ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, June 22, 2014

===ရုရှားကိုအနိုင်ရရန်ခက်ခဲသည့်ဘယ်လ်ဂျီယံ===

>

 ဘယ်လ်ဂျီယံ။
သူတို့၏အစုအဝေး၊ သူတို့၏အခြေအနေအရ ယခုနှစ်ကမ်္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်အား ခပ်လွယ်လွယ် ကျော်ဖြတ် နိုင်မည်ဟု ပြိုင်ပွဲမစခင်ကတည်းက မျှော်လင့်ခဲ့ကြသည်။ အထူးသဖြင့် သူတို့သည် ယခုနှစ်အပိုင်းအခြားတွင် ကစားသမားအရင်း အမြစ်သိသိသာသာဖွံ့ဖြိုးလာသည်။ ဟာဇက်၊ ကွန်ပါနေး၊ ဗာမာလန်၊ ဗာတွန်ဂမ်၊ ဖယ်လာနီ၊ မီရယ်လက်စ်၊ ဂျာနူဇက်စသည့် ခြေစွမ်း ခြေစထက်မြက်သော ကစားသမားများသည် ဥရောပဘောလုံးလောကအတွင်းသို့ ထိပ်နားကျကျအပြိုင်းအရိုင်းတိုးဝင် လာနိုင်ကြသည်။ လူကာကူ၊ လော့တွိုက်စ်၊ မစ်နိုလက်စ်၊ ဗန်ဘိုင်တန်တို့ လည်းရှိသေးသည်။

ထို့အပြင် သူတို့ပါဝင်သော အုပ်စု အခြေအနေမှာလည်း သူတို့ကမော်ကြည့်ရမည့်အသင်း တစ်သင်းမှမပါ။ အယ်လ်ဂျီးရီးယား သည် သူတို့ထက်များစွာနိမ့်ကျသော အသင်းဖြစ်သည်။ တောင်ကိုရီးယားနှင့် ရုရှားတို့သည်လည်း သူတို့ထက်မနိမ့်ဟုဆိုလျှင်ပင် သူတို့ထက်မြင့်သောအသင်းများမဟုတ် ကြ။ ထို့ကြောင့် သူတို့အား ယခုကမ်္ဘာ့ဖလားတွင် အုပ်စုအား ကျော်ဖြတ်နိုင်မည်ဟု အားလုံးကတညီတညွတ်တည်း လက်ခံယုံကြည်ကြ သည်။ မျှော်လင့်ကြသည်။

(ကွန်ပနီ-ဖယ်လာနီ၊ဦးစီးလာတဲ့ ဘယ်လ်ဂျီယံတပ်ဖွဲ့ နဲ့ အားပေးနူတ်ဆက်နေတဲ့ နည်းပြ)

သို့သော်သူတို့၏ပွဲဦးထွက်သည် အနည်းငယ်သံသယဆန်သည်။ အုပ်စုအဖွင့်၌ အနိုင်မရ၍မဟုတ်။ အနိုင်ရသည်။ သုံးမှတ်အပြည့်ရသည်။ သို့သော် ထိုသို့အနိုင်ရသည်ဆိုသော်လည်း အုပ်စုတွင်း အားအနည်းဆုံးဖြစ်သည့် အယ်လ်ဂျီးရီးယားကိုပင် ပြတ်ပြတ်ထင်ထင်အသာမရ။ ၂-၁ ဖြင့်သာ နိုင်သည်။ ပွဲချိန် ၂၅ မိနစ်၌ပင် ဖီဘိုစီ၏ဦးဆောင်ဂိုးအား ချေပနိုင်ရန်ခက်ခက်ခဲခဲရုန်းကန် ခဲ့ရပြီး မိနစ် ၇၀ ရောက်မှ ဖယ်လာနီကချေပဂိုးသွင်းယူပေးနိုင်ခဲ့ကာ မိနစ် ၈၀ ရောက်မှ အနိုင်ဂိုးရယူနိုင်ခြင်းဖြစ်သည်။

ထို့ကြောင့် သူတို့အပေါ်စိုးရိမ်မကင်းဖြစ်ကြသည်။ သံသယများဝင်လာကြသည်။ အရှင်းဆိုရလျှင် သူတို့အနေဖြင့် နောက်ထပ်ရင်ဆိုင်ရ မည့် နှစ်ပွဲမှာ အယ်လ်ဂျီးရီးယားနှင့်ပွဲထက်ပိုမိုခက်ခဲသောပွဲများဖြစ်သည်။ တောင်ကိုရီး ယား နှင့်ရုရှားတို့ဆိုသည်မှာ လွယ်လွယ်နှင့်အနိုင်ယူ၍ရသော အသင်းများမဟုတ်ကြ ပေ။ ထို့ကြောင့် အဖွင့်ပွဲကခြေစွမ်းအရဆိုလျှင် သူတို့အနေဖြင့် အဆိုပါအသင်းများ အား ကျော်ဖြတ်နိုင်ပါမည်လောဆိုသည်ကို သံသယရှိကြသည်။ အထူးသဖြင့် အုပ်စုဒုတိယပွဲဆိုသည်မှာ အသင်းတိုင်းအတွက်အရေးပါသော အခြေအနေတွင်ရှိသည်။ ဆိုရလျှင် အဖွင့်ပွဲစဉ်၌ ရှုံးပွဲကြုံခဲ့ရသောအသင်းများ သို့မဟုတ် သရေကျခဲ့သည့်အသင်းများသည် အဆိုပါအုပ်စုဒုတိယပွဲများ ၌ ခြေကုန် ထုတ်တတ်ကြသည်။ အဖွင့်ပွဲ၌ ရှုံးခဲ့ရသောအသင်းများအနေဖြင့် ဒုတိယပွဲတွင်ထပ်မံ၍ ရှုံးပွဲကြုံခဲ့မည်ဆိုပါက ပြိုင်ပွဲမှထွက်ရရန် သေချာသွားမည်ဖြစ်သကဲ့သို့ အဖွင့်ပွဲ၌သရေကျခဲ့သော အသင်းများအနေဖြင့်လည်း ဒုတိယပွဲ စဉ်တွင် ရှုံးပွဲကြုံခဲ့မည်ဆိုပါက ပြိုင်ပွဲမှထွက်ရရန် နီးစပ် သွားမည်ဖြစ်သည်။ ထို့ကြောင့် အဖွင့်ပွဲ၌နိုင်ပွဲပျောက်ဆုံးခဲ့သော အသင်းများသည် ဒုတိယပွဲ၌ ခြေကုန်ထုတ်ရင်ဆိုင်တတ်ကြခြင်းပင်ဖြစ်သည်။ အခြားမကြည့်နှင့်၊ ဟော်လန်နှင့်သြစတြေးလျ ပွဲကိုပင်ကြည့်။ အရှင်းဆိုရလျှင် အဆိုပါနှစ်သင်းသည်စုဖွဲ့မှုကွာသည်။ အဆင့်အတန်းကွာသည်။ ကစား သမားအရင်းအမြစ် ကွာသည်။ သို့သော်ဟော်လန်သည် သြစတြေးလျအား လွယ်လွယ်နှင့်အနိုင် မရ။ သြစတြေးလျ၏တုံ့ပြန်မှုကိုခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရသည်။ ကိုယ်ကဦးဆောင်ဂိုးသွင်းခဲ့သော် လည်း သြစတြေးလျကခတ်မာမာတုံ့ပြန်ကာ နှစ်ဂိုးဆက်သွင်းသွား၍ ဟော်လန်တို့ရုန်းကန်ခဲ့ရကာ ဒီပေး၏အမှတ်မထင်ကန်ချက်ဂိုးဝင်ခဲ့၍သာ ကပ်ပြီးအနိုင်ရခဲ့ခြင်းဖြစ်သည်။ ထိုအခြင်းအရာသည် ခြေစွမ်းကွာဟသည့်အသင်းနှစ်သင်းကြား၌ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခြေစွမ်းကွာဟမှု ကျဉ်းမြောင်း သော အသင်းများကြား၌ပြောဖွယ်ရာမရှိနိုင်ပေ။ ထို့ကြောင့် ဘယ်လ်ဂျီယံ၏ အခြေအနေကို အားလုံးက သံသယ၀င်ကြခြင်းလည်းဖြစ်သည်။

အထူးသဖြင့် ဒုတိယပွဲစဉ်တွင် သူတို့ရင်ဆိုင်ရမည်က ရုရှားဖြစ်နေသည်။ ရုရှားသည်အဖွင့်၌ တောင်ကိုရီးယားနှင့် သရေကျခဲ့သောကြောင့် ယခုပွဲရှုံး၍မဖြစ်။ အကယ်၍ ရုရှားသာယခုပွဲရှုံးနိမ့်ခဲ့မည် ဆိုပါက ရုရှားသည်အုပ်စုကထွက်ရရန် နီးစပ်သွားပေမည်။ အဘယ်ကြောင့်ဆိုသော် ဘယ်လ်ဂျီယံနှင့်ရုရှား ပွဲအပြီးတွင် တောင်ကိုရီးယားက အယ်လ်ဂျီးရီးယားနှင့်ကစားရမည်ဖြစ်သည်။ ထို့ကြောင့် ရုရှားသာ ရှုံးနိမ့်ခဲ့ ပါက တောင်ကိုရီးယားသည် အယ်လ်ဂျီးရီးယားအား အနိုင်ရအောင်ကစားမည်ဖြစ်သကဲ့သို့ အနိုင်ရနိုင်ခြေ လည်းရှိသည်။ အကယ်၍ ထိုအခြေအနေတွင် တောင်ကိုရီးယားသာ အနိုင်ရပြီး ရုရှားသာရှုံးနိမ့်ခဲ့လျှင် တောင်ကိုရီးယား ကနောက်ဆုံးပွဲ၌ သရေထိန်းကစားရုံဖြင့် နောက်တစ်ဆင့်တက်သွားပေလိမ့်မည်။ ထို့ကြောင့် ယခုပွဲတွင် ရုရှားသည် ရှုံး၍ မဖြစ်သောကြောင့် ခြေကုန်ထုတ်ကစားလျှင် ဘယ်လ်ဂျီယံအတွက် အခက်အခဲ ဆုံးဖြစ်လာနိုင်သည်။ ဆိုရလျှင်ရုရှား သည် တောင်ကိုရီးယားနှင့်သရေကျခဲ့ရသော်လည်း အသင်းကောင်းတစ်သင်းဖြစ်သည်။ အသင်းလိုက်ကစားအား ကောင်းသည်။ စုစုစည်းစည်းနှင့် ညီညွတ်မှုရှိသည်။ ထို့အပြင်ကာပယ်လိုကဲ့သို့သော နည်းပြ ကောင်းလည်းရှိသည်။ တောင်ကိုရီးယားနှင့် သရေကျခဲ့ရာတွင်လည်း ဂိုးသမားအကင်ဖီ၏အမှားကြောင့်သာ သရေကျ ရခြင်းဖြစ်သည်။

အစဉ်အလာအရဆိုလျှင်လည်း ဘယ်လ်ဂျီယံသည် ရုရှားနှင့်သုံးကြိမ်ဆုံခဲ့ရဖူးရာ တစ်ကြိမ်သာထိထိ မိမိအနိုင်ယူနိုင်ခဲ့သည်ကို ဤသို့တွေ့ရသည်။

၂၀၁၀ ရုရှား ၀ -၂ ဘယ်လ်ဂျီယံ
၂၀၀၂ ဘယ်လ်ဂျီယံ ၃ -၂ ရုရှား
၁၉၉၆ ဘယ်လ်ဂျီယံ ၀ - ၀ ရုရှား

ထို့ကြောင့် ယခုပွဲတွင်လည်း ဘယ်လ်ဂျီယံလွယ်လွယ်အနိုင်မရနိုင်။ ဆိုရလျှင်ဘယ်လ်ဂျီယံသည် တစ်ဦးချင်းအရည် အသွေးပိုင်း၌ ရုရှားထက်အနည်းငယ်အသာရနေသလို အဖွင့်ပွဲသုံးမှတ်ရထား၍ နောက်တစ်ဆင့်တက်ရန် ခြေကုန်ထုတ် မည်ကလည်းမှန်သည်။ သို့သော် ရုရှား၏ရုန်းအားကြောင့် ယခုပွဲတွင် သရေလောက်သာရမည်ဟု ယူဆမိသည်။ ။

+မင်းမင်း+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)