ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, July 13, 2014

==ဂျာမနီအသင်းအောင်ပွဲခံမယ့်၂၀၁၄ကမ်္ဘာ့ဖလားချန်ပီယံဆုဖလား==

>

 ဂျာမနီအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ အိမ်ရှင်ဘရာဇီးအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ဗိုလ်လုပွဲကို တက် ရောက်ခွင့်ရရှိလာတာမို့ စိတ်ဓာတ်ပိုင်း
တက်ကြွအားကောင်းနေမှာပါ။ ဂျာမနီက ဂါနာ၊ အမေရိကန်တို့နဲ့ ကစားခဲ့တဲ့ အုပ်စုပွဲတွေ၊ အယ်လ်ဂျီးရီးယားနဲ့ကစားခဲ့တဲ့ ၁၆ သင်းရှုံးထွက်ပွဲမှာ နိုင်ပွဲရရှိဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာမှန်တယ်။ ဒါပေမယ့် ပြင်သစ်၊ ဘရာဇီးတို့လို အသင်းကြီးတွေကို အကောင်းဆုံးရလဒ်နဲ့ ဖြတ်ကျော်လာနိုင်ခဲ့တာကြောင့် ဂျာမနီရဲ့ ရုန်းအားကို လျှော့တွက်လို့မရဘူး။ ဗိုလ်လုပွဲမှာ ဂျာမနီအသင်းရဲ့ အဓိကဗဟိုခံစစ်မှူးးဟမ်မဲလ်ပါဝင်နိုင်ဖို့ မသေချာ ပေမယ့် ဂျာမနီအသင်းမှာ ခံစစ်မှူးကောင်းတွေ ရှိနေတာမို့ ခံစစ်ပိုင်း သိသိသာသာအားနည်းမှု မရှိနိုင်ဘူး။ ဂိုးရရှိရေး ဟာ ကစားသမားတစ်ဦး၊ နှစ်ဦးအပေါ်မှာတင် အမှီပြုခြင်းမရှိတာက ဂျာမနီအတွက် အားသာချက်တစ်ခုဖြစ်နေတယ်။

 အိုဇေးလ်၊ သောမတ်မူလာ၊ တိုနီခရူးစ်၊ ရှဝိန်းစတိန်ဂါ၊ ခီဒီရာတို့နဲ့ စုဖွဲ့ထားတဲ့ ဂျာမနီအသင်းရဲ့ ကွင်းလယ်ဟအကောင်းဆုံးစုဖွဲ့မှု ပုံစံကိုရရှိနေပြီး အဲဒီကစားသမားတွေဟာ ဂိုးသွင်းခြေလည်းရှိတာမို့ ဂျာမနီအသင်း ဂိုးရရှိရေးကို အကောင်းဆုံးပံ့ပိုးကူညီပေးနိုင်စွမ်းရှိတယ်။ တိုက်စစ်မှူးး ကလိုဆေးကလည်း ဂိုးသွင်းခြေရရှိနေတာမို့ ပြိုင်ဘက်ရဲ့ အမှားကို ဂျာမနီအသင်း အခွင့်အရေးယူအသုံးချနိုင်စွမ်းရှိတယ်။ အာဂျင်တီးနားက ဟော်လန်နဲ့ ကစားခဲ့တဲ့ ဆီမီး ဖိုင်နယ်ပွဲစဉ်မှာ ဟော်လန်ကို ကျော်ဖြတ်နိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတယ်။

(ဂျာမနီနည်းပြဂျိုအာချင်လို နဲ့  အာဂျင်တီးနားနည်းပြ ဘီယယ်ဆာ ဘယ်သူကပိုအစွမ်းထက်သလဲ)
အဓိက ကွင်းလယ်ကစားသမား ဒီမာရီယာ ပါဝင်နိုင်မှာမဟုတ်လို့ အာဂျင်တီးနားအသင်းအနေနဲ့ ဂိုးသွင်းခွင့်ဖန်တီးနိုင်ဖို့ကို ရုန်းကန်ရမယ့်အနေအထားမှာ ရှိတယ်။ အာဂျင်တီးနားဟာ ဟော်လန်နဲ့ပွဲမှာ ဟီဂွာရင်၊ လာဗက်ဇီတို့ရဲ့ ရုန်းအားနဲ့ တောင်ပံတိုက်စစ်တွေကနေ ဂိုးသွင်းခွင့်တွေဖန်တီးဖို့ ကြိုးစားခဲ့ပေမယ့် ဟော်လန်ခံစစ်ကို ထိရောက်စွာဖိအားပေးနိုင်ခြင်းမရှိဘူး။ ဒါကြောင့်အသင်း လိုက် စုစည်းမှုကောင်းမွန်သလို ၀ါရင့်ခံစစ်ကစားသမားတွေရှိနေတဲ့ ဂျာမနီအသင်းကို အာဂျင်တီးနားအသင်း ဖိအားပေးနိုင်ဖို့ ရုန်းကန်ရမှာပါ။

ဘီဂလီယာ၊ အန်ဇိုပီရက်ဇ်၊ မာရှေယာနိုတို့ရဲ့ အာဂျင်တီးနားအသင်းကွင်းလယ်ကလည်း ဂျာမနီကွင်းလယ်ကို အသာစီး ယူနိုင်ဖို့ခက်တယ်။ အာဂျင်တီးနားမှာ ကမ်္ဘာ့အကောင်းဆုံး ကစားသမား မက်ဆီ ပါဝင်နေပေမယ့်အသင်းဖော်တွေရဲ့ အကောင်းဆုံးပံ့ပိုးမှုမျိုးကို မရရှိ တာကြောင့် မက်ဆီခြေစွမ်းပြကစားနိုင်ဖို့ ရုန်းကန်နေရသလို ဂိုးရရှိရေးနဲ့ ဂိုးသွင်းခွင့်ဖန်တီးနိုင်ရေးတာဝန်တွေဟာ မက်ဆီတစ်ဦးတည်းအပေါ် အမှီပြု နေရတာမို့ အာဂျင်တီးနားတိုက်စစ်ရဲ့ ထက်မြက်နိုင်မှုကို အမြင့်ဆုံး မျှော်မှန်း ထားဖို့ခက်တယ်။ အာဂျင်တီးနားအသင်းဟာ ဂျာမနီအသင်းနဲ့ ရှစ်ကြိမ်ဆုံ တွေ့ဖူးရာမှာ လေးပွဲနိုင်၊ နှစ်ပွဲသရေကျပြီး နှစ်ပွဲသာ ရှုံးနိမ့်ခဲ့တဲ့ အသင်းဖြစ် တာမို့ ဒီနှစ်သင်းဆုံတွေ့မှုမှာ အာဂျင်တီးနား အသာစီးရနေတယ်။ ဒါပေမယ့် လက်ရှိ ဂျာမနီအသင်းဟာ အသင်းလိုက်စုစည်းမှု အကောင်းဆုံးပုံစံ ရရှိ နေပြီး ဂိုးသွင်းနိုင်စွမ်းဟာ ကစားသမားတိုင်းမှာရှိနေတဲ့ အားသာချက်ကြောင့် အာဂျင်တီးနားအနေနဲ့ အခုပွဲမှာ ဂျာမနီကို ဖိအားပေးနိုင်ဖို့ခက်တယ်။ ဂျာမနီအတွက်လည်း လွယ်ကူတဲ့ပွဲတစ်ပွဲ ဖြစ်မလာနိုင်ပေမယ့် ဂျာမနီကသာ သာမန်ပွဲချိန်အတွင်း အနိုင်ရပြီး ကမ်္ဘာ့ဖလားချန်ပီယံဆုဖလားကို ရယူသွား နိုင်မှာပါ။

* ဖြစ်နိုင်ဖွယ်ရလဒ် ၂-၀*

+ထက်အောင်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)