ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, June 22, 2014

==ပေါ်တူဂီအားအခက်တွေ့ စေမည့်အမေရိကန်==

> (ဒမ့် ဆေး နဲ့ စီရော်နယ်ဒို အမေရိကန် နဲ့  ပေါါ်တူဂီ ထိပ်တိုက် တွေ့ ကြပြီ)

 ပေါ်တူဂီ။
သူတို့၏လားရာကို တွက်ဆရလျှင် နည်းနည်း မက အလှုပ်ဆန်သည်။ သူတို့ အုပ်စုကိုကျော်ဖြတ်နိုင်မည်လော။ သို့တည်းမဟုတ် သူတို့အုပ်စုမှထွက်ခွာရမည်လော။ ၀ိရောဓိ ဖြစ်စရာကောင်းသည်။ တွေးစရာကောင်းသည်။ အထူးသဖြင့် သူတို့သည် အဖွင့်ပွဲ၌ ရှုံးပွဲကြုံခဲ့သည်။ ထိုအရှုံးသည် ထိုပွဲတစ်ပွဲတည်းသာ ရှုံးသည့်အရှုံးဟု ယူဆ၍မရ။ အုပ်စုမှ တက်ခွင့်အပါအ၀င် သူတို့၏အနာဂတ် တစ်ခုလုံးကို စေစားနိုင်သောအရှုံးဟု ဆိုနိုင်သည်။ အထူးသဖြင့် သူတို့သည် အဆိုပါ အဖွင့် ပွဲ၌ ဂိုးပြတ်အရေးနိမ့်ခဲ့ရမှုကြောင့် ယခု တစ်ပွဲစီကစားပြီးသည့်အချိန်၌ပင် သူတို့ သည် အုပ်စုအောက်ဆုံးသို့ ရောက်လျက် ရှိသည်။ ဆိုချင်သည်မှာ ပေးဂိုတစ်ဂိုး၏ စေစားနိုင်မှုဖြစ်သည်။ သူတို့နည်းတူ ဂါနာ သည်လည်း အဖွင့်ပွဲ၌ အမေရိကန်အား ရှုံးခဲ့ သည်။ အရှုံးချင်းတူသော်လည်း အမေရိကန်အား နှစ်ဂိုး-တစ်ဂိုးဖြင့်သာ ရှုံးသော ဂါနာသည် သူတို့အထက် ၌ ရှိနေသည်။ ဆိုချင်သည်မှာ သူတို့၏နောက်တစ်ဆင့် တက်ရန် ရုန်းရမည့်ပမာဏဖြစ်သည်။ အရှင်းဆိုရလျှင် သူတို့အနေဖြင့် အုပ်စုဒုတိယပွဲတွင် အမေရိကန်နှင့် ဆုံရမည် ဖြစ်သည်။

(ဂါနာကိုအနိုင်ရအပြီးအမေရိကန်အသင်းသားတွေ ပျော်မြူးစွာ)
ထိုပွဲ၌ သူတို့အနေဖြင့် သရေသာ ကစားနိုင်သည်ဆိုပါစို့။ မည်သို့ဖြစ်လာမည်နည်း။ အထူးသဖြင့် သူတို့၏ နောက်တစ်ဆင့်တက်ရေးအတွက် စိုက်ထုတ်ရမည့်အားနှင့် အဆိုပါစိုက်ထုတ်ရနိုင်သော အားနှင့် လိုက်လျောညီထွေသော အခြေအနေတစ်ရပ် သူတို့တွင် ရှိ၊ မရှိသိလိုလျှင် ထိုမှစ၍တွက်ရမည်။ ထို့ကြောင့် ပြောခဲ့ပြီးသကဲ့သို့ သူတို့သည် အမေရိကန် ကို သရေသာကစားနိုင်ခဲ့သည်ဟုတွက်ပါက အဆိုပါပွဲ အပြီးတွင် အမေရိကန်က လေးမှတ်ရမည်။ သူတို့က တစ်မှတ်ရမည်။ ထိုအခြေအနေတွင် နောက်ဆုံးပွဲစဉ်၌ သူတို့က ဂါနာဖြင့် ကစားရမည်ဖြစ်ပြီး အမေရိကန်က ဂျာမနီနှင့် ကစားရမည်ဖြစ်ရာ အမှတ်တူရန် အခွင့်အရေး တော့ ရှိနိုင်သည်။ အထူးသဖြင့် ဂါနာအား သူတို့အနိုင်ရနိုင် သကဲ့သို့ အနိုင်ရပါက လေးမှတ်ရရန်ရှိသည်။ ထိုအခြေ အနေတွင် ဂျာမနီနှင့် ရင်ဆိုင်ရမည့် အမေရိကန်အား အနိမ့်ဆုံးအဖြစ် အရှုံးဟုတွက်လျှင်ပင် လေးမှတ်ရနေ အခြေအနေရှိနေပေရာ ထိုသို့ဆိုလျှင် ပေါ်တူဂီ၏လျှောက်လမ်းသည် ကွာတား၌ပင် ရပ်သွားနိုင်သည်။

ထို့ကြောင့် ဂျာမနီအား ရှုံးနိမ့်ပြီးသည့်အချိန်မှစ၍ ပေါ်တူဂီ၏လားရာကို စိုးရိမ်မကင်းဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့ထက်ပို၍ဆိုးသည်မှာ ထိုပွဲ၌ ပီပီထုတ်ပယ်ခံရခြင်း၊ ကွန်ထရာအိုဒဏ်ရာရခဲ့ခြင်းတို့ပင်ဖြစ်သည်။ ထိုဖြစ်ရပ်များ ကြောင့် အမေရိကန်နှင့်ပွဲတွင် အဆိုပါ အဓိကခံစစ်မှူးနှစ်ဦးစလုံး မပါဝင်နိုင်သောအခြေအနေနှင့် အမေရိကန်နှင့်ပွဲ တွင် ပေါ်တူဂီရင်ဆိုင်ရပေတော့မည်။ ထို့အပြင် ဆိုခဲ့ပြီးသည့်အတိုင်း အမေရိကန်နှင့်ပွဲသည်လည်း သရေဆိုလျှင်ပင် မလုံလောက်သည့်အနေအထားအရ ထိုလိုအပ်ချက်များအရ ပေါ်တူဂီရလဒ်ကောင်းရန် ခက်ခဲပေလိမ့်မည်။ 

(စီရော်နယ်ဒို ဦးဆောင်လာမယ့်ပေါါ်တူဂီတပ်ဖွဲ့ )
အမေရိကန်သည် အသင်းလိုက်ကစားပုံကောင်းသည်။ နာမည်ကြီးကစားသမားမပါဝင်သည့်တိုင် ရှေ့နောက်လည်း အားမျှမှုရှိသည်။ ပေါ်တူဂီမှာမူ ထိုသို့ မဟုတ် ရော်နယ်ဒိုပါဝင်သည်မှာမှန်သော်လည်း အသင်းလိုက်ခြေစွမ်း မျှတမှုတွင် အမေရိကန်အား မမီ။ ဆိုရလျှင် ပေါ်တူဂီသည် ရော်နယ်ဒိုအပေါ်တွင် အားပြုလွန်းသည်။ ထို့ကြောင့် ရော်နယ်ဒို မပါဝင် သောပွဲများ၊ ရော်နယ်ဒိုခြေစွမ်းမပြနိုင်သောပွဲများတွင် ပေါ်တူဂီသည် အစဉ်အဆက် ရုန်းကန်ခဲ့ရ သည်။ ဂျာမနီနှင့်ပွဲ ဆိုလျှင် ရော်နယ်ဒိုအား ထိထိမိမိမပံ့ပိုးနိုင်သည့်အခါ ရော်နယ်ဒိုသည်လည်း အခွင့်အရေး မရခဲ့သကဲ့သို့ ပေါ်တူဂီ တိုက်စစ်သည်လည်း အသက်မဲ့ခဲ့ရသည်က သက်သေဖြစ်သည်။ အမေရိကန်သည် အဖွင့်ပွဲ၌ အနိုင်ရထား၍ ယခုပွဲတွင် သရေကျရုံဖြင့် အခြေအနေကောင်းနိုင်သောအနေအထားကို အပျက်အယွင်း ခံမည် မဟုတ်။ ထို့ကြောင့် အသင်းလိုက် ဟန်ချက်ဖြင့် အကောင်းဆုံးခံကစားမည်ဖြစ်သည့်အပြင် ပီပီ၊ ကွန်ထရာအိုတို့ မပါဝင်နိုင်သည့် ပေါ်တူဂီခံစစ်သည်လည်း အမေရိကန်၏ တန်ပြန်တိုက်စစ်ကို ထိန်းချုပ်နိုင်ပါမည်လော။ သေချာသည်က ထိုပွဲသည် ပေါ်တူဂီနိုင်လျှင် မပြတ်သား နိုင်သည့် သဘောသာဖြစ်သည်။

 +ရှိုင်းမင်းမင်း+

(ဒမ့် ဆေး နဲ့ စီရော်နယ်ဒို အမေရိကန် နဲ့  ပေါါ်တူဂီ ထိပ်တိုက် တွေ့ ကြပြီ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)