ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, June 22, 2014

==လူထုကျန်းမာရေး(စိတ်ဓာတ်ကျဆင်းမှု ဖြစ်ရပုံနှင့် ဖြေရှင်းပုံ နည်းလမ်း)==

>
**Public Health**
 စိတ်ဓာတ်ကျဆင်းမှု ဖြစ်ရပုံနှင့် ဖြေရှင်းပုံ နည်းလမ်းပတ်ဝန်းကျင်မှာ စိတ်ဓာတ် ကျတယ် ကျတယ် ဆိုပြီးတော့ ပြောနေတဲ့ မိတ်ဆွေ များစွာ ရှိပါတယ်။ ယင်း မိတ်ဆွေ အားလုံး အတွက် စိတ်ဓာတ်ဘာကြောင့် ကျတယ် ဆိုတာကို ရှင်းပြ ပြီးတော့ ဖြေရှင်းနည်းကိုလည်း ပေးပါ့မယ်။ စိတ်ဓာတ် ကျဆင်းမှု ဆိုတာကို မရှင်းခင် အရင်ဆုံး မြတ်စွာဘုရား ဟောကြားတဲ့ လောကဓံ ရှစ်ပါးကို အရင် ရှင်းပါရစေ။ ပါဠိ လို မရေးပဲ မြန်မာလိုပဲ ရေးပါမယ်။
၁။ လိုအပ်ချက်ပြည့်စုံ၍ ချမ်းသာစွာနေရခြင်း
 ၂။ လိုအပ်ချက်များ မရနိုင်ပဲ ဆင်းရဲစွာ နေရခြင်း
 ၃။ အခြံအရံ များ ရှိခြင်း
 ၄။ အခြံ အရံများ မရှိခြင်း
၅။ အချီးကျူးခံရခြင်း
၆။ ပြစ်တင် ရှုံ့ချ ခံရခြင်း
၇။ ကိုယ်စိတ် ကျန်းမာ ပျော်ရွှင် ခြင်း (သုခ)
 ၈။ ကိုယ်စိတ် မကျန်းမာ ဆင်းရဲခြင်း (ဒုက္ခ)

ယင်း လောကဓံ ရှစ်ပါးမှာ စိတ်ဓာတ် ကျဖို့ တွန်းအား ပေးနေတဲ့ အရာ ကတော့ အဆိုး လေးခု ဖြစ်ပါတယ်။ စည်းစိမ် ဆင်းရဲခြင်း၊ အခြံအရံ မရှိခြင်း၊ ပြစ်တင် ခံရခြင်း၊ ဒုက္ခများခြင်း တို့ ဖြစ်ပါတယ်။ စည်းစိမ် မရှိ ဆင်းရဲခြင်း စည်းစိမ် မရှိတာက ပြဿသနာ မဟုတ် ပါဘူး။ စည်းစိမ် ရှိတဲ့ သူတွေကို ကြည့်ပြီး မိမိကိုယ် မိမိ ပြန်စော်ကား နေတာက ပြဿသနာ ဖြစ်ပါတယ်။ မနာလို စိတ်များ ဖုံးလွမ်းနေမှုကြောင့်၊ ချမ်းသာလျှင်လည်း အူတို စိတ်များ ဝင် နေမှုကြောင့် စိတ်ကို ညစ်နွမ်းစေပြီး လောဘနဲ့ ဒေါသ ယှဉ်တဲ့ စိတ်အခံကို ဖြစ်စေ ပါတယ်။ အဲ့အချိန် မိမိ ဘာခံစား ရတယ်ဆိုတာ ခံစားဖူးသူတို့ သိကြမှာပါ။

+အခြံအရံ မရှိခြင်း +

 ဒါကတော့ စိတ်ဓာတ်ကျဖို့ ဖြစ်နိုင်ချေ နည်းတဲ့ အချက် တစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့် အခြံအရံ များစွာနဲ့ နေရပြီး တစ်နေ့ကျ ကိုယ့် အခြံအရံ နောက်လိုက် တပည့်မှာ လက်လွတ်သွားရတဲ့ သူများက ဒီအချက်နဲ့ စိတ်ဓာတ် ကျတတ် ပါတယ်။

+ ပြစ်တင် ရှုံ့ချ ခံရခြင်း+

 ဒီအချက်ဟာ စိတ်ဓာတ် ကျဖို့ ဖြစ်နိုင်ချေ အများဆုံး ဖြစ်ပါတယ်။ လူတွေရဲ့ အကြောက်ဆုံးထဲမှာ အပြစ်တင် ခံရမှာကို အတော်များများက ကြောက်ကြ ပါတယ်။ အလုပ် တစ်ခု ရတဲ့ အခါ၊ ပရောဂျက် ရတဲ့ အခါ ငါမပြီးရင် ဘာဖြစ်မလဲ၊ မလုပ်နိုင်ရင် ဘာဖြစ်မလဲ၊ စာမေးပွဲ အတွက် အဆင်သင့် မဖြစ်ရင် ဘာဖြစ်မလဲ၊ စာမေးပွဲ ကျရင် ဘာဖြစ်မလဲ၊ ငါ အမှားလုပ်ထားသာ သိကုန်ကျရင် ဘယ်လို လုပ်မလဲ အစရှိသဖြင့် စိုးရိမ် ပူပန် စိတ်များ ဝင်ကြပြီး ယင်း စိုးရိမ်စိတ်များက သောက တစ်ခု ဖြစ်လာပြီး စိတ်ဓာတ် ကျဆင်း စေပါတယ်။

+ကိုယ်စိတ် မကျန်းမာ ဆင်းရဲခြင်း+

 လူ မကျန်းမာရင် ဖြစ်တဲ့ ဝေဒနာကိုတော့ ဖျားနာသူများ သိပါလိမ့်မယ်။ ကိုယ်တွင်း ဖောက်ပြန်တဲ့ ဝေဒနာ များကြောင့် ဆင်းရဲရခြင်း ဒေါသ အဖြစ်ကနေ စိတ်ဓာတ်ကျတဲ့ ဘက်ကို ဦးတည်သွားစေ ပါတယ်။ စိတ် အနေနဲ့ ကလည်း အတူတူပါပဲ။ အချစ်ဆုံး ဆွေမျိုး၊ မိဘ၊ မိတ်ဆွေ၊ ချစ်သူ သေဆုံးခြင်း၊ အဝေးထွက်သွားခြင်း၊ လမ်းခွဲ ရခြင်း၊ အစရှိသဖြင့် ပြဿသနာ အမျိုးမျိုးကြောင့် အလွမ်း၊ အဆွေး ခေါင်းစဉ် တပ်လို့ နောက်ဆုံးတော့ စိတ်ဓာတ်ကျတဲ့ ဘက်ကို ဦးတည်သွား ပါတယ်။

+စိတ်ဓာတ် မကျအောင် ဖြေရှင်းရန် နည်း +

အထက်ပါ ဖော်ပြတဲ့ လောကဓံ အဆိုး လေးခုကြောင့်တင် မကပဲ တစ်ခါတစ်လေ ကျရင် လောကဓံ အကောင်း လေးခု အားကောင်းတဲ့ အခါ ကျရင်လည်း စိတ်ဓာတ် ကျတတ် ပါတယ်။ စိတ်ဓာတ် ကျတယ် ဆိုတာကို တရားကိုယ် ကောက်ရင် ဒေါသ ပါပဲ။ ဒေါသ ဆိုတာ ရုပ်ပိုင်း ဆိုင်ရာ အမူအရာပိုင်း ဆိုင်ရာ ခက်ထန် ကြမ်းတမ်း မှ ဒေါသ မဟုတ် ပါဘူး။ ပူဆွေးသောက၊ ပရိဒေသ ဖြစ်မှု၊ ငိုကြွေးမှု၊ စိတ်ဓာတ် ကျမှု တို့ကလည်း ဒေါသ တစ်မျိုး ဖြစ်ပါတယ်။ သူကျတော့ ဒေါသ အနုစား ဖြစ်ပါတယ်။ ဖြစ်ပုံ ဖြစ်နည်းကို သိပြီးတော့ ဖြေရှင်းနည်းကို သိဖို့ လိုအပ် ပါသေးတယ်။ အဓိက ကတော့ လောကဓံ ရှစ်ပါး ကို ကောင်းကောင်း နားလည် ပြီးတော့ ရင်ဆိုင် ဖြေရှင်း တတ်ဖို့ ဖြစ်ပါတယ်။ အကောင်းတွေ ကြုံတဲ့ အချိန် စိတ်လွတ် ကိုယ်လွတ် ဖြစ်စရာ မလိုသလို၊ အဆိုးတွေ ကြုံတဲ့ အချိန်လည်း စိတ်လွတ်ကိုယ်လွတ် ဖြစ်စရာ မလို ပါဘူး။ လောဘ၊ ဒေါသ များ ကို သိလျှင် သိခြင်း ချုပ်ထိန်းလို့ မောဟ မဖြစ်အောင် ဥာဏ်ယှဉ်သွားအောင် ကျင့်ကြံ အားထုတ်ဖို့ လိုအပ် ပါသေးတယ်။ ကျင့်ကြံ အားထုတ်တယ် ဆိုတာ တရားကြီး ထိုင်မှတ် နေမှ မဟုတ် ပါဘူး။ အမြဲတမ်း စိတ်ထဲမှာ နှလုံးသွင်းပြီး သတိ အမြဲတမ်း ယှဉ်နေဖို့ လိုအပ် ပါတယ်။ ရရှိ အောင်မြင် ခဲ့တဲ့ ရလဒ် များကို ပြန်တွေးလို့ ပီတီ၊ သုခ စေတသိတ် ဝင်ရန် လိုအပ် ပါတယ်။

တစ်ခုခု ကျရှုံးလို့ စိတ်ညစ်တဲ့ အခါ အကောင်းဆုံး လုပ်ခဲ့တာတွေ ကို တွေးပြီးတော့ မိမိကိုယ်ကိုယ်ကို Self appraising လုပ်ရန် လိုအပ် ပါတယ်။ ပြီးတော့ မိမိရဲ့ အားနည်းချက် အားလုံးကို အချက်ကျကျ သိရှိပြီး ယင်း အချက် များကို ရှောင်ကြဉ် ပြင်ဆင် ရပါမယ်။ ဒါတွေကို မပြင်ဆင် မရှောင်ကြဉ် သရွေ့ အတတ်နိုင်ဆုံး မကြိုးစား သရွေ့ စိတ်ဓာတ်က တိုက်ဆိုင် အကြောင်း တွေ့ရင် ကျမှာ ပါပဲ။ ဒီတော့ လောဘ၊ ဒေါသ လျော့၊ မေတ္တာ မုဒိတာ ပွား၊ ပီတိ သုခ ခံစား၊ အားနည်းချက်ကို ရှင်း၊ ဝီရိယ ယှဉ်လို့ အကောင်းဆုံး ကြိုးစား၊ ဆင်ခြင်တုံ တရား ပညာလေ့လာ လိုက်စား၊ သတိ အမြဲ ကပ်လို့ နေထိုင်သွား ရင် စိတ်ဓာတ် ဆိုတာ ကျစရာ အချိန်တောင် ရှိတော့မှာ မဟုတ်ပါဘူး။ အားလုံး စိတ်ဓာတ်ကျတဲ့ ပြဿသနာကို ရင်ဆိုင် ဖြေရှင်း သွားနိုင် ကြပါစေဖို့ ရေးသား အကြံပေး လိုက်ရ ပါတယ်။

+ အောင်ခမ်း (ရိုးရာလေး)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)