>
ဆွစ်ဇာလန်နှင့် ပြင်သစ်။ အနိုင် နှစ်သင်း
ဆုံသည့်ပွဲ။
ထိုပွဲသည် စိတ်ဝင်စားဖွယ်
ကောင်းသည်။ နှစ်သင်းစလုံး အုပ်စုအဖွင့်
ပွဲစဉ်များ၌ နိုင်ပွဲများရရှိထားခြင်းကြောင့်
ယခုပွဲ အနိုင်ရသည့်အသင်းသည် ရမှတ်
ခြောက်မှတ်ရမည်။ ထိုရမှတ် ခြောက်မှတ်သည်
နောက်တစ်ဆင့်တက်ရန်အတွက် လုံလောက်
သည့် အမှတ်အပိုင်းအခြားဖြစ်၍ နှစ်သင်း
စလုံး အနိုင်ရရှိမှုကို အပြင်းအထန်ရှာဖွေကြ
မည်က သေချာပေသည်။ အထူးသဖြင့်
ထိုပွဲ၏ဂယက်သည် အုပ်စုမှတက်ရန်အတွက်
သာမဟုတ်။ ထိုပွဲအနိုင်/အရှုံးသည် အသင်း
တစ်သင်း၏ အဆင့်မြင့်မြင့် ရပ်တည်နိုင်မှု
ကိုပင် စေစားနိုင်သောပွဲဖြစ်သည်။ ညွှန်းဆို
နိုင်စွမ်းရှိသည်။
ဆိုချင်သည်မှာ ထိုပွဲအနိုင်ရသောအသင်း
သည် ဆိုခဲ့ပြီးသကဲ့သို့ ခြောက်မှတ်ရမည်။
ထိုသို့ခြောက်မှတ်ရပါက အုပ်စုနောက်ဆုံးပွဲ
စဉ်တွင် သရေထိန်းကစားရုံဖြင့် အုပ်စု
ပထမနေရာကို သေချာပေါက်ရရှိနိုင်သည်။
ထိုသို့ အုပ်စုပထမနေရာအား ရယူနိုင်ခြင်း
သည် ကွာတားဖိုင်နယ်တက်ခွင့်ဆိုသည့်
လမ်းအား ပို၍ချောမွေ့စေသည်။ ပွဲစဉ်
ဇယားအရ အုပ်စု (E) နှင့် (F)တို့သည် ရှုံးထွက်
အဆင့်၌ ဆုံရမည်ဖြစ်သည်။ အုပ်စု (E)၌
ပထမရသောအသင်းမှာ အုပ်စု (F) ၏ ဒုတိယ
အသင်းနှင့် ရှုံးထွက်တွင်တွေ့ရမည်ဖြစ်သည်။
အုပ်စု (E)၌ ဒုတိယရသောအသင်းမှာမူ အုပ်စု (F) ၌ ပထမရသည့်အသင်းနှင့် ဆုံရပေမည်။
အထူးသဖြင့် အုပ်စု (F) တွင် အာဂျင်တီးနား၊
ဘော့စနီးယား၊ အီရန်၊ နိုင်ဂျီးရီးယားတို့
ပါဝင်နေပေရာ ထိုအုပ်စု၌ အာဂျင်တီးနားသည်
အုပ်စုပထမရရန် နီးစပ်နေပေသည်။
( ပြင်သစ်ကစားသမားတွေ)
ထို့ကြောင့် အုပ်စု(E)၌ အုပ်စုဒုတိယရသော
အသင်းမှာ ရှုံးထွက်အဆင့်၌ အာဂျင်တီးနားနှင့်
ဆုံတွေ့ရရန် အလွန်နီးစပ်သွားမည် ဖြစ်
သကဲ့သို့ ထိုသို့ အာဂျင်တီးနားနှင့် ဆုံခဲ့ပါမူ
ကွာတားဖိုင်နယ်သို့ပင်ရောက်ရှိရန် အခက်
အခဲဆုံးအခြေအနေနှင့် ရင်ဆိုင်ရမည့်သဘော
ရှိသည်။
ထို့ကြောင့်ပင် ဆွစ်ဇာလန်နှင့် ပြင်သစ်တို့
ပွဲသည် ပွဲတစ်ပွဲစာ အနိုင်/အရှုံးအတွက်သာ
အရေးပါသည့်ပွဲမျိုးမဟုတ်။ မိနစ် ၉၀ စာ
ရလဒ်တစ်ခုအတွက်သာ အကျုံးဝင်သော
ပွဲမျိုးမဟုတ်။ ထိုပွဲသည် အသင်းတစ်သင်း၏
ရပ်တည်နိုင်မှုအား မည်ရွေ့မည်မျှဆိုသည်
အထိ ပတ်သက်ဆက်နွှယ်မှုရှိသော ပွဲမျိုး
ဖြစ်သည်။ အထူးသဖြင့် ချန်ပီယံဟောင်း
ပြင်သစ်သည် ပြီးခဲ့သည့် ၂၀၁၀ ကမ်္ဘာ့ဖလား
ပြိုင်ပွဲ၌ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
ထို့ကြောင့် ယခုတစ်ကြိမ်၌ အုပ်စုကို ကျော်လွှား
နိုင်ရုံမျှနှင့် ပရိသတ်၏အထင်သေးမှုကို
ဖြေရှင်းနိုင်ဖွယ်မရှိ။ အနိမ့်ဆုံးကွာတားဖိုင်နယ်
သို့တက်ကာ အကောင်းဆုံး ရှစ်သင်းစာရင်း
ဝင်နိုင်ပါမှ ပရိသတ်က ကျေနပ်လက်ခံမည့်
သဘောရှိသည်။
(ဆွစ်ဇာလန်ကစားသမားတွေ)
ထိုနည်းတူ ဆွစ်ဇာလန်၏အနေအထား
သည် စိတ်ဝင်စားဖွယ်ကောင်းသည်။ သူတို့
သည် ကမ်္ဘာ့ဖလားပြိုင်ပွဲများ၌ ကွာတားဖိုင်နယ်
အဆင့်သို့ မတက်ရောက်ဖူးသော အသင်းမျိုး
မဟုတ်။ သူတို့သည် ကမ်္ဘာ့ဖလားပြိုင်ပွဲများ ၌
ကွာတားဖိုင်နယ်အဆင့်သို့ သုံးကြိမ်တိုင်
တက်ရောက်ဖူးသော အသင်းဖြစ်သည်။
သို့သော် ထိုသို့ကွာတားဖိုင်နယ်အထိ တက်နိုင်
ခဲ့သော သုံးကြိမ်၌ နောက်ဆုံးအကြိမ်သည်
၁၉၅၄ ခုနှစ်ကဖြစ်သည်။ အရှင်းဆိုရလျှင်
ဆွစ်ဇာလန်သည် ကမ်္ဘာ့ဖလား၌ ကွာတား
ဖိုင်နယ်နှင့် ဝေးခဲ့သည်မှာ နှစ်ပေါင်း ၆၀
တိတိပင်ရှိခဲ့ပြီဖြစ်သည်။ ထိုကာလအတွင်း၌
သူတို့သည် ခြေစစ်ပွဲမအောင်သည်က များ
သည်။ ခြေစစ်ပွဲအောင်လျှင်လည်း အုပ်စု
အဆင့်မှသာထွက်ရလေ့ရှိကာ ၂၀၀၆ ပြိုင်ပွဲ
တစ်ရပ်တွင်သာ ရှုံးထွက်သို့တက်နိုင်ခဲ့သည်။
ထို့ကြောင့် ဆွစ်ဇာလန်အနေဖြင့်လည်း
နှစ်ပေါင်း ၆၀ တိတိ ဝေးကွာလာခဲ့သော
အောင်မြင်မှုမျိုးအား တစ်ကျော့ပြန်ရယူနိုင်
ရန် အစွမ်းကုန်ခံကစားမည်က သေချာသည်။
ထို့ကြောင့် ထိုပွဲသည် စိတ်ဝင်စားဖွယ်ကောင်း
သည်။
အထူးသဖြင့် ဆွစ်ဇာလန်သည် ပြင်သစ်
ကို မမီ။ စုဖွဲ့မှု၊ တစ်ဦးချင်းအရည်အသွေး၊
အစဉ်အလာ၊ အတွေ့အကြုံအားလုံး၌ ပြင်သစ်
က သာနေသည်မှာ ထင်ရှားသည်။
ထို့ကြောင့် ထိုပွဲ၌ ပွဲကိုဦးဆောင်နိုင်စွမ်း
ရှိသည်မှာလည်း ပြင်သစ်ဖြစ်မည်က
သေချာသည်။
သို့သော် ဆွစ်ဇာလန်တွင်
မျှော်လင့်ချက်တစ်ခုရှိသည်။ အကယ်၍
ယခုပွဲ၌ သရေကျခဲ့မည်ဆိုလျှင်
ဆွစ်ဇာလန်အနေဖြင့် နောက်ဆုံးပွဲ၌
ကိုယ်ကလည်း နိုင်ပွဲရ၊
ပြင်သစ်ကလည်းခြေချော်ခဲ့လျှင် အုပ်စုပထမ
ဖြစ်နိုင်သည်။ ထိုမျှော်လင့်ချက်ကြောင့်ပင်
ဆွစ်ဇာလန်သည် ပြင်သစ်အားအတတ်နိုင်ဆုံး
ခံကစားမည်က သေချာသည်။ အထူးသဖြင့်
ပြင်သစ်သည် ပထမပွဲ၌ ဟွန်ဒူးရပ်စ်အား
သုံးဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်မှာမှန်သည်။
သို့သော် ဟွန်ဒူးရပ်စ်မှာ တစ်ဦးလျော့ချိန်မှသာ
ပြတ်ပြတ်ထင်ထင် အသာရခဲ့ခြင်းဖြစ်သည်။
အင်အားတူ အခြေအနေ၌မူ ပြင်သစ်သည်
ဟွန်ဒူးရပ်စ်ခံစစ်ကြောင်းအား ခက်ခဲစွာ
ကျော်ဖြတ်ခဲ့ရ သည်။
ဆွစ်ဇာလန်၏ မရှုံးနိမ့်ရေးဦးစားပေးလာ
မည့် ဗျူဟာ၊ ဟွန်ဒူးရပ်စ်အား တစ်
ယောက် အသာရမှ ပြတ်ပြတ်
သားသား အသာရခဲ့သည့်
ပြင်သစ်တို့၏ အနေအထား
နှင့် နှိုင်းယှဉ်ကြည့်ပါမူ သေချာ
သည် ထိုပွဲ၌ ပြင်သစ်နိုင်လျှင်
ပင် မပြတ်သားနိုင်ပေ။
+ရှိုင်းမင်းမင်း+
ဆွစ်ဇာလန်နှင့် ပြင်သစ်။ အနိုင် နှစ်သင်း
ဆုံသည့်ပွဲ။
ထိုပွဲသည် စိတ်ဝင်စားဖွယ်
ကောင်းသည်။ နှစ်သင်းစလုံး အုပ်စုအဖွင့်
ပွဲစဉ်များ၌ နိုင်ပွဲများရရှိထားခြင်းကြောင့်
ယခုပွဲ အနိုင်ရသည့်အသင်းသည် ရမှတ်
ခြောက်မှတ်ရမည်။ ထိုရမှတ် ခြောက်မှတ်သည်
နောက်တစ်ဆင့်တက်ရန်အတွက် လုံလောက်
သည့် အမှတ်အပိုင်းအခြားဖြစ်၍ နှစ်သင်း
စလုံး အနိုင်ရရှိမှုကို အပြင်းအထန်ရှာဖွေကြ
မည်က သေချာပေသည်။ အထူးသဖြင့်
ထိုပွဲ၏ဂယက်သည် အုပ်စုမှတက်ရန်အတွက်
သာမဟုတ်။ ထိုပွဲအနိုင်/အရှုံးသည် အသင်း
တစ်သင်း၏ အဆင့်မြင့်မြင့် ရပ်တည်နိုင်မှု
ကိုပင် စေစားနိုင်သောပွဲဖြစ်သည်။ ညွှန်းဆို
နိုင်စွမ်းရှိသည်။
ဆိုချင်သည်မှာ ထိုပွဲအနိုင်ရသောအသင်း
သည် ဆိုခဲ့ပြီးသကဲ့သို့ ခြောက်မှတ်ရမည်။
ထိုသို့ခြောက်မှတ်ရပါက အုပ်စုနောက်ဆုံးပွဲ
စဉ်တွင် သရေထိန်းကစားရုံဖြင့် အုပ်စု
ပထမနေရာကို သေချာပေါက်ရရှိနိုင်သည်။
ထိုသို့ အုပ်စုပထမနေရာအား ရယူနိုင်ခြင်း
သည် ကွာတားဖိုင်နယ်တက်ခွင့်ဆိုသည့်
လမ်းအား ပို၍ချောမွေ့စေသည်။ ပွဲစဉ်
ဇယားအရ အုပ်စု (E) နှင့် (F)တို့သည် ရှုံးထွက်
အဆင့်၌ ဆုံရမည်ဖြစ်သည်။ အုပ်စု (E)၌
ပထမရသောအသင်းမှာ အုပ်စု (F) ၏ ဒုတိယ
အသင်းနှင့် ရှုံးထွက်တွင်တွေ့ရမည်ဖြစ်သည်။
အုပ်စု (E)၌ ဒုတိယရသောအသင်းမှာမူ အုပ်စု (F) ၌ ပထမရသည့်အသင်းနှင့် ဆုံရပေမည်။
အထူးသဖြင့် အုပ်စု (F) တွင် အာဂျင်တီးနား၊
ဘော့စနီးယား၊ အီရန်၊ နိုင်ဂျီးရီးယားတို့
ပါဝင်နေပေရာ ထိုအုပ်စု၌ အာဂျင်တီးနားသည်
အုပ်စုပထမရရန် နီးစပ်နေပေသည်။
( ပြင်သစ်ကစားသမားတွေ)
ထို့ကြောင့် အုပ်စု(E)၌ အုပ်စုဒုတိယရသော
အသင်းမှာ ရှုံးထွက်အဆင့်၌ အာဂျင်တီးနားနှင့်
ဆုံတွေ့ရရန် အလွန်နီးစပ်သွားမည် ဖြစ်
သကဲ့သို့ ထိုသို့ အာဂျင်တီးနားနှင့် ဆုံခဲ့ပါမူ
ကွာတားဖိုင်နယ်သို့ပင်ရောက်ရှိရန် အခက်
အခဲဆုံးအခြေအနေနှင့် ရင်ဆိုင်ရမည့်သဘော
ရှိသည်။
ထို့ကြောင့်ပင် ဆွစ်ဇာလန်နှင့် ပြင်သစ်တို့
ပွဲသည် ပွဲတစ်ပွဲစာ အနိုင်/အရှုံးအတွက်သာ
အရေးပါသည့်ပွဲမျိုးမဟုတ်။ မိနစ် ၉၀ စာ
ရလဒ်တစ်ခုအတွက်သာ အကျုံးဝင်သော
ပွဲမျိုးမဟုတ်။ ထိုပွဲသည် အသင်းတစ်သင်း၏
ရပ်တည်နိုင်မှုအား မည်ရွေ့မည်မျှဆိုသည်
အထိ ပတ်သက်ဆက်နွှယ်မှုရှိသော ပွဲမျိုး
ဖြစ်သည်။ အထူးသဖြင့် ချန်ပီယံဟောင်း
ပြင်သစ်သည် ပြီးခဲ့သည့် ၂၀၁၀ ကမ်္ဘာ့ဖလား
ပြိုင်ပွဲ၌ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
ထို့ကြောင့် ယခုတစ်ကြိမ်၌ အုပ်စုကို ကျော်လွှား
နိုင်ရုံမျှနှင့် ပရိသတ်၏အထင်သေးမှုကို
ဖြေရှင်းနိုင်ဖွယ်မရှိ။ အနိမ့်ဆုံးကွာတားဖိုင်နယ်
သို့တက်ကာ အကောင်းဆုံး ရှစ်သင်းစာရင်း
ဝင်နိုင်ပါမှ ပရိသတ်က ကျေနပ်လက်ခံမည့်
သဘောရှိသည်။
(ဆွစ်ဇာလန်ကစားသမားတွေ)
ထိုနည်းတူ ဆွစ်ဇာလန်၏အနေအထား
သည် စိတ်ဝင်စားဖွယ်ကောင်းသည်။ သူတို့
သည် ကမ်္ဘာ့ဖလားပြိုင်ပွဲများ၌ ကွာတားဖိုင်နယ်
အဆင့်သို့ မတက်ရောက်ဖူးသော အသင်းမျိုး
မဟုတ်။ သူတို့သည် ကမ်္ဘာ့ဖလားပြိုင်ပွဲများ ၌
ကွာတားဖိုင်နယ်အဆင့်သို့ သုံးကြိမ်တိုင်
တက်ရောက်ဖူးသော အသင်းဖြစ်သည်။
သို့သော် ထိုသို့ကွာတားဖိုင်နယ်အထိ တက်နိုင်
ခဲ့သော သုံးကြိမ်၌ နောက်ဆုံးအကြိမ်သည်
၁၉၅၄ ခုနှစ်ကဖြစ်သည်။ အရှင်းဆိုရလျှင်
ဆွစ်ဇာလန်သည် ကမ်္ဘာ့ဖလား၌ ကွာတား
ဖိုင်နယ်နှင့် ဝေးခဲ့သည်မှာ နှစ်ပေါင်း ၆၀
တိတိပင်ရှိခဲ့ပြီဖြစ်သည်။ ထိုကာလအတွင်း၌
သူတို့သည် ခြေစစ်ပွဲမအောင်သည်က များ
သည်။ ခြေစစ်ပွဲအောင်လျှင်လည်း အုပ်စု
အဆင့်မှသာထွက်ရလေ့ရှိကာ ၂၀၀၆ ပြိုင်ပွဲ
တစ်ရပ်တွင်သာ ရှုံးထွက်သို့တက်နိုင်ခဲ့သည်။
ထို့ကြောင့် ဆွစ်ဇာလန်အနေဖြင့်လည်း
နှစ်ပေါင်း ၆၀ တိတိ ဝေးကွာလာခဲ့သော
အောင်မြင်မှုမျိုးအား တစ်ကျော့ပြန်ရယူနိုင်
ရန် အစွမ်းကုန်ခံကစားမည်က သေချာသည်။
ထို့ကြောင့် ထိုပွဲသည် စိတ်ဝင်စားဖွယ်ကောင်း
သည်။
အထူးသဖြင့် ဆွစ်ဇာလန်သည် ပြင်သစ်
ကို မမီ။ စုဖွဲ့မှု၊ တစ်ဦးချင်းအရည်အသွေး၊
အစဉ်အလာ၊ အတွေ့အကြုံအားလုံး၌ ပြင်သစ်
က သာနေသည်မှာ ထင်ရှားသည်။
ထို့ကြောင့် ထိုပွဲ၌ ပွဲကိုဦးဆောင်နိုင်စွမ်း
ရှိသည်မှာလည်း ပြင်သစ်ဖြစ်မည်က
သေချာသည်။
သို့သော် ဆွစ်ဇာလန်တွင်
မျှော်လင့်ချက်တစ်ခုရှိသည်။ အကယ်၍
ယခုပွဲ၌ သရေကျခဲ့မည်ဆိုလျှင်
ဆွစ်ဇာလန်အနေဖြင့် နောက်ဆုံးပွဲ၌
ကိုယ်ကလည်း နိုင်ပွဲရ၊
ပြင်သစ်ကလည်းခြေချော်ခဲ့လျှင် အုပ်စုပထမ
ဖြစ်နိုင်သည်။ ထိုမျှော်လင့်ချက်ကြောင့်ပင်
ဆွစ်ဇာလန်သည် ပြင်သစ်အားအတတ်နိုင်ဆုံး
ခံကစားမည်က သေချာသည်။ အထူးသဖြင့်
ပြင်သစ်သည် ပထမပွဲ၌ ဟွန်ဒူးရပ်စ်အား
သုံးဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်မှာမှန်သည်။
သို့သော် ဟွန်ဒူးရပ်စ်မှာ တစ်ဦးလျော့ချိန်မှသာ
ပြတ်ပြတ်ထင်ထင် အသာရခဲ့ခြင်းဖြစ်သည်။
အင်အားတူ အခြေအနေ၌မူ ပြင်သစ်သည်
ဟွန်ဒူးရပ်စ်ခံစစ်ကြောင်းအား ခက်ခဲစွာ
ကျော်ဖြတ်ခဲ့ရ သည်။
ဆွစ်ဇာလန်၏ မရှုံးနိမ့်ရေးဦးစားပေးလာ
မည့် ဗျူဟာ၊ ဟွန်ဒူးရပ်စ်အား တစ်
ယောက် အသာရမှ ပြတ်ပြတ်
သားသား အသာရခဲ့သည့်
ပြင်သစ်တို့၏ အနေအထား
နှင့် နှိုင်းယှဉ်ကြည့်ပါမူ သေချာ
သည် ထိုပွဲ၌ ပြင်သစ်နိုင်လျှင်
ပင် မပြတ်သားနိုင်ပေ။
+ရှိုင်းမင်းမင်း+
Friday, June 20, 2014
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)



No comments:
Post a Comment