ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 27, 2014

===နေရာ==

>

ရထား ဝင်လာပြီ။ ပလက်ဖောင်းပေါ်မှာ စာအုပ်တစ်အုပ်ကို လက်ကကိုင်ဖတ်နေရာက ရထားရပ်တာနဲ့ တွဲထဲကို ခြေလှမ်းဝင်နိုင်ဖို့ ပြင်ထားလိုက်တယ်။ ဖတ်လက်စစာမျက်နှာကို ဘုတ်မာ့ခ်လေးနဲ့ သေချာညှပ်ပြီး ညာဘက်ပခုံးပေါ်က လက်ကိုင်အိတ်ကြိုးကို သေသေချာချာ တင်းတင်းရင်းရင်း ပခုံးပေါ် ပြန်တင်တယ်။ ရထားရပ်လို့ တံခါးဖွင့်တာနဲ့ တွဲထဲခပ်မြန်မြန်ဝင်လိုက်ပြီး မျက်လုံးက ဘေးဘီဝဲယာကို လျှင်မြန်တဲ့အဟုန်နဲ့ သိမ်းကျုံးကြည့်။ အချိန်က ညနေရုံးဆင်းချိန်မရောက်သေးတော့ ရထားက သိပ်ကြပ်ညပ်မနေဘူး။ နေရာတွေတော့ ရှိတယ်၊ မတ်တတ်ရပ်ဖို့။ ထိုင်ခုံတွေကတော့ မလွတ်တော့ဘူး။ ခေါင်းပေါ်က စတီးတန်းလေးမှာ တွဲလောင်းကျနေတဲ့ လက်ကိုင်ကွင်းလေးကို ညာလက်နဲ့ မြဲမြဲကိုင်ရင်း လက်ကကိုင်ထားတဲ့ ဖတ်လက်စစာအုပ်ကို အိတ်ထဲထည့်လိုက်တော့တယ်။ မတ်တတ်ဆိုတော့ ဖတ်ဖို့ အဆင်မပြေဘူးလေ။ စီးထားတဲ့ဖိနပ်က အမြင့်လေးလက်မနဲ့၊ တုန့်ကနဲ တုန့်ကနဲ တထစ်ထစ်သွားနေတဲ့ ရထားနဲ့၊ လက်တစ်ဘက်ကိုမြှောက်ပြီး ကွင်းကိုကိုင်ထားရသေးတာနဲ့။ ဆိုတော့ စာအုပ်ဖတ်ဖို့ကို စိတ်လျှော့လိုက်တယ်။ ဘယ်လိုဖြစ်တယ် မသိဘူး။ ပြီးခဲ့တဲ့နှစ်ကစလို့ ရထားတွေ ခဏခဏပျက်လား ပျက်ရဲ့၊ နောက်ကျလား ကျရဲ့။ ရထားပျက်လို့ ခရီးသည်အားလုံးဆင်းပြီး လှိုဏ်ခေါင်းထဲ တပျော်တပါးကြီး လမ်းဆင်းလျှောက်လား လျှောက်ကြရရဲ့။ ယနေ့အဖို့ ဘယ်ကနေ ဘယ်ကို ပြေးဆွဲတဲ့ရထားခရီးစဉ် ယာယီဖျက်သိမ်းပါသည်ဆိုတဲ့ ဆိုင်းဘုတ်တွေ ထောင်ထားတာလည်း အကြိမ်ကြိမ်ကြည့်ရလား ကြည့်ရရဲ့။ ရထားပို့ဆောင်ဆက်သွယ်ရေးက စီအီးအိုအမျိုးသမီးတစ်ယောက် နှုတ်ထွက်လား ထွက်ရဲ့။ အကြောင်းပြချက်က ရထားစီးခရီးသည်တွေ အဆင်မပြေတဲ့ကိစ္စအတွက် သူမမှာ တာဝန်အပြည့်ရှိပါတယ် ဆိုလားပဲ။ တာဝန်ယူတတ်တဲ့သူများကျတော့ လူတွေအပြော မခံဘူး။ ရှက်တတ်ကြတာများ ပြောပါတယ်။ အရှေ့ဂျူရောင်းဘူတာကို ရောက်ပြီ။ လူတစ်ချို့ဆင်းသွားကြ၊ တစ်ချို့လည်း မြောက်ဘက်အနီရထားလိုင်း ပြောင်းစီးကြ။ ထိုင်ခုံ မရသေးဘူး။ ကိုယ်ကပဲ နှေးလို့များလား။ နေပါစေလေ လေးဆယ့်ငါးမိနစ်လောက် ခရီးမှာ မထိုင်ရတော့ရော ဘာဖြစ်မှာမို့လဲ။ အဲ ဖြစ်တာပေါ့၊ ထိုင်တော့ ထိုင်ချင်တာပေါ့။ စာအုပ် ဖတ်ချင်တာကိုး။ သက်တောင့်သက်သာရှိချင်တာကိုး။ လူပဲ…။ ဆက်ပြီးရပ်လိုက်ရင်း ရှေ့ကိုပဲ ကြည့်ချင်လည်း ကြည့်၊ မကြည့်ချင်လည်း ကြည့်နေရတော့ ရှေ့ထိုင်ခုံက လူတွေကို အာရုံလေးနည်းနည်းထည့်ပြီး ကြည့်မိတယ်။ အားလုံးလိုလို ဖုန်းလေးတွေကိုယ်စီနဲ့၊ စကရင်လေးတွေ အထက်အောက် ပွတ်လို့။ တစ်ချို့လည်း ဖေ့စ်ဘုတ်ကြည့်၊ တစ်ချို့လည်း ဂိမ်းဆော့၊ တစ်ချို့လည်း ချက်တင်းနှောကြနဲ့ တူပါရဲ့လေ။ ရှေ့တည့်တည့်မှာ တရုတ်မချောချောလေးတစ်ယောက်၊ မျက်နှာလေးက ကြည်ပြီးရှင်းနေတာပဲ။ သူမလေးကတော့ ဆိုနီနားကြပ်အကြီးကြီးကို နားရွက်တွေဖုံးအောင်တပ်လို့ ဂီတမှာ စီးမျောနေပုံ။ ကျောင်းသူမလေး ထင်ပါရဲ့။ စိတ်ရင်းရှင်းရှင်း ကြည်ကြည်လေးရှိမယ့်ပုံ။ သူ့ဘေးနားက တစ်ယောက်လည်း တရုတ်မလေးပဲ။ သူက အသားမဖြူဘူး။ တရုတ်မဲ။ ပေါင်ချိန်တို့အမျိုး ဖြစ်မယ်။ သူကတော့ တစ်လမ်းလုံး ဖုန်းပြောလာနေတာပဲ။ အသံကလည်း ကျယ်တယ်။ ကြည့်ရတာ ပြည်ကြီးက တရုတ်မလေးဖြစ်မယ်။ တရုတ်စကားအတူတူပေမယ့် လေယူလေသိမ်းက ပြည်မကြီးက အသံမျိုး။ ကြမ်းသလိုလို ထင်ရတယ်။ လေသံက မာတောင့်တောင့်နဲ့။ သူ့မျက်ခုံးက အဆုံးမှာ နားထင်ဘက်အပေါ်ကို ပင့်တက်သွားပုံနဲ့၊ မျက်ပေါက်ကျဉ်းကျဉ်းရဲ့ အဖျားကုတ်စင်းသွားပုံကြောင့် လူတွေကို အမြင်ကြည်မယ့်ပုံ မဟုတ်ဘူးလို့ ထင်ရတယ်။ စိတ်တိုတတ်မယ့်ပုံလည်း ရတယ်။ ခပ်ပါးပါးလေ့လာထားတဲ့ အင်္ဂဝိဇ္ဇာပညာအရဆိုရင်ပေါ့လေ။ ရီဇာ့ဗ်ခုံလို့ခေါ်တဲ့ လူအိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ မသန်စွမ်းသူတွေအတွက် လျာထားတဲ့ ထောင့်အစွန်းက ခုံမှာတော့ ကောင်လေးတစ်ယောက်၊ ခပ်ရွယ်ရွယ်ပဲ။ မျက်လုံးစုံမှိတ်ရင်း လိုက်လာတာကိုတွေ့တော့ ကိုယ်က ပြုံးမိသေးတယ်။ ဟာသရုပ်သံဇာတ်လမ်းတစ်ခုမှာ လူငယ်တွေ အဲလိုနေရာမှာထိုင်ပြီး တကယ် ထိုင်ဖို့လိုအပ်သူတက်လာတဲ့အခါ နေရာက ထမပေးချင်တာနဲ့ ငိုက်ချင်ယောင်ဆောင်နေတတ်ကြတဲ့ အကြောင်းကို ဟာသလုပ်တာ ကိုယ်က ကြည့်ဖူးထားတာကိုး။ ရထားက ဓနသဟာရဘူတာကို ရောက်ပြီ။ ဒီဇိုင်းခပ်လန်းလန်းနဲ့ ဘွားတော်ကြီးတစ်ယောက် တက်လာတယ်။ ဒိုင်ယာနာကေလို ဆံပင်တိုတိုကို ပန်းရောင်ဆိုးထားတယ်။ ဘလောက်စ်နဲ့ စကတ်အတိုက ဆင်တူ၊ အဆင်က ပန်းပွင့်တွေနဲ့ ပန်းရောင်၊ အနီရောင်၊ အစိမ်းရောင်တွေ ရောယှက်လို့။ ကိုယ့်မျက်လုံးရှေ့ကို ပန်းဥယျာဉ်ကြီးတစ်ခုလုံး လမ်းလျှောက်ရွေ့လာသလိုမျိုး။ ကိုယ်ပေါ်မှာ တစ်တောင်ကျော်ကျော်အလျားရှိတဲ့ အိတ်အနက်တစ်လုံးကို စလွယ်သိုင်းပြီး လွယ်ထားသေးတယ်။ အလန်းပဲ၊ ဒါပေမဲ့ ကြည့်ရတာ ငယ်တော့ သိပ်မငယ်တော့ဘူး။ ခြောက်ဆယ်ပတ်ချာလည်လောက်ရှိမယ်လို့ မှန်းရတာပဲ။ “အိတ်စကျူ့စမီ” အားလုံး ကိုယ့်အာရုံနဲ့ကိုယ် သာယာနေတုန်း ဘွားတော်အသံက ရုတ်တရက် ဟိန်းထွက်လာတယ်။ အနီးအနားက မျက်လုံးတွေအားလုံး ဘွားတော်ဆီ ပြေးကပ်ကြတယ်။ “ဟဲလို အိတ်စကျူ့စမီ” ဒီတစ်ခါတော့ ဘွားတော်က အသံနဲ့တင် မကဘူး၊ ရီဇာ့ဗ်ခုံက ငိုက်ချင်ယောင်ဆောင်နေတဲ့ လူရွယ်ကောင်လေးကို လက်ညှိုးကလေးနဲ့ပါ တို့ရင်း နှိုးလိုက်တာ။ ထပေးပါပေါ့လေ၊ သူက စီနီယာစီတီဇင်ကိုး။ ကောင်ကလေးက ထပေးလိုက်ရှာပါတယ်။ လူတွေက ကြည့်နေကြတော့ ရှက်ရှာမယ်။ ထ မပေးရင် သူ လူဆိုးဖြစ်မှာလေ။ ဘွားတော်ကြီးက လူရွယ်ဖယ်ပေးလိုက်တဲ့ ခုံပေါ်မှာ ထိုင်တယ်။ ပြုံးပြုံးကြီးပဲ။ ပြီးမှ စလွယ်သိုင်းထားတဲ့ အိတ်ထဲက အိုင်ပက်ကိုထုတ်ပြီး ပေါင်ပေါ်တင်တယ်။ လူတွေက ဘွားတော်ကြီး ဘာဆက်လုပ်မလဲ အသာလေး ဝိုင်းရှိုးနေတာပေါ့။ ဘွားတော်ကြီးက အေးဆေးပဲ။ အိုင်ပက်ကို ဖွင့်လိုက်ပြီး ဟေးဒေးလို့ခေါ်တဲ့ ဂိမ်းကို ပျော်ပျော်ကြီးဆော့တော့တာ။ အားလုံးလိုလိုရဲ့ မျက်နှာတွေက ပြုံးစေ့စေ့တွေ ဖြစ်ကုန်တယ်။ ခုနက ကောင်လေးလည်း ခုမှပဲ မျက်လုံးကျယ်သွားပုံ။ ကိုယ်လည်း ကြိတ်ပြုံးရတယ်။ ဒီလိုပါပဲ လူတွေက ဖြစ်တတ်ပါတယ်။ တန်ဂျွန်ပါဂါးဘူတာကို ရောက်ပြီ။ ဆင်းသူတွေ ဆင်း၊ တက်သူတွေ တက်လာကြနဲ့။ ရထားက ဆက်ထွက်တယ်။ အသက်ခပ်ကြီးကြီး အဘိုးတစ်ယောက် တက်လာတယ်။ တုန်တုန်ချိချိနဲ့။ ထင်တဲ့အတိုင်းပဲ။ ရှေ့က ခပ်ချောချော ကျောင်းသူမလေး၊ ဆိုနီဟက်ဖုန်းမလေးက သူ့ထိုင်ခုံကို အဘိုးကြီးအတွက် ဖယ်ပေးလိုက်တယ်။ သာဓု သာဓု သာဓု။ အဘိုးကြီးက ရှဲ့ရှဲ့နီတဲ့။ တကယ်ဆို သူ့ထိုင်ခုံက ရီဇာ့ဗ်ခုံ မဟုတ်ဘူး။ ထ မပေးလို့လည်း ပြဿနာမရှိဘူး။ တော်လိုက်တဲ့ကလေးမဆိုတဲ့ အကြည့်မျိုး ကောင်မလေး သိမ်းကျုံးရသွားတယ်။ ဘေးနားက ပြည်ကြီးတရုတ်မမျက်နှာ နည်းနည်းလေး နေမထိထိုင်မသာလိုလို ဘာလိုလိုလေး ဖြစ်သွားတယ်။ တောင်တောရယ်သာလို့ ဆိုလိုက်ရင် မြောက်တောက အလိုလို ငုတ်သွားရော မဟုတ်လား။ ဖြစ်တတ်တာ ပြောပါတယ်။ ဒါနဲ့ နောက်တစ်ဘူတာမှာ ရထားက ရပ်တယ်။ ကိုယ်ဝန်ဆောင်ထားဟန်တူတဲ့ မိန်းမကြီးတစ်ယောက် ရှေ့မှာလာရပ်တော့ ပြည်ကြီးတရုတ်မလေး ခွင် ဝင်သွားတယ်။ ဒီမှာထိုင်ပါ တဲ့။ ထိုင်နေရာကထပြီး သူ့ခုံကို ပေးတယ်။ မိန်းမကြီးမျက်နှာ ရုတ်တရက် ရဲကနဲဖြစ်သွားတယ်။ နိုး နိုး အိုကေ အိုကေ တဲ့။ ပြည်ကြီးတရုတ်မလေးကလည်း ခုံက ထပေးပြီးနေပြီ။ မိန်းမကြီးကလည်း ထိုင်ဖို့ အသေငြင်းနေတုန်းပဲ။ မိန်းမကြီးမျက်နှာက အရှက်ကြီး ရှက်သွားပုံ။ အို….သိပြီ။ ကိုယ်ဝန်မှ မဟုတ်တာဘဲ။ ပင်ကိုယ်ဗိုက်ပူ….။ ပင်ကိုယ်ဗိုက်ပူကို အပွကြီးဝတ်ထားတော့ ကိုယ်ဝန်ဆောင်နဲ့ အထင်မှားခံရတာပေါ့။ ကြည့်ရတာ အပျိုကြီးနေမယ်။ အတော်လေးရှက်သွားပုံနဲ့ ရှေ့ဘူတာမှာ ရထားလည်းရပ်ရော တစ်ချိုးတည်းဆင်းချသွားတယ်။ ပြည်ကြီးတရုတ်မလေးလည်း ကြောင်အအနဲ့ မျက်နှာမသာမယာကျန်ရစ်တယ်။ နောက်တစ်ဘူတာရောက်တော့ ကိုယ်လည်း ဆင်းတယ်။ ရထားပေါ်မှာ ထိုင်စရာနေရာ မရဘဲ မတ်တတ်ရပ်စီးလာရတာကို ဒီတစ်ခါလောက် ကျေနပ်မိတာ မရှိဘူး….။

 Author: ချစ်ကြည်အေး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)