ့အခါမှာ ဆယ်မိနစ်ခန့်စောင့်ဆိုင်းပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒီနည်းကို တစ်ပတ်တစ်ခါပဲ ပြုလုပ်ပေးပါ။ မျက်နှာအပြင် လည်ပင်း၊ ခန္ဓာကိုယ်နေရာ အစိတ်အပိုင်း တို့ကိုလည်း လိမ်းကျံပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရှိ တခြားအစိတ်အပိုင်းနေရာများကို လိမ်းကျံမယ်ဆိုရင်တော့ နွားနို့ ဖန်ခွက် ဝက်ခန့်၊ သံပရာရည်၊ ကြက်ဥ တစ်လုံး၊ နနွင်းမှုန့် အနည်းငယ်နဲ့ ဂျုံမှုန့်အနည်းငယ်တို့ ရောစပ်ပေးပြီးမှ လိမ်းကျံပေးရပါမယ်။ လက်မောင်း၊ ခြေ ထောက်၊ ခြေသလုံး၊ နောက်ကျောဘက် နေရာတို့နဲ ဝမ်းပျဉ်းသားနေရာတို့ကို လိမ်းကျံပေးနိုင်ပါတယ်။ လိမ်းကျံပြီးပါက ရေနွေးနွေးနဲ့ ပြန်လည် ဆေးကြောပေးပါ။ နာနတ်သီးအစား သင်္ဘောသီးကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

 Ref--မေးလ်ထဲမှ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)