ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, July 13, 2014

==မန်ဇူကစ် နဲ့ ကော်စတာ လာမယ့်ရာသီမှာအေကောင်းဆုံးခြေစွမ်းပြနိုင်ပါ့မလား==

>

ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်ဟာ ဘွန်ဒက်လီ ဂါချန်ပီယံ ဘိုင်ယန်မြူးနစ်ကနေ လာလီဂါချန်ပီယံ အက်သလက်တီကိုမက်ဒရစ်အသင်းဆီသို့ ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်းနဲ့ လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုပြီး ပြောင်းရွှေ့သွားခဲ့ပါပြီ။ အဲဒီလို မန်ဇူကစ်ပြောင်းသွားရတဲ့ အကြောင်းပြချက် နှစ်ရပ်ရှိတယ်။ ပထမတစ်ချက်အနေနဲ့ ဘိုင်ယန်ဟာ ဘွန် ဒက်လီဂါပြိုင်ဘက် ဒေါ့မွန်အသင်းက ပိုလန်တိုက်စစ်မှူး လီဝန်ဒိုစကီးကို ခေါ်ခဲ့တယ်။ ဒါ့ကြောင့် ဘိုင်ယန်ကို လီဝန်ဒိုစကီးရောက်လာလို့ မန်ဇူကစ်အတွက် ပုံမှန်ပွဲထွက် ခွင့်ပျောက်ရမယ့်အနေအထားမှာရှိလို့။ ဒုတိယအချက်က အက်သလက်တီကိုဟာ သူတို့ရဲ့ အားထားရတဲ့တိုက်စစ်မှူး ကော်စတာကိုရောင်းဖို့ ချယ်လ်ဆီးအသင်းနဲ့ သဘောတူ ထားသလို ဒေးဗစ်ဗီလာကိုလည်း နယူးယောက်စီးတီးကို ရောင်းလိုက်ပြီ။

 အဲဒီတော့ မန်ဇူကစ်အနေနဲ့ ဘိုင်ယန်မှာ ခြယ်လှယ်မရတော့မယ့်အနေအထားမှာ ရောက်နေတဲ့ သူ့ဘ၀ရှေ့ရေးကို လာမယ့်ရာသီမှာ အက်သလက်တီကိုနဲ့ အတူ ခြေလှမ်းသစ်စဖို့ သူဆုံးဖြတ်လိုက်ခြင်းလို့ ဆိုနိုင် တယ်။ အဲဒီမှာ စိတ်ဝင် စားစရာကောင်းတာ က မန်ဇူကစ်နဲ့ ကော်စတာတို့ရဲ့ လာမယ့်ရာသီမှာ ပြီးခဲ့ တဲ့ ရာသီကလို စွမ်းဆောင်နိုင်မှုမျိုးရှိ၊ မရှိဆိုတာပဲ။ ဘာလို့လဲဆိုရင် ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်ရဲ့ ဘိုင်ယန်မြူးနစ်မှာ ကစားခဲ့တဲ့ ခြေစွမ်းကို ပြန်လှန်ကြည့်မယ်ဆိုတော့ ၂၀၁၂ ခုနှစ်က ၀ုစ်ဘတ်အသင်းက ဘိုင်ယန်ကို ရောက်လာ ချိန်ကစလို့ ဘောလုံးရာသီနှစ်ရာသီမှာ ဘိုင်ယန်နဲ့အတူ လိဂ်သွင်းဂိုး ၃၃ ဂိုးအထိ သွင်းယူထားတယ်။ ဒါတင်မကသေးဘူး။ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီ ဘိုင်ယန်မြူးနစ် ချန်ပီယံလိဂ်ဖလားရခဲ့တဲ့ ဒေါ့မွန်နဲ့ပွဲမှာ ဆိုရင် မန်ဇူကစ်နဲ့ရော်ဘင်တို့ရဲ့ သွင်းဂိုးတွေကြောင့် နည်းပြဟေးနက်လက်ထက်မှာ ဘိုင်ယန်မြူးနစ် တစ်နှစ် တည်း ဖလားသုံးလုံးတောင်ရခဲ့တယ်။ မန်ဇူကစ်ဟာ ဘိုင်ယန်နဲ့အတူ ဘောလုံးရာသီနှစ်ရာသီမှာ ဘွန်ဒက်လီဂါ ပွဲစဉ် ၅၃ ပွဲကစားပြီး ၃၃ ဂိုးသွင်းယူနိုင်ခဲ့လို့ အဲဒီရာသီ နှစ်ရာသီထဲမှာ ၂၀၁၃ ခုနှစ်ကရခဲ့တဲ့ ဘွန်ဒက်လီဂါဖလား၊ ဂျာမန်ပိုကယ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားအပါအ၀င် ဖလားခုနှစ်လုံးတောင်ရခဲ့တယ်။ ဒါတွေကို ဘိုင်ယန်က မကျေနပ်သေးဘူး။ ဘွန်ဒက်လီဂါမှာ ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်တဲ့ ဒေါ့မွန်တိုက်စစ်မှူး လီဝန်ဒိုစကီးကို ခေါ်လိုက်တယ်။ မန်ဇူကစ်က ၂၈ နှစ်၊ လီဝန်ဒိုစကီးက ၂၅ နှစ်။ အသက် အရွယ်အရ ဘိုင်ယန်ရဲ့ ရွေးချယ်မှုမှန်တယ်လို့ပြောရင်ရ သလို လီဝန်ဒိုစကီးဟာ ဘွန်ဒက်လီဂါပြိုင်ပွဲတွေနဲ့ ရင်းနှီးနေတဲ့အတွက်ခြေစွမ်းတည်ငြိမ်မှုအတွက် အချိန်အပိုင်းအခြားအရ စောင့်စရာမလိုတဲ့ကစားသမား ဖြစ်လို့ ဘိုင်ယန်က ရွေးချယ်လိုက်တယ်လို့ဆိုရင် မမှားဘူး။

 ဒါပေမယ့် မန်ဇူကစ်အတွက်တော့ ဘိုင်ယန်မှာ ခြေစွမ်းဘယ်လောက်ပြခဲ့ပြခဲ့ လာလီဂါမှာ အသင်းသစ် အက်သလက်တီကိုနဲ့အတူ ခြေစွမ်းပြနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမယ်။ မန်ဇူကစ်နည်းတူ ကော်စတာဘက်ကို ပြန်ကြည့်မယ်ဆိုရင် ကော်စတာရဲ့ စွမ်းဆောင်ရည်ကောင်းမှု တွေကြောင့် ပြီးခဲ့တဲ့ရာသီက အက်သလက်တီကိုမက်ဒရစ် အသင်း လာလီဂါဖလားရခဲ့တာ ကော်စတာကြောင့်ရခဲ့တာ ဆိုရင် မှားအံ့မထင်။ ဘာလို့လဲဆိုရင် ပြီးခဲ့တဲ့ရာသီက ကော်စတာဟာ အက်သလက်တီကိုနဲ့အတူ ၅၁ ပွဲကစားပြီး ၃၆ ဂိုးအထိ သွင်းနိုင်ခဲ့တယ်။ အဲဒီလို ကော်စတာရဲ့ ခြေစွမ်းပြကစား နိုင်မှုကြောင့် ၁၉၉၆ ခုနှစ်ကတည်းက ဝေးကွာနေတဲ့ လာလီဂါဖလားကို အက်သလက်တီကိုမက်ဒရစ်အသင်း ပထမဆုံးအကြိမ် ပြန်လည်ရယူ ပေးနိုင်ခဲ့တယ်။ အဲဒီလိုစွမ်းဆောင်ရည်တွေပြခဲ့တဲ့ ကော်စတာကို ချယ်လ်ဆီးအသင်းကို ရောင်း ဖို့လည်း အက်သလက်တီကို မက်ဒရစ်အသင်း သဘော တူထားပြီးပြီ။

ဒါ့ကြောင့် ကော်စတာ ဟာ ချယ်လ်ဆီးမှာ မြင် တွေ့ရဖို့ ရာနှုန်းများနေ သလို မန်ဇူကစ်ဟာလည်း အက်သလက်တီကိုနဲ့ စာချုပ်ပြီးလို့ လာလီဂါမှာ မြင်တွေ့ရတော့မယ်။ ဒါပေ မယ့် ၂၀၁၃-၂၀၁၄ ဘောလုံး ရာသီကလို ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ ခြေစွမ်းပြ ကစားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမယ့်အနေ အထားမှာရှိနေတယ်။

ဒါ့ကြောင့် အက်သလက် တီကိုမက်ဒရစ်အသင်း အနေနဲ့ ဘိုင်ယန်တိုက်စစ်မှူး ဟာ မှန်ကန်မှုရှိမလား။ လီဝန်ဒို စကီးဟာ ၂၀၁၄-၂၀၁၅ ဘောလုံး ရာသီမှာ ဘိုင်ယန်မြူးနစ်ရဲ့ အကျိုးပြုသားကောင်း ဖြစ်လာပြီး မန်ဇူကစ်အနေနဲ့ အက်သလက်တီ ကိုမှာ ခြေစွမ်းပြကစားနိုင်မလား။ ချယ်လ်ဆီးအသင်းနဲ့ သဘောတူ ထားပြီဖြစ်တဲ့ ကော်စတာအနေနဲ့ ချယ်လ်ဆီးအသင်းကို ရောက်ရှိကာ အင်္ဂလန်မြေမှာ မောင်ရင်ဟို အတွက် တောက်ပတဲ့ ကြယ် တစ်ပွင့် ဖြစ်လာလေမလား။ ထိုသို့သော လားပေါင်းများစွာ သော မေးခွန်းတွေအတွက် အဖြေကတော့ လာမယ့် ၂၀၁၄- ၂၀၁၅ ဘောလုံးရာသီမှာ စိတ် ၀င်စားဖွယ် စောင့်မျှော် ကြည့်ရှုရတော့မည်ဖြစ်သည်။

 +ငွေကြယ်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)