ဂျာမနီနဲ့ ဂါနာအသင်းတို့ ကစားခဲ့တဲ့ပွဲမှာတော့ မီရိုဆလက် ကလိုဆေးက ကမ်္ဘာ့ဖလားမှာ ဂိုးအများဆုံးသွင်းခဲ့တဲ့ ဘရာဇီး တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ စံချိန် တင်ဂိုးကို သွင်းယူလိုက်ပြီဖြစ်ပါ တယ်။ လူစားဝင်လာသူ ကလိုဆေး က ဂျာမနီအတွက်ချေပဂိုးသွင်းယူ ရာမှာ ဒီဂိုးကိုသွင်းယူခဲ့တာပါ။ ဒီပွဲမှာ ဂျာမနီနဲ့ဂါနာ တစ်ဖက်နှစ်ဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ပေမယ့် ကလိုဆေး အတွက်ကတော့ ထူးခြားတဲ့ ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒိုကြီးလို့ လူသိများတဲ့ ဘရာဇီး တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုဟာ ကမ်္ဘာ့ဖလားမှာ ဂိုးအများဆုံးနဲ့ ၁၅ ဂိုးအထိ သွင်းနိုင်ခဲ့သူဖြစ်ပါတယ်။ ယခုသူ့ရဲ့ဂိုးစံချိန်ကို ကလိုဆေးက လိုက်မီလာပြီဖြစ်ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ကလိုဆေးဟာ ဂျာမနီအသင်းရှုံးတော့မယ့် အနေ အထားကနေ ကယ်တင်ဂိုးသွင်းယူ ခဲ့တာဖြစ်ပါတယ်။
““ကျွန်တော်ဒီပွဲ မှာ အကောင်းဆုံးကစားနိုင်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပွဲရဲ့ ဂိုးသွင်းနိုင်ခဲ့တာကိုတော့ မေ့ပျောက် ပစ်လို့ရမှာ မဟုတ်ပါဘူး””လို့ ပွဲ ၂၀ မှာ ၁၅ ဂိုး သွင်းယူခဲ့တဲ့ ကလို ဆေးက ပြောပါတယ်။
““ကျွန်တော် ကလိုဆေးအတွက် အလွန်ပျော်ပါတယ်။ သူဟာ ကျွန်တော့်အတွက်ရော အသင်း အတွက်ပါအရေးကြီးတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒဏ်ရာတွေရနေတဲ့ ကြားက ကလိုဆေးဟာ ဂျာမနီ အသင်းရဲ့ဂုဏ်ကို ဆောင်ပေးတဲ့သူ ပါ””လို့လည်း ဂျာမနီနည်းပြဂျိုအာချင် လိုက ချီးကျူးပြောဆိုလိုက်ပါတယ်။
သေချာ လာဇီယိုတိုက်စစ်မှူး ကလိုဆေး ဟာ ပြီးခဲ့တဲ့လက တံကောက်ကြော ထိခိုက်ဒဏ်ရာရခဲ့ရာမှ ပြန်လည် ကောင်းမွန်ခဲ့တာဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီက လာဇီယိုအသင်း အတွက် ခုနစ်ဂိုးသာ သွင်းယူပေး နိုင်ခဲ့ပါတယ်။ သို့ပေမယ့် ကမ်္ဘာ့ ဖလားမှာတော့ ဂိုးတွေဆက်တိုက် သွင်းနေတာကြောင့် ယခုအခါမှာ သူသွင်းတဲ့ ဂိုး ၁၅ ဂိုးရှိသွားပါပြီ။ လာမယ့်ပွဲတွေမှာ ဂိုးတွေသွင်းဦး မယ်ဆိုရင်တော့ ကလိုဆေးဟာ ကမ်္ဘာ့ဖလားဂိုးအများဆုံး သွင်းယူ တဲ့ ကစားသမားဖြစ်လာမှာ သေချာ ပါတယ်။
+အာကာကျော်+
(ကလိုဆေးဂါနာဘက်ကိုချေပဂိုးသွင်းအပြီးအခုလိုနောက်ဂျွမ်းပစ်အောင်ပွဲခံ)

ဂျာမနီနဲ့ ဂါနာအသင်းတို့
ကစားခဲ့တဲ့ပွဲမှာတော့ မီရိုဆလက်
ကလိုဆေးက ကမ်္ဘာ့ဖလားမှာ
ဂိုးအများဆုံးသွင်းခဲ့တဲ့ ဘရာဇီး
တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ စံချိန်
တင်ဂိုးကို သွင်းယူလိုက်ပြီဖြစ်ပါ
တယ်။ လူစားဝင်လာသူ ကလိုဆေး
က ဂျာမနီအတွက်ချေပဂိုးသွင်းယူ
ရာမှာ ဒီဂိုးကိုသွင်းယူခဲ့တာပါ။ ဒီပွဲမှာ
ဂျာမနီနဲ့ဂါနာ တစ်ဖက်နှစ်ဂိုးစီနဲ့
သရေပွဲဖြစ်ခဲ့ပေမယ့် ကလိုဆေး
အတွက်ကတော့ ထူးခြားတဲ့ ဂိုးကို
သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒိုကြီးလို့ လူသိများတဲ့ ဘရာဇီး
တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုဟာ
ကမ်္ဘာ့ဖလားမှာ ဂိုးအများဆုံးနဲ့ ၁၅
ဂိုးအထိ သွင်းနိုင်ခဲ့သူဖြစ်ပါတယ်။
ယခုသူ့ရဲ့ဂိုးစံချိန်ကို ကလိုဆေးက
လိုက်မီလာပြီဖြစ်ပါတယ်။ အသက်
၃၆ နှစ်ရှိပြီဖြစ်တဲ့ ကလိုဆေးဟာ
ဂျာမနီအသင်းရှုံးတော့မယ့် အနေ
အထားကနေ ကယ်တင်ဂိုးသွင်းယူ
ခဲ့တာဖြစ်ပါတယ်။
““ကျွန်တော် ကလိုဆေးအတွက် အလွန်ပျော်ပါတယ်။ သူဟာ ကျွန်တော့်အတွက်ရော အသင်း အတွက်ပါအရေးကြီးတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒဏ်ရာတွေရနေတဲ့ ကြားက ကလိုဆေးဟာ ဂျာမနီ အသင်းရဲ့ဂုဏ်ကို ဆောင်ပေးတဲ့သူ ပါ””လို့လည်း ဂျာမနီနည်းပြဂျိုအာချင် လိုက ချီးကျူးပြောဆိုလိုက်ပါတယ်။
သေချာ လာဇီယိုတိုက်စစ်မှူး ကလိုဆေး ဟာ ပြီးခဲ့တဲ့လက တံကောက်ကြော ထိခိုက်ဒဏ်ရာရခဲ့ရာမှ ပြန်လည် ကောင်းမွန်ခဲ့တာဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီက လာဇီယိုအသင်း အတွက် ခုနစ်ဂိုးသာ သွင်းယူပေး နိုင်ခဲ့ပါတယ်။ သို့ပေမယ့် ကမ်္ဘာ့ ဖလားမှာတော့ ဂိုးတွေဆက်တိုက် သွင်းနေတာကြောင့် ယခုအခါမှာ သူသွင်းတဲ့ ဂိုး ၁၅ ဂိုးရှိသွားပါပြီ။ လာမယ့်ပွဲတွေမှာ ဂိုးတွေသွင်းဦး မယ်ဆိုရင်တော့ ကလိုဆေးဟာ ကမ်္ဘာ့ဖလားဂိုးအများဆုံး သွင်းယူ တဲ့ ကစားသမားဖြစ်လာမှာ သေချာ ပါတယ်။
+အာကာကျော်+

No comments:
Post a Comment