>
တစ်ခါတစ်ရံတွင် ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် အလွန်သနားစရာကောင်းသော မိန်းမတစ်ယောက်ဟု ခံစားမိ သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်မကိုယ်တိုင်မှ မသနားလျှင် ကျွန်မတွင် သနားမည့်သူ မရှိသောကြောင့်ဖြစ် သည်။ တွေ့သမျှ ပတ်သတ်မိသမျှ သူအားလုံးသည် ကျွန်မထူမှ ထနိုင်သော လူသားများဖြစ်ကြသည်။ တစ်ခါတစ်ရံ သူတို့က ရင်ဘတ်စည်တီးပြီး ငို၍ပြေးလာလျှင် ကျွန်မသည်လည်း အုတ်တံတိုင်းကြီးပမာ ဆီးပြီးကာပေးတတ်သည်။
ထို့ကဲ့သို့ ကာပေးလိုက်သမျှ ကျွန်မမည်မျှလောက် နာကြင်သွားသည် ကျွန်မမည်မျှလောက် ထိခိုက်သွား သည် စိုးစဉ်းမျှ မတွေးမိခဲ့။ အချုပ်အားဖြင့်ဆိုရသော် ကျွန်မသည် သူတို့၏ အုတ်တံတိုင်းကြီး ဖြစ်သလို သူတို့ရဲ့ မှီခိုအားထားရာကြီး တစ်ခုလဲ ဖြစ်ပြန်သည်။ ထို့ကြောင့် ပတ်သတ်သမျှ လူအားလုံးတွင် ကျွန်မသည် မိန်းမ တစ်ယောက်ဖြစ်သည် အားငယ်တတ်သည် နာကြင်ခံစားတတ်သည် ၀မ်းနည်းတတ်သည် ကို မေ့လျော့ နေကြပုံရသည်။ ကျွန်မကိုမြင်သည်နှင့် သူတို့၏ အခက်အခဲကြီးအား ဖြေရှင်းပေးနိုင်မည့် ကယ်တင်ရှင် တစ်ဦး ဖန်ဆင်းရှင် တစ်ဦးဖြစ်သည်ဟုသာ မြင်ထားကြသည်။
သူတို့ဆိုသမျှထဲတွင် ကျွန်မမကြားချင်ဆုံး စကားတစ်ခွန်းရှိသည်။ ထိုသည်မှာ လိမ္မာထက်မြက်သော မိန်းမ တစ်ယောက်ဖြစ်သည်ဟူသော စကားဖြစ်သည်။ လိမ္မာသည်ဟူသည့် စကား၏နောက်ကွယ်တွင် ဖြစ်ချင်တာများကို စွန့်လွှတ်ခဲ့ရသည်။ ဖြစ်သင့်သော လမ်းကို ရွေးချယ်ခဲ့ရသည်။ ထက်မြက်သည်ဟူသော စကား၏ နောက်ကွယ်တွင် ခက်ခဲကြမ်းတမ်းသော လှေကားတို့ကို ကျော်ဖြတ်ခဲ့ရသည်။ ရင်ဆိုင်ခဲ့ရသည်။ စိတ်ဒဏ်ရာတွေ တစ်နင့်တစ်ပိုးနှင့် ကျွန်မ ဖြစ်ခဲ့ရသည်။
ဘာလဲ ခုကြတော့မှ နောင်တရနေသလားဟု မေးလာလျှင် မဟုတ်ပါဟုသာ ကျွန်မဖြေမည်ဖြစ်သည်။ ဒါဆိုလျှင် ဘာကြောင့်ဒါတွေ ရေးပြနေသလဲ တွေးနေသလဲဟု မေးလာလျှင် အဖြေတစ်ခုသာ ရှိသည်။ ကျွန်မကိုယ်တိုင်က ကျေကျေနပ်နပ်ကြီး ဖြည့်ဆည်းပေးလေလေ တစ်ဖက်မှလဲ ပိုပိုပြီး လိုလာလေလေ ဖြစ်သည်။ ဒီတော့ ကျွန်မတွေးမိသည် ဖြစ်လာသမျှကို ခေါင်းခါခြင်းမပြုပဲ ရင်ဆိုင်ပြီး ပြေးပြေးတွေ့ပေးနေတာ ကျွန်မ ကိုယ်တိုင် မှားနေသလားပေါ့။
အကြောင်းက သူတို့သည် ကျွန်မကို ငဲ့ညှာရမည်ကို မေ့လျော့နေကြသည်။ မိန်းမတစ်ယောက် ဖြစ်သည် ဆိုသည်ကို သူတို့ မေ့လျော့နေကြပုံ ပေါ်သည်။ သူတို့၏ အခက်အခဲကို ပြေလည်သွားရေး အတွက်သာ စိတ်ဝင်စား ကြသည်။ သူတို့ထင်သည်မှာ ကျွန်မ၏လက်နှင့် ထိလိုက် ကိုင်လိုက်သည်နှင့် ပြသနာတစ်ခုသည် ပျော်ရွှင်ခြင်း ပန်းတစ်ပွင့်အဖြစ် ပြောင်းလဲသွားကြသည် ဟူလောက်သာ ထင်ထားကြသည်။
တွေးရင်း တွေးရင်း ကျွန်မ နားလည်လာသည်မှာ ဤအဖြစ်တို့သည် အမှန်စင်စစ်အားဖြင့် သူတို့၏ အပြစ်မဟုတ် ကိုယ့်ကြောင့် သူတစ်ပါး ၀န်လေးမှာကို မလိုလားတတ်သော ကျွန်မ၏ ကိုယ်ပိုင်အားနည်းချက်သာ ဖြစ်သည်။ သူတစ်ပါးထံမှ မယူတတ်သောသူသည် အမြဲတမ်း ပေးဝေမျှသူသာ ဖြစ်တတ်သည်ကို ကျွန်မ မေ့လျော့ နေခဲ့သည်။ လောကကြီးတွင် မပေးလဲ မပေး ယူလဲမယူသော လူသားပုထုစဉ်ဟူ၍ ရှိမည်မထင်ပေ။ ပေးသောသူများ ရှိ၍ ယူတတ်သော သူများ ရှိလာခြင်းဖြစ်သည်။
ကျွန်မသည် အမြဲတမ်း ပေးဆပ်နေသော သူဖြစ်သောကြောင့် ကျွန်မနှင့်ပတ်သတ်နေသမျှ သူတို့သည် ရယူဖို့အတွက်သာ အားသာနေကြသည်။ ကျွန်မသည် သူတို့အားချစ်သော ဂရုဏာသက်သော စိုးရိမ်သော မျက်လုံးဖြစ်သာ ကြည့်တတ်သဖြင့် သူတို့၏ လိုအပ်ချက်များကို အချိန်ပြည့်နားလည်နေတတ်သည်။ သူတို့သည်လည်း ကျွန်မအား ချစ်သော အားကိုးတစ်ကြီး ရှိသော မျက်လုံးတို့ဖြင့်သာ ကြည့်တတ်သဖြင့် ကျွန်မကို တံတိုင်းကြီးတစ်ဖွယ်သာ မြင်တတ်ကြသည်။
တစ်ကယ်တော့ ကျွန်မ၏ ဂရုစိုက် အနစ်နာခံမှုကြောင့် သူတို့အကျင့်ပါသွားခြင်းဖြစ်သည်။ကျွန်မကို မြင်သည်နှင့် သူတို့၏ အခက်အခဲကို တင်ပြရန်သာ စိတ်ကူးရှိကြပြီး ကျွန်မ၏ ငိုထားသော မျက်ဝန်းများအား သူတို့မမြင်ခဲ့ကြပေ။
တစ်ကယ်တော့ မည်သူ့ မည်သူ့ ထံတွင်မှ အပြစ်တစ်စုံတစ်ရာမရှိပေ။ လောကကြီးသည် မျှတစွာ နေရာချပေးထားတတ်သည်။ ယူလိုသောသူများ၏ ဘေးတွင် ပေးဆပ်တတ်သူများ ရှိတတ်သလို။ ပေးဆပ်နေသူတို့၏ ဘေးတွင် ယူလိုသော သူများသာ ရှိတတ်ကြသည်။ ဒါသည်ပင် လောကကြီး၏ နိယာမ တရားတစ်ခု။
ဒါပေမယ့် တစ်ခါတစ်ရံတွင်တော့ ကျွန်မတွင်လည်း အားငယ်သည့်အချိန် ရှိတတ်သည်။ ၀မ်းနည်းသည့်အချိန်ရှိတတ်သည်။ သူတို့ထံတွင် ဆီးကာပေမယ့် တံတိုင်းကြီးတစ်ခုရှိသည်။မေးတင်လို့ ရသည့် ပုခုံးတစ်ဖက်ရှိသည်။ ကျွန်မထံတွင်တော့ မရှိပါ။ သေချာလွန်းလှသည်။
ထို့ကြောင့် ကျွန်မသူတို့သိအောင် ပြောပြချင်ပါသည်။ ကျွန်မသည် မိန်းမသားတစ်ယောက် ဖြစ်သည်။ နူးညံ့သော အထိအခိုက်လွယ်သော မိန်းမတစ်ယောက်ဖြစ်သည်။ ထစ်ကနဲဆို မျက်ရည်ကျလွယ်ပြီး ၀မ်းနည်းလွယ်သော မိန်းမတစ်ယောက်ဖြစ်သည်။ ထို့အပြင် အလွန်ညံ့ဖျင်းသော မိန်းမတစ်ယောက်လည်းဖြစ်သည်။ ကိုယ့်အတွက်ဆိုလျှင် ဘာမှ အသုံးမကျ အသုံးမချတတ်သော မိန်းမ တစ်ယောက်ဖြစ်သည် ဆိုတာကိုပေါ့။
Posted by ဆွေလေးမွန်

Sunday, June 8, 2014
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment