ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, June 22, 2014

=ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==

>
**Miss Diorကုန်စည်ပြပွဲ..ရှန်ဟိုင်းမြို့၌ကျင်းပ**

Miss Diorကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ဇွန် ၂၀ ရက်မှ ဇူလိုင် ၂၀ ရက်အထိကျင်းပမည်ဖြစ်ရာအဆိုပါကုန်စည်ပြပွဲသို့ ဟောလိဝုဒ်အကယ်ဒမီ မင်းသမီးချော နာတေးလီပေါ့ထ်မင်းန်၊ တောင် ကိုရီးယားကြယ်ပွင့် ဆောင်းဟေကျို၊ တရုတ်ငွေကြယ်ပွင့်များဖြစ်ကြသည့် ကျန်းကျိရီနှင့် Angelababy တို့ အပြင် ကမ်္ဘာကျော်ရုပ်ရှင်မင်းသမီး အများအပြား တက်ရောက်ခဲ့ကြပြီး ယင်းကုန်စည်ပြပွဲတွင် တရုတ်ပရိသတ် ၏ အားပေးမှုအထူးရရှိထားသည့် ဆောင်းဟေကျိုက ဆွဲဆောင်မှုရှိရှိ လှပစွာဖြင့် ပြည်တွင်းမီဒီယာများ၏ အထူးစိတ်ဝင်စားမှုကို ခံခဲ့ရသည်။
အဆိုပါ ကုန်စည်ပြပွဲကှို့Shanghai Sculpture Space ၌ ဖွင့်လှစ်ပြသထားပြီး မည်သူမဆိုလာ ရောက် လေ့လာနိုင်ကြောင်းသိရသည်။

** ရွန်းနေကိုဝေဖန်မှုဗန်ပါစီကာကွယ်ပြောဆို** 

အင်္ဂလန်တိုက်စစ်မှူးး ရွန်းနေ ဆက်လက်ဝေဖန်ခံနေရခြင်းအပေါ် ကစားဖော် ဗန်ပါစီက ကာကွယ်ပြောဆိုခဲ့သည်။ အသက် ၂၈ နှစ်ရှိ ရွန်းနေ သည် အင်္ဂလန်က ဥရုဂွေးကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် တစ်ဂိုး သွင်းယူပေးခဲ့သည်။ သို့သော်လည်း ရွန်းနေ၏ကစားပုံနှင့် ပတ်သက်ပြီး အင်္ဂလန် ကစားသမားဟောင်းများနှင့် ပရိသတ်များက မေးခွန်းထုတ်နေကြသည်။ ““သူ တစ်ဂိုးသာ ဂိုးသွင်းနိုင်တာနဲ့ပတ်သက်ပြီး အပြစ်ဆိုနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ သူ့အခွင့်အလမ်း သုံးကြိမ်ရတာတော့ မှန်တယ်။ ဒါပေမယ့်လည်း ဂိုးရချင်မှရမှာပါ။ သူဒီပွဲမှာအကောင်းဆုံးကြိုးစားခဲ့တာပါ”” ဟု ဒတ်ခ်ျတိုက်စစ် မှူး ဗန်ပါစီက ပြောသည်။
““ရွန်းနေဟာ တကယ်တော်တဲ့ တိုက်စစ်မှူးကောင်း တစ်ယောက်ပါ။ မန်ယူမှာလည်း အားထားရတဲ့ တိုက်စစ်မှူးပါ”” ဟု ဗန်ပါစီက ဆက်လက်ပြောကြားသည်။ ဥရုဂွေးနှင့်ပွဲတွင် ရွန်းနေသွင်းယူသည့် ဂိုးသည် ယင်း၏ကမ္ဘာဖလား၁၀ပွဲတွင်ပထမဆုံးသွင်းယူသောဂိုးဖြစ်သည်။  

**၂၀၁၄ခုနှစ်အတွင်း လက်ရှိအချိန်ထိ အကောင်းဆုံးအယ်လ်ဘမ် ၂၅ ခုစာရင်းတွင် 2NE1၏Crushထည့်သွင်းဖော်ပြခံရ** 
 တောင်ကိုရီးယား အမျိုးသမီးပေါ့ပ်ဂီတအဖွဲ့ ၏ ဒုတိယမြောက် စတူဒီယိုအယ်လ်ဘမ် Crushကို အမေရိကန်ရုပ်သံလိုင်းတစ်ခုဖြစ်သည့် မှ ၂၀၁၄ ခုနှစ်အတွင်း လက်ရှိအချိန်ထိ အကောင်းဆုံးအယ်လ်ဘမ် ၂၅ ခုစာရင်းတွင် ထည့်သွင်းဖော်ပြခဲ့ပြီး ယင်းအယ်လ်ဘမ်မှ Come Back Home? Baby I Miss You နှင့် Gotta Be You သီချင်းများသည်လည်း အမေရိကန်ဂီတရုပ်သံလိုင်း ၏ ထောက်ခံမှုရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ Crushအယ်လ်ဘမ်သည် ယင်းစာရင်းတွင် တစ်ခုတည်းသော အာရှဒေသမှအယ်လ်ဘမ်တစ်ခု ဖြစ်ပြီး အခြားအယ်လ်ဘမ်များအနေဖြင့် Coldplay? Mariah Carey နှင့် Pharrell Williamsတို့၏ တေးအယ်လ်ဘမ် များလည်း ပါဝင်သည်။ ၂၀၁၄ ခုနှစ်အတွင်း လက်ရှိအချိန်ထိ အကောင်းဆုံး အယ်လ်ဘမ် ၂၅ ခုစာရင်းတွင် နံပါတ် ၂၀ တွင် ရပ်တည်ခဲ့ သည့် 2NE၏Crush အယ်လ်ဘမ်ကို တောင်ကိုရီးယား တွင် ဖေဖော်ဝါရီလက စတင်ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ယင်း အယ်လ်ဘမ်မှ Come Back Homeသီချင်းသည် စတင်ထွက်ရှိစဉ်က အွန်လိုင်းပရိသတ်များ၏ အထူး အားပေးမှုရရှိခဲ့သည်။ 2NE1အဖွဲ့အနေဖြင့် လာမည့်ဇွန် ၂၈ ရက်တွင် All or Nothingအမည်ရှိဖျော်ဖြေပွဲကို စင်ကာပူနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

**ကမ်္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်တွင် မိနစ်၄၀၀၀ကျော်ကြာ ဂိုးပေါက်ပျောက်ခဲ့သော ခရိုအေးရှားတိုက်စစ်မှူး အိုလစ်..ဂိုးပြန်ရ** /

ခရိုအေးရှားအသင်း၏ အဓိကတိုက်စစ်မှူး အိုင်ဗီကာအိုလစ်သည် ကမ်္ဘာ့ဖလားပြိုင်ပွဲ တစ်လျှောက်တွင် ၄၃၉၃ မိနစ်ကြာ ဂိုးပေါက်ပျောက်ခဲ့ရပြီးနောက် ကင်မရွန်းအသင်းအား ဂိုးပြတ်အနိုင် ရရှိခဲ့သည့် ပွဲစဉ်တွင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူကာ ယင်းမှတ်တမ်းဆိုးအား အဆုံးသတ်နိုင်ခဲ့ ပြီဖြစ်ကြောင်း သိရသည်။ အိုလစ်သည် ၎င်း၏ပထမဆုံး ကမ်္ဘာ့ဖလားသွင်းဂိုးကို ၂၀၀၂ ခုနှစ်တွင် သွင်းယူခဲ့ပြီးနောက် ယခုကဲ့သို့ ၁၁ နှစ်ကြာမှ ကမ်္ဘာ့ဖလားတွင် ဒုတိယမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ သည်။ ထို့ကြောင့် ၎င်း၏ ကမ်္ဘာ့ဖလားကစားခဲ့သည့် ပွဲစဉ်များ၏ မိနစ်ကိုတွက်ချက်ပါက ၄၃၉၃မိနစ်ထိ ကြာမြင့်ခဲ့ပြီးမှ ယခုကဲ့သို့ ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ အိုလစ်က ““ကျွန်တော်ဂိုးတွေ အများ ကြီး သွင်းခဲ့ဖူးပါတယ်၊ ဩဒါပေမယ့် နိုင်ငံအသင်းနဲ့ သွင်းယူနိုင်တဲ့ဂိုးတွေက ကျွန်တော့်အတွက် ရင်ခုန်စရာ ကောင်းသလို ပိုပြီးအားရကျေနပ်ရပါတယ်၊ အခုဆို ရင်တော့ ကမ်္ဘာ့ဖလားမှာ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီ၊ဂိုးသွင်းယူနိုင်ခဲ့တာ တကယ်ဂုဏ်ယူမိပါတယ်””ဟု ပြောကြားခဲ့သည်။ 

+စွမ်းထက်အောင်--မျိုးစန်္ဒာမောင်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)