ဟယ်ရီပေါ်တာရုပ်ရှင်ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင် ခဲ့သူ အသက်(၂၄)နှစ်အရွယ် ဗြိတိန်မင်းသမီး အမ်မာဝပ်ဆန်းသည် တနင်္ဂနွေနေ့က ဘရောင်းတက်္ကသိုလ်တွင် တက်ရောက်ဘွဲ့ယူခဲ့ပြီး ယင်း အခမ်းအနားတက်ရောက်သည့် ဘွဲ့ဝတ်စုံနှင့် အလှဓာတ်ပုံများကို ပရိသတ်များထံသို့ ချပြခဲ့သည်။ မင်းသမီး အမ်မာဝပ်ဆန်းသည် များပြားလှသော အနုပညာလုပ်ငန်း များနှင့် လူမှုရေးလုပ်ငန်းများစွာ ရှိနေသည့်ကြားက ၂၀၀၉ ခုနှစ်ကစတင်ကာ ဘရောင်းတက်္ကသိုလ်တွင် အင်္ဂလိပ်ဘာသာအထူးပြုဖြင့် တက်ရောက်ပညာ သင်ကြားခဲ့သူဖြစ်သည်။ ၎င်းသည် ဟယ်ရီပေါ်တာဇာတ်လမ်းတွဲတွင် Hermione Grangerဇာတ်ရုပ်ဖြင့် လူသိများခဲ့ပြီး Noah?နှင့်This is the Endဇာတ်ကားတို့တွင်လည်း လူကြိုက်များခဲ့သည့် သရုပ်ဆောင် တစ်ဦးလည်းဖြစ်သည်။
**လီဗာပူးအသင်းနည်းပြ ဘရန်ဒန်ရော့ဂျာအား စာချုပ်သစ်ထပ်တိုးချုပ်ဆို**

(လီဗာပူး မေ ၂၇)
လီဗာပူးအသင်းနည်းပြ ဘရန်ဒန်ရော့ဂျာသည် အသင်းနှင့် စာချုပ်သစ် တစ်ရပ် ထပ်တိုးချုပ်ဆိုလိုက်ကြောင်း သိရသည်။ ရော့ဂျာသည် ၂၀၁၂ ဘောလုံးရာသီက နည်းပြကင်နီဒဲဂလစ်နေရာတွင် အစားထိုးနည်းပြအဖြစ် စတင်ကိုင်တွယ်ခွင့်ရရှိခဲ့ပြီး ယခုနှစ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအတွက် ကောင်းဆုံးဗျူဟာအသုံးပြုခဲ့ခြင်းနှင့် တိုက်စစ်ပိုင်းကောင်းမွန်မှုတို့ကြောင့် လေးနှစ်ကြာ ချန်ပီယံလိဂ်ဝင်ခွင့် ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့သည်။
ပရီမီယာလိဂ်ဖလား(၁၈)ကြိမ်အထိ ဆွတ်ခူးထားသော လီဗာပူးအသင်း သည် ၁၉၉၀ ခုနှစ်မှ စတင်ကာ ပထမဆုံးအကြိမ်အဖြစ် ဖလားဆွတ်ခူးမည့် အခွင့်အရေးရရှိခဲ့သော်လည်း ချယ်လ်ဆီးအသင်းကို နှစ်ဂိုးပြတ်ဖြင့် ရှုံးနိမ့်ပြီး ဖလားရရှိမည့်အနေအထားတစ်ရပ်မှ သွေဖည်ခဲ့ရသည်။ ထို့ကြောင့် လီဗာပူး အသင်းသည် လက်ရှိပရီမီယာလိဂ်ချန်ပီယံ မန်စီးတီးနောက် ဒုတိယနေရာနှင့်ပင် ရာသီသိမ်းခဲ့ရသည်။ ထိုသို့လီဗာပူးအသင်း ဖလားလက်မဲ့ဖြစ်ခဲ့သော်လည်း လိဂ်မန်နေဂျာ အဖွဲ့အစည်းမှပေးသော တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရော့ဂျာရယူ ဆွတ်ခူးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ခြင်းကြောင့် လီဗာပူးအသင်းနှင့် စာချုပ်သစ်တစ်ရပ်ချုပ်ဆိုလိုက်ကြောင်းသိရသည်။
**ဘရာဇီးကမ်္ဘာ့ဖလားပြိုင်ပွဲဝင်ရန်အင်္ဂလန်ကစားသမား၂၃ ဦးစာရင်းနည်းပြရွိုင်းဟော့ဒ်ဆန်ထုတ်ပြန်**
အင်္ဂလန်အသင်း၏ နည်းပြ ရွိုင်းဟော့ဒ်ဆန်သည် ဘရာဇီးကမ်္ဘာ့ဖလား ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် အပြီးသတ်ကစားသမား ၂၃ ဦးစာရင်းကို ထုတ်ပြန်လိုက်ပြီး ယင်းလူစာရင်းတွင် အင်္ဂလန်ပရီမီယာလိဂ် အခြေစိုက် နာမည်ကြီးကစားသမားအများစု ပါဝင်လာခဲ့ကြောင်း သိရသည်။
ရွိုင်းဟော့ဒ်ဆန်ထုတ်ပြန်ခဲ့သော အပြီးသတ် ကစားသမားစာရင်းတွင် .......
ဂိုး- ဖရေဆာ ဖော်စတာ (ဆဲလ်တစ်)၊ ဘင်ဖော်စတာ (၀က်စ်ဘရွန်း)၊ ဂျိုးဟတ် (မန်စီးတီး)၊
နောက်တန်း- လေတန်ဘိန်းစ် (အဲဗာတန်)၊ဂလင်းဂျွန်ဆင် (လီဗာပူး)၊ ဖီးလ်ဂျုံး (မန်ယူ)၊ ဂျာဂျီရယ်ကာ (အဲဗာတန်)၊ လုခ်ရှော (ဆောက်သမ်တန်)၊ ဂယ်ရီ ကာဟေးလ်(ချယ်လ်ဆီး)၊ စမောလင်း (မန်ယူ)
၊အလယ်တန်း-ဂျရတ် (လီဗာပူး)၊ လမ်းပတ် (ချယ်လ်ဆီး)၊ ဟန်ဒါဆန်(လီဗာပူး)၊ လယ်နာလာ
(ဆောက်သမ်တန်)၊ ဂျိမ်းစ်မီလ်နာ (မန်စီးတီး)၊ဘာကလေ (အဲဗာတန်)၊
ချိန်ဘာလိန်(အာဆင်နယ်)၊ ၀ီလ်ရှိုင်းယား (အာဆင်နယ်)၊ စတာလင်(လီဗာပူး)၊
ရစ်ကီလမ်းဘတ် (ဆောက်သမ်တန်)
၊ရှေ့တန်း- ရွန်းနီ (မန်ယူ)၊ စတာရစ်ခ်ျ
(လီဗာပူး)၊ ၀ဲလ်ဘက် (မန်ယူ)...တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
** မြောက်အမေရိကတွင်X-Men ဇာတ်ကားသစ်ဝင်ငွေကောင်းလျက်ရှိ**
စိတ်ကူးယဉ်သိပ်္ပံဇာတ်ကားကြိုက် ပရိသတ်များအကြိုက်တွေ့စေမည့် X-Men ဇာတ်ကားသစ် X-Men: Daysof Future Pastသည် မြောက်အမေရိကတွင် စတင်ပြသပြီး ပထမသုံးရက်အတွင်းမှာပင် စုစုပေါင်းရုံဝင်ငွေ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၇ သန်းဖြင့် ထိပ်ဆုံးမှရပ်တည်နေပြီး တစ်ကမ်္ဘာလုံး အတိုင်းအတာဖြင့် ရုံဝင်ငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၆၂ သန်း ရရှိနေပြီဖြစ်ကြောင်း သိရသည်။
ယင်းဇာတ်ကားသစ်တွင် ယခင်ဇာတ်ကားများမှ သရုပ်ဆောင်များဖြစ်ကြသည့် ဟုခ်ဂျက်ခ်မန်း၊ ဂျနီဖာလောရင့်စ်၊ James McAvoy နှင့် Peter Dinklageတို့ ပါဝင်သရုပ်ဆောင်ထားကြသည်။
**ဆွမ်ဆီးအသင်းခေါင်းဆောင် အက်ရှ်လေ၀ီလျံအားအာဆင်နယ် ခေါ်ယူမည်**
(ဆွမ်ဆီး မေ ၂၇)
ဆွမ်ဆီးအသင်းခေါင်းဆောင် အက်ရှ်လေ၀ီလျံသည် ဆွမ်ဆီးအသင်း မှ ထွက်ခွာရန် တောင်းဆိုမှုများ ပြုလုပ်ထားခဲ့ပြီးနောက် အာဆင်နယ် အသင်းကပြောင်းရွှေ့ကြေး ပေါင် သုံးသန်းဖြင့် ခေါ်ယူသွားမည်ဖြစ် ကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် ဗဟိုခံစစ်အတွက် ၀ီလျံ အား ခေါ်ယူရန် အချိန် အတော်ကြာ စောင့် ဆိုင်းနေခဲ့ရပြီး ယမန်နှစ် နွေ ရာသီ အပြောင်း အရွှေ့ ကာလက လည်းအက်ရှ် လေ ၀ီလျံအား ခေါ်ယူ ရန် ကြိုးပမ်းခဲ့ ကြောင်း သိရသည်။ ဆွမ်ဆီး အသင်း ကမူအသင်းခေါင်းဆောင် အက်ရှ် လေ၀ီလျံအား ရောင်း ချရန် ငြင်းဆန်ခဲ့သော်လည်း အက်ရှ်လေ၀ီလျံအနေဖြင့်စာချုပ်သစ် ကမ်းလှမ်းမှုကို လျစ်လျူရှုခဲ့သည့် အပြင် အသင်းမှထွက်ခွာ ခွင့်ပြု ရေးကိုပါ တောင်းဆိုထား ကြောင်း သိရသည်။
အက်ရှ် လေ၀ီလျံ သည် ဆွမ်ဆီး အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိနေသေးသည်။ သို့ရာတွင် အာဆင်နယ်အသင်း အနေဖြင့် အက်ရှ်လေ၀ီလျံအား ပေါင်သုံးသန်း ဖြင့် ခေါ်ယူသွားရန် ပြင်ဆင်လျက် ရှိပြီး နာပိုလီအသင်းနှင့် လိုင်လီ အသင်းတို့သည်လည်း အဆိုပါ နောက်တန်းကစားသမား အက်ရှ်လေ ၀ီလျံအားခေါ်ယူရန် အာဆင်နယ် အသင်းနှင့်အပြိုင် ကြိုးပမ်းလျက်ရှိ ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် အက်ရှ်လေ၀ီလျံအပြင် ရီးယဲလ် ဆိုစီဒက်အသင်းမှ ပြင်သစ်တောင်ပံ ကစားသမား ဂရစ်ဇ်မန်းနှင့် ရီးယဲလ် မက်ဒရစ်အသင်းမှ ကွင်းလယ်ကစား သမား ခီဒီယာတို့ကိုလည်း ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိသည်။ ခီဒီယာ သည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေပြီး အာဆင်နယ် အသင်းအနေဖြင့် ခီဒီယာအား ပေါင် ၁၅ သန်းဖြင့် လည်းကောင်း၊ ဂရစ်ဇ်မန်းအား ပေါင် ၁၈ သန်းဖြင့်လည်းကောင်း ခေါ်ယူရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။
+Myo sandar Maung--နိုင်လင်းကြည်+ **ဘရောင်းတက်္ကသိုလ်တွင် အင်္ဂလိပ်ဘာသာအထူးပြုဖြင့်တက်ရောက်ဘွဲ့ယူခဲ့သည့် ဟယ်ရီပေါ်တာမင်းသမီး**

+Myo sandar Maung--နိုင်လင်းကြည်+

No comments:
Post a Comment