**ကမ်္ဘာ့ဖလားပြိုင်ပွဲ၏လက်ဖျားခါလောက်သည့် ပုံစံဒီဇိုင်းများနှင့်ပီဇာမုန်**
ကမ်္ဘာ့ဖလားပြိုင်ပွဲနှင့် ပတ်သက်သည့် စိတ်ဝင်စားစရာအကောင်းဆုံး အကြောင်းအရာများအနက် တစ်ခုမှာ ထိုပြိုင်ပွဲ နှင့်ပတ်သက်၍ ကုမ်္ပဏီများစိတ်ကူးရပြီး တီထွင်ထားသည့် ကုန်ပစ်္စည်းအသစ်အဆန်းများဖြစ်ပြီး ယင်းတို့အနက် PizzaExpress၏ လက်ဖျားခါလောက်သည့် ပုံစံဒီဇိုင်းများမှာ ချန်ထားလို့မရပေ။ ဘရာဇီးတွင် ကျင်းပလျက်ရှိသည့် ကမ်္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲရန် အစားအသောက်နှင့်ပတ်သက်သည့် ပုံဖော် ပညာရှင် ပမ်စတိုင်တီနှင့် ဆီရီနာရိဗ်တို့ ဖန်တီးထားသော ကမ်္ဘာ့ဖလားပြိုင်ပွဲလေးကြိမ်ကို ကိုယ်စားပြုပုံဖော်ထားသည့် ပီဇာမုန့်များကို အီတလီစားသောက်ဆိုင်များတွင် ရောင်းချလျက်ရှိသည်။
(၂၀၀၆ကမ်္ဘာ့ဖလားပြိုင်ပွဲမှာပြင်သစ်မှဇီးဒန်းက အီတလီမှမက်တာရာဇီကိုခေါင်းဖြင့်တိုက်ဟန်ပီဇာမုန့် )
**လေးနှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကိုရှာကီရာနှင့်ပီကေးတို့ စုံတွဲကျင်းပသွားမည်**
လက်တင်ဂီတကြယ်ပွင့် ရှာကီရာက ၎င်း၏ချစ်သူ စပိန်ဘောလုံး ကြယ်ပွင့် ဂျရတ်ပီကေးနှင့် လေးနှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို လက်ရှိ ဘရာဇီးနိုင်ငံ၌ ကျင်းပနေသည့် ကမ်္ဘာ့ဖလားဘောလုံးရာသီအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တေးသံရှင် ရှာကီရာနှင့် ပီကေးတို့သည် ၂၀၁၀ ခုနှစ် ကမ်္ဘာ့ဖလား တရားဝင်သီချင်းဗီဒီယိုဖြစ်သည့် “၀ါကာဝါကာ” ရိုက်ကူးနေစဉ်အတွင်း ချစ်ကြိုးသွယ်ခဲ့ကြခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် သားဖြစ်သူ မိုင်လန်ပီကေးကို မွေးဖွားခဲ့သည်။ ထို့ပြင် ယင်း ၂၀၁၀ ကမ်္ဘာ့ဖလားပြိုင်ပွဲအတွင်း ရှာကီရာအား ချစ်ရေးဆိုခဲ့သည့် ပီကေးက ကမ်္ဘာ့ဖလားဘောလုံးပွဲကို အနိုင်ရရှိကာ ရှာကီရာ နှင့်အတူ စိတ်ကူးယဉ်ဆန်သောညနေခင်းများ ရရှိလိုကြောင်းဖြင့် စတင်ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း E! Online သို့ ရှာကီရာက ဖြေကြားခဲ့ သည်။
2014)သီချင်းသည်လည်း ၂၀၁၄ ခုနှစ် ကမ်္ဘာ့ဖလားဘောလုံးပွဲ၏ ဒုတိယမြောက် တရားဝင်သီချင်းဖြစ်ပြီး ယင်းသီချင်းတွင် ပီကေးအပါအ၀င် နာမည်ကျော် ဘောလုံးကစားသမားများဖြစ်သည့် နေမာ၊ မက်ဆီ၊ ဖာဘရီဂက်စ်၊ အဂူရို၊ ဖယ်လ်ကာအိုတို့ကလည်း ပါဝင်အားဖြည့်ပေးထားကြောင်း သိရသည်။
**ဗိုလ်စွဲရန်အသင့်ဖြစ်နေပြီဟုဂျာမနီနောက်ခံလူ မာတီဆက်ကာပြောဆို**
ဂျာမနီအသင်း၏ နောက်ခံလူ မာတီဆက်ကာက ယခုနှစ်ကမ်္ဘာ့ဖလားပြိုင်ပွဲတွင် မိမိတို့အသင်း ဗိုလ်စွဲရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။
၎င်းက ““ဒီနှစ်မှာ ဗိုလ်စွဲနိုင်ဖို့ကျွန်တော်တို့အားလုံးအသင့်ပါပဲ၊ ကျွန်တော်တို့ရဲ့ လက်ရှိ ခြေစွမ်း၊ ကစားသမားပိုင်းအရ မဖြစ်နိုင်စရာအကြောင်းမရှိပါဘူး၊ ၂၀၀၂ ခုနှစ်ကနေ စတင်ပြီး ကမ်္ဘာ့ဖလားပြိုင်ပွဲတွင် သုံးကြိမ်ဆက် ဆီမီးဖိုင်နယ်ထိရောက်ရှိနိုင်ခဲ့ပါ တယ်၊ ဒါပေမယ့် နှစ်ကြိမ်တိုင်တိုင် တတိယနေရာသာ ရရှိနေတာဟာ ကျွန်တော်တို့ အတွက် ကံဆိုးမှုတစ်ခုပါ၊ ဒါပေမယ့် ဒီနှစ်မှာတော့ မဖြစ်မနေအရယူသွားမှာပါ”” ဟု ပြောကြားသွားခဲ့သည်။ ဂျာမနီအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် ပေါ်တူဂီ အသင်းကို ၄-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိထားခဲ့ပြီး ဒုတိယမြောက်ပွဲစဉ်အဖြစ် ဇွန် ၂၁ ရက်တွင် အာဖရိကမှ ဂါနာအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
**အီဒင်ဟာဇက် ခြေချောင်းဒဏ်ရာရရှိ**
ဘယ်လ်ဂျီယံအသင်း၏ မောင်းနှင် အားဖြစ်သော ကွင်းလယ်နှင့်တောင်ပံ ကစားသမား အီဒင်ဟာဇက်သည် ဘယ်လ်ဂျီယံအသင်း၏ ကမ်္ဘာ့ဖလား အဖွင့် ပွဲစဉ်တစ်ပွဲဖြစ်သည့် အယ်လ် ဂျီးရီးယားနှင့် ပွဲစဉ်တွင် ခြေချောင်း ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဗုဒ်္ဓဟူးနေ့ တွင် ပြုလုပ်ခဲ့သော ဘယ်လ်ဂျီယံ အသင်း၏ လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ ဟာဇက်၏ခြေချောင်းဒဏ်ရာမှာ စိုးရိမ်ဖွယ်ရာမရှိကြောင်း ဆေးစစ်မှု များ ပြုလုပ်ပြီးနောက် ဘယ်လ်ဂျီယံ အသင်းနည်းပြ မက်ဝေလ်မော့တ်က ထုတ်ဖော်ပြောကြားခဲ့သည်။ အယ်လ်ဂျီးယားနှင့် ယှဉ်ပြိုင်ခဲ့ရ သည့် ပွဲစဉ်အတွင်း ဟာဇက်သည် ခြေချောင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
+စွမ်းထက်အောင်--မျိုးစန်္ဒာမောင်+
(၁၉၈၆ကမ်္ဘာ့ဖလားပြိုင်ပွဲမှာအာဂျင်တီးနားကမာရာဒိုနာ
အဂံလန်ဘက်ကိုလက်ဖြင့်ပုတ်ပြီးဂိုးသွင်းခဲ့သော
ပုံစံဒီဇိုင်းင့်ပီဇာမုန်)

No comments:
Post a Comment