ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, June 21, 2014

==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==

>
**အမျိုးသမီးများအားလုံးကို စွမ်းဆောင်ရည်ရှိပြီး ထူးချွန်သည့်အမျိုးသမီးများဖြစ် စေလိုသည့်ဗစ်တိုးရီးယားဘက်ခမ်း**

ကမ်္ဘာကျော်ဖက်ရှင်ဒီဇိုင်နာတစ်ဦး ဖြစ်သည့် ဗစ်တိုးရီးယားဘက်ခမ်းက ဖက်ရှင်လောကအပါအ၀င် အမျိုး သမီးများအားလုံးကို စွမ်းဆောင်ရည် ရှိပြီး ထူးချွန်သည့်အမျိုးသမီးများဖြစ် စေလိုကြောင်းElleမဂ်္ဂဇင်း၏ အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။ နာမည်ကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်း၏ ဇနီး၊ သားသမီး လေးဦးတို့၏ မိခင်ဖြစ်သည့် အသက် (၄၀) အရွယ် ဗစ်တိုးရီးယားဘက်ခမ်း က ““ကျွန်မကျရှုံးမှာ မကြောက်ပါဘူး၊ လူသားအားလုံးဟာ အရာအားလုံး အပေါ်ကနေ လေ့လာသင်ယူနေနိုင် တာပဲ၊ ဘယ်တော့မှ အဆိုးကို မစဉ်း စားဘူး၊ အကောင်းကိုပဲစဉ်းစားတယ်၊ ဘယ်သူနဲ့မှလည်း မယှဉ်ပြိုင်ဘူး၊ ကိုယ့်ကိုယ်ကိုယ်ပဲ ယှဉ်ပြိုင်တယ်””ဟု ဆိုသည်။
ဆက်လက်ပြီး ကျရှုံးမှုကိုကြောက် ရွံ့နေသူတစ်ဦးအနေဖြင့် မိမိကိုယ်ကို စိန်ခေါ်နိုင်မည်မဟုတ်ကြောင်း၊ ယင်းသို့ဆိုလျှင် ရှေ့ကိုလည်း ခရီး ဆက်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ ၎င်းင်းအနေဖြင့် မိမိကိုယ်ကို စိန်ခေါ်ရ သည်ကို နှစ်သက်ပါကြောင်း ဗစ်တိုးရီးယားက ဆက်လက်ပြောကြားသည်။
ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယား ဘက်ခမ်းသည် ယမန်နှစ်အတွင်းက ဗြိတိန်နိုင်ငံ မှ ထုတ် လွှင့်သည့် ရေဒီယို မဂ်္ဂဇင်းအစီအစဉ်၏ စွမ်းအားအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းတွင် ထည့်သွင်းဖော်ပြခြင်းခံထားရသူလည်းဖြစ်သည်။

**The Expendables 3 ဇာတ် ကားသစ်၏ ရုပ်ရှင်ဇာတ်လမ်းအမြည်းကို စတင်ကြည့်ရှုနိုင်ပြီ**

 လာမည့် သြဂုတ်လတွင် ရုံတင်ပြသ ရန်စီစဉ်ထားသည့် တတိယမြောက် Expendablesဇာတ်လမ်းတွဲ ဖြစ် သည့် The Expendables 3 ဇာတ် ကားသစ်၏ ရုပ်ရှင်ဇာတ်လမ်းအမြည်း ကို ဇွန် ၁၇ ရက်က အွန်လိုင်း၌ စတင်ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။ ယင်းဇာတ်ကားသည် ၂၀၁၂ ခုနှစ် က ထွက်ရှိခဲ့သည့် The Expendables 2ဇာတ်ကား၏ နောက်ဆက်တွဲ ဖြစ်ပြီး ၀ါရင့်ဟောလိဝုဒ်မင်းသားကြီး များဖြစ်ကြသည့် စတားလုန်း၊ အာနိုး၊ ဟာရီစွန်ဖို့ဒ်၊ ဂျေဆွန်စတသမ်နှင့် တရုတ်မင်းသား ဂျက်လီတို့ ပါဝင် သရုပ်ဆောင်ထားကြသည်။ Expendablesဇာတ်လမ်းတွဲများ ကို ၂၀၁၀ ခုနှစ်တွင်The Expendables ဇာတ်ကား၊ ၂၀၁၂ ခုနှစ်တွင်The Expendables 2 ဇာတ်ကားတို့ကိုဖြန့်ချိပြသခဲ့ပြီး လာမည့် သြဂုတ်၁၅ ရက်တွင် The Expendables 3 ဇာတ်ကားကို ဖြန့်ချိသွားမည်ဖြစ်ပြီး ယင်းသည် Expendablesဇာတ်လမ်း တွဲများ၏ နောက်ဆုံးဇာတ်ကားဖြစ်နိုင် ဖွယ်ရှိကြောင်း သိရသည်။

; **ကမ်္ဘာတစ်ဝန်းတွင် အားကစားဆိုင်ရာ လောင်းကစားလုပ်ငန်းလှည့်ပတ်ငွေမှာအမေရိကန် ဒေါ်လာ ဘီလီယံ ၆၈၀ အထိရှိ**

ကမ်္ဘာတစ်ဝန်းတွင် အားကစားဆိုင်ရာ လောင်းကစားလုပ်ငန်းမှာ အဆမတန် ကြီးထွားလာလျက်ရှိကြောင်း၊ နှစ်စဉ် အားကစားပြိုင်ပွဲများအပေါ် အခြေခံသည့် တရားမ၀င် လောင်းကစားလုပ်ငန်းများ၏ လှည့်ပတ်ငွေသည် ကြောက်ခမန်းလိလိ ပမာဏအထိ ကြီးထွားလာကြောင်းး နိုင်ငံတကာ ဘီးစီးနက်တိုင်းမ်သတင်းစာက ရေးသားဖော်ြ်ပြသည်။။ ကမ်္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပနေ ချိန်တွင် နိုင်ငံတကာရှိ လောင်းကစားဒိုင်များ ခေါင်းထောင်လာနေသည်။ ကမ်္ဘာတစ်ဝန်းတွင် လောင်းကစားလုပ်ငန်း ကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုပေးထား သည်။

သို့ရာတွင် ဒုစရိုက်သမားများက အကျိုးအမြတ် ကြီးမားစွာ ရရှိနိုင်သော ဥပဒေမဲ့ လောင်းကစားလုပ်ငန်းများကို ရဲရဲ တင်းတင်း လုပ်ကိုင်လာကြသည်။ ကမ်္ဘာတစ်ဝန်းတွင် နှစ်စဉ်အားကစား ပြိုင်ပွဲများအပေါ် အခြေခံသည့် လောင်းကစား လုပ်ငန်းများ၏ လှည့်ပတ်ငွေမှာအမေရိကန် ဒေါ်လာ ဘီလီယံ ၆၈၀ အထိရှိသည်။ ယင်း ငွေကြေးပမာဏ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ တရားမ၀င် လောင်းကစားလုပ်ငန်းများ၏ လှည့်ပတ်ငွေဖြစ်ကြောင်း နိုင်ငံတကာ ဘစ်္စနက်တိုင်းမ် သတင်းစာက ရေးသား ဖော်ပြသည်။

အာရှတိုက်ရှိ တရုတ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံတို့သည် အားကစား ဆိုင်ရာ လောင်းကစားလုပ်ငန်းများ အကြီး အကျယ်လုပ်ကိုင်သည့် ဒေသများဖြစ်ကြသည်။ ဟောင်ကောင်တွင် မြင်းစီးပြိုင်ပွဲများကို ပုံမှန်ကျင်းပနေပြီး ဂျော်ကီကလပ် လောင်း ကစားမှုကို တရားဝင် ခွင့်ပြုပေးထားသည်။ ယနေ့ကာလတွင်အင်တာနက်မှတစ်ဆင့် လောင်းကစားသည့်လုပ်ငန်းများ ခေတ်စားလာ သည်။ အွန်လိုင်းလောင်းကစားလုပ်ငန်းများ သည် တရားမ၀င် လောင်းကစားလုပ်ငန်း များ ဖြစ်ကြသည်။ တရုတ်နိုင်ငံ ကွမ်တုန်ပြည်နယ်နှင့် ဟောင်ကောင်ကျွန်းတို့တွင် လောင်းကစား လုပ်ငန်းများကို ဒုစရိုက်ဂိုဏ်းများက လှုပ်ရှား လုပ်ကိုင်နေပြီး ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က အခါအားလျော်စွာ သန်းပေါင်းများစွာသော ငွေကြေးပမာဏနှင့်အတူ လောင်းကစား ဒိုင်များကို ဖမ်း ဆီး ရမိလေ့ရှိ သည။် (ပီတီတီအိုင်)

**စပိန်အသင်းအုပ်စုမှထွက်ခဲ့ ရသဖြင့်ပရိသတ်များအားလုံးကို နည်းပြဒယ်လ်ဘော့စကေးတောင်းပန်စကားဆို**

 စပိန်အသင်း၏ နည်းပြဖြစ်သူ ဗင်းဆင့်ဒယ်လ်ဘော့စကေးသည် ပြီးခဲ့ သည့် ဇွန် ၁၈ ရက်က အုပ်စုဒုတိယ မြောက် ပွဲစဉ်အဖြစ် ကစားခဲ့သည့် ချီလီကို ၂-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် အသင်း၏ ပရိသတ်များအားလုံးကို တောင်းပန်စကားဆိုခဲ့ကြောင်း သိရ သည်။
စပိန်အသင်းသည် အုပ်စုပွဲစဉ် နှစ်ပွဲကစားကာ နိုင်ပွဲမရရှိခဲ့ဘဲ နှစ်ပွဲရှုံး၊ ရဂိုး တစ်ဂိုး၊ ပေးဂိုး ကိုးဂိုးထိ ပေးခဲ့ရကာ ကမ်္ဘာ့ဖလားသမိုင်းတစ်လျှောက်တွင် ၎င်းတို့ ၏ အဆိုးရွားဆုံးရလဒ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင်နည်းပြဒယ်လ်ဘော့သည် စပိန်အသင်းနှင့်အတူ ယခုနှစ်ကမ်္ဘာ့ဖလားတွင် ထပ်မံ ဗိုလ်စွဲပါက အီတလီ ဂန်္ထ၀င်နည်းပြ ပေါ့ဇိုနှင့်အတူ ကမ်္ဘာ့ဖလားကို နည်းပြအဖြစ် နှစ်ကြိမ်ရယူဖူးသူအဖြစ် မှတ်တမ်းဝင်လာမည်ဖြစ်သော်လည်း ယင်းအခွင့် အရေးကို လွဲချော်ခဲ့ရသည်။ ၎င်းက ““ကျွန်တော်တို့အတွက် စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်၊ ဟော်လန်နဲ့ ကစားခဲ့တဲ့ပွဲစဉ်ရော အခုချီလီနဲ့ပွဲစဉ်မှာပါ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ဦးဆောင်ဂိုးတွေပေးရတာဟာ ကျွန်တော်တို့အသင်းအတွက်ခက်ခဲစေပြီး ပြန်လည်ချေပဖို့အတွက်လုံလောက် တဲ့စွမ်းရည်မရှိခဲ့ပါဘူး၊ ဒီနေ့မှာလည်း ပထမပိုင်းမှာ ဂိုးရလိုဇော အားကြီးနေပြီး ဒုတိယပိုင်းကိုရောက်တော့လည်း ပေးဂိုးနှစ်ဂိုးကိုပြန်ပြီး မချေပနိုင်ခဲ့ပါဘူး၊ အဓိက ကတော့ ဦးဆောင်ဂိုးတွေပေးခဲ့ရတာက ကျွန်တော်တို့ရဲ့ ရှုံးပွဲတွေကို ဦးတည်စေခဲ့တာပါ””ဟု ပြောကြားသွားခဲ့သည်။ စပိန်အသင်း၏ ကျရှုံးမှုကို ဒေသတွင်းသတင်းစာများက အကျယ်တ၀င့်ဖော်ပြခဲ့ကြသလို မကြာခင်အချိန် တွင် ဒယ်လ်ဘော့မှာ စပိန်နည်းပြ ရာထူးမှ ထုတ်ပယ်ခံရတော့မည်””ဟု သတင်း များထွက်ပေါ်နေကြောင်းသိရသည်။

+စွမ်းထက်အောင်--မျိုးစန်္ဒာမောင်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)