ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, July 13, 2014

==မှတ်တမ်းမှတ်ရာများကပြောတဲ့ကမ်္ဘာ့ဖလားဗိုလ်လုပွဲ==

>

မနက်ဖြန့်ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁း၃၀ မှာ ၂၀၁၄ ကမ်္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကြီးကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွင်းမှာ ဥရောပက ဂျာမနီနဲ့ တောင်အမေရိကက အာဂျင်တီးနားတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်တာကြောင့် အဆိုပါ ဗိုလ်လုပွဲနဲ့ ပတ်သက်တဲ့အချက်အလက်အချို့နဲ့ မှတ်တမ်းမှတ်ရာ အချို့ကို ပရိသတ်လေ့လာနိုင်ပြီး အထောက်အကူပြုနိုင်ဖို့ သုံးသပ်စုစည်း တင်ဆက်ပေးလိုက်ရပါတယ်။

 ** ဗိုလ်လုပွဲမှာ အရှုံးအများဆုံးအသင်း **

တကယ်တော့ ကမ်္ဘာ့ဖလားပြိုင်ပွဲဟာ စုစုပေါင်း ၁၉ ကြိမ်ကျင်းပပြီးခဲ့ပြီဆိုပေမယ့် အဆိုပါ ၁၉ ကြိမ်ထဲမှာ ချန်ပီယံဖြစ်ဖူးတဲ့ အသင်းအရေအတွက်ဟာ အနည်းငယ် သာရှိပါတယ်။ ဘရာဇီး၊ ဂျာမနီ၊ စပိန်၊ အင်္ဂလန်၊ ဥရုဂွေး၊ အီတလီ၊ ပြင်သစ်၊ အာဂျင်တီးနားတို့သာ ချန်ပီယံ ဖြစ်ခဲ့ဖူးပြီး အဲဒီအထဲမှာတော့ ဂျာမနီဟာ ဗိုလ်လုပွဲတွေ မှာ အရှုံးအများဆုံးအသင်းအဖြစ် မှတ်တမ်းဝင် နေပါတယ်။ ဂျာမနီဟာ ကမ်္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာ နောက်ဆုံးဗိုလ်လုပွဲကို ၁၉၅၄၊ ၁၉၆၆၊ ၁၉၇၄၊ ၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၂၀၀၂တို့မှာ ခုနစ်ကြိမ်တိတိ တက်ရောက် နိုင်ခဲ့ပေမယ့် အဲဒီခုနစ်ကြိမ်မှာ လေးကြိမ်သာ ဗိုလ်စွဲနိုင်ခဲ့ တာကို တွေ့ရပါတယ်။ အဆိုပါ အကြိမ်ကတော့ ၁၉၅၄၊ ၁၉၇၄နဲ့ ၁၉၉၀ ပြိုင်ပွဲတွေမှာဖြစ်ပြီး အဲဒီပြိုင်ပွဲတွေမှာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပေမယ့် ကျန်လေးကြိမ်မှာ တော့ အရှုံးနဲ့သာ ကျေနပ်ခဲ့ရတာကို တွေ့ရပါတယ်။ ဂျာမနီအနေနဲ့ ၁၉၆၆ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ခဲ့ ပေမယ့် အင်္ဂလန်ကို ရှုံးနိမ့်ခဲ့ရသလို ၁၉၈၂ ပြိုင်ပွဲမှာဆိုရင် လည်း ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ပေမယ့် အီတလီကို ရှုံးနိမ့်ခဲ့ရဖူးပါတယ်။ ဒါ့အပြင်ဂျာမနီက ၁၉၈၆မှာဗိုလ်လု ပွဲအထိ ရောက်ရှိခဲ့ပေမယ့်လည်း အာဂျင်တီးနားကို ရှုံး နိမ့်ခဲ့ရတယ်။၂၀၀၂ခုနှစ်မှာလည်း ဗိုလ်လုပွဲအထိ ရောက် ရှိခဲ့ပေမယ့် ဘရာဇီးကိုရှုံးပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရဖူးပါ တယ်။ ဒါကြောင့် ဗိုလ်လုပွဲအဆင့်မှာ လေးကြိမ်ရှုံးနိမ့် ဖူးတဲ့ ဂျာမနီဟာ ကမ်္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ဗိုလ်လုပွဲ တွေမှာ ရှုံးပွဲအများဆုံးတွေ့ကြုံဖူးတဲ့ အသင်းတစ်သင်း အဖြစ် မှတ်တမ်းဝင်နေပါတယ်။

** တောင်အမေရိကမြေပေါ်မှာ ဥရောပအတွက် နေရာမရှိ **

အထူးသဖြင့် ကမ်္ဘာ့ဖလားပြိုင်ပွဲဆိုတာဟာ တိုက် ပေါင်းစုံအားပြိုင်တဲ့ပြိုင်ပွဲတစ်ပွဲဖြစ်ပေမယ့် တကယ်တော့ ဥရောပနဲ့ တောင်အမေရိကဒေသနှစ်ခုသာ အားပြိုင်တဲ့ပွဲ လို့ဆိုရင်လည်း မမှားပါဘူး။ အရှင်းဆုံးပြောရရင် ကမ်္ဘာ့ ဖလားပြိုင်ပွဲကို စုစုပေါင်း ၁၉ ကြိမ် ကျင်းပပြီးခဲ့ရာမှာ ဥရောပအသင်းတွေက ၁၀ ကြိမ် ဗိုလ်စွဲထားနိုင်ပြီး တောင် အမေရိကအသင်းတွေက ကိုးကြိမ် ဗိုလ်စွဲထားကာ အခြား တိုက်က အသင်းတစ်သင်းမှ ဗိုလ်စွဲဖူးခြင်းမရှိသေးပါဘူး။ ဒါပေမယ့် အဲဒီဥရောပနဲ့ တောင်အမေရိကဒေသနှစ်ခုရဲ့ အားပြိုင်မှုတွေအထဲမှာတော့ တောင်အမေရိက အသင်း တွေကသာ တောင်အမေရိကမှာကျင်းပတဲ့ ပြိုင်ပွဲဆိုရင် ဗိုလ်စွဲနိုင်လေ့ရှိကာ တောင်အမေရိကမှာ ဥရောပက တစ်သင်းမှ ဗိုလ်စွဲခဲ့ဖူးခြင်းမရှိပါဘူး။ ၁၉၃၀ ကမ်္ဘာ့ဖလား ကို ဥရုဂွေးမှာကျင်းပခဲ့ရာမှာ ဥရုဂွေးက တောင်အမေ ရိကအသင်းဖြစ်တဲ့ အာဂျင်တီးနားကို အနိုင်ရဗိုလ်စွဲခဲ့ သလို ၁၉၅၀ ပြိုင်ပွဲကို ဘရာဇီးမှာ ကျင်းပရာမှာလည်း ဥရုဂွေးကသာ ဗိုလ်စွဲခဲ့ပြီး ဘရာဇီးက ဒုတိယရခဲ့ပါတယ်။ ၁၉၆၂ ပြိုင်ပွဲကိုလည်း ချီလီမှာ ကျင်းပခဲ့တော့ တောင် အမေရိက အသင်းဖြစ်တဲ့ ဘရာဇီးက ဥရောပအသင်းဖြစ် တဲ့ ချက်ကိုအနိုင်ရဗိုလ်စွဲခဲ့ပြီး ၁၉၇၈ ပြိုင်ပွဲကို အာဂျင် တီးနားမှာ ကျင်းပခဲ့တော့လည်း တောင်အမေရိကအသင်း အာဂျင်တီးနားက ဥရောပအသင်းဖြစ်တဲ့ ဟော်လန်ကို အနိုင်ရ ဗိုလ်စွဲခဲ့ဖူးပါတယ်။ အထူးသဖြင့် တောင်အမေ ရိကမှာ ကျင်းပတဲ့အခါ ဥရောပအသင်းတွေဖြစ်တဲ့ ချက်နဲ့ ဟော်လန်တို့ဟာ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပေမယ့် အရှုံးနဲ့ ချည်း ရင်ဆိုင်ခဲ့ရတာကိုတော့ မေ့ပစ်လို့မရနိုင်တာ တွေ့ရပါတယ်။

**အစဉ်အလာအရ အားသာနေတဲ့ အာဂျင်တီးနား **

တကယ်တော့ အာဂျင်တီးနားနဲ့ ဆုံတွေ့ခဲ့မှုတွေမှာ တော့ အသာရယူနိုင်ခြင်းမရှိခဲ့ပါဘူး။ အထူးသဖြင့် အာဂျင်တီးနားနဲ့ ဂျာမနီတို့ဟာ ၁၉၈၆ ခုနှစ် ပြိုင်ပွဲရဲ့ဗိုလ်လု ပွဲအဆင့်မှာ ဆုံတွေ့ခဲ့ဖူးပြီး အဲဒီတုန်းက အာဂျင်တီးနားက သာ အနိုင်ရဗိုလ်စွဲခဲ့သလို ဒီနှစ်သင်းဟာ စုစုပေါင်း ရှစ်ကြိမ်ဆုံခဲ့ရာမှာ ဂျာမနီက တစ်ကြိမ်သာ အနိုင်ရခဲ့ဖူးပါ တယ်။ အဲဒီတစ်ကြိမ်ကတော့ ၂၀၁၀ ကမ်္ဘာ့ဖလားပြိုင်ပွဲ တုန်းကဖြစ်ပြီး ဂျာမနီက အာဂျင်တီးနားကို လေးဂိုးပြတ် နဲ့နိုင်ခဲ့ပါတယ်။

**မူလာကိုအသာရထားတဲ့ မက်ဆီ **

ဒါ့အပြင် ဂျာမနီရဲ့ အဓိကကစားသမား မူလာနဲ့ အာဂျင်တီးနားရဲ့ အဓိကကစားသမား မက်ဆီတို့ကို ဒီပြိုင်ပွဲအတွင်း စွမ်းဆောင်နိုင်မှုအရ နှိုင်းယှဉ်မှုမှာလည်း မက်ဆီက အချက်အများစုမှာ အသာရထားတာကို တွေ့ ရပါတယ်။ ဒီနှစ် ခြောက်ပွဲစီကစားခဲ့ကြရာမှာ မူလာက မက်ဆီထက် တစ်ဂိုးပိုသွင်းထားနိုင်ပေမယ့်လည်း စုစု ပေါင်း ကန်သွင်းချက်မှာ မက်ဆီက ၁၈ ကြိမ်ရှိပြီး မူလာ ကတော့ ၁၆ကြိမ်သာရှိပါတယ်။ တိကျတဲ့ ဘောလုံးပေးပို့ မှုမှာလည်း မက်ဆီက ၂၁၄ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး မူလာက တော့ ၁၇၀ ကြိမ်သာ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါ့ အပြင် ပြိုင်ဘက်ခံစစ်ကို ထိုးဖောက်မွှေနှောက်အား၊ အခွင့် အရေးရရှိအောင် ဖန်တီးပေးနိုင်မှုတွေမှာပါ မူလာဟာ မက်ဆီကို မမီဘူး။

**အသင်းလိုက်အားမှာ အသာရထားသည့် ဂျာမနီ **

ဒါပေမယ့် အသင်းလိုက်အားမှာတော့ အာဂျင်တီး နားဟာ ဂျာမနီကို မမီပါဘူး။ ဂျာမနီက ၁၇ ဂိုးသွင်းပြီး အာဂျင်တီးနားက ခုနစ်ဂိုးသာသွင်းနိုင်ပါတယ်။ ဒါ့အပြင် ဂိုးကန်သွင်းမှုတိကျခြင်းမှာလည်း ဂျာမနီက ၇၀ ရာခိုင် နှုန်းအထိရှိကာ အာဂျင်တီးနားက ၆၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒါ့အပြင် တိကျတဲ့ ဘောလုံးပေးပို့မှုအကြိမ် အရေအတွက်မှာလည်း ဂျာမနီက ၃၄၂၁ ကြိမ်အထိရှိပြီး ရာခိုင်နှုန်းအရ ပေးပို့မှုရဲ့ ၈၀ ရာခိုင်နှုန်းအထိ တိကျမှု ရှိခဲ့ကာ အာဂျင်တီးနားကတော့ တိကျတဲ့ ပေးပို့မှုအဖြစ် ၂၉၂၈ ကြိမ်သာလုပ်နိုင်ခဲ့ကာ ရာခိုင်နှုန်းအရပေးပို့မှုရဲ့ ၇၉ ရာခိုင်နှုန်းသာ တိကျမှုရှိခဲ့တယ်ဆိုတာတွေကို အစဉ် အလာအရရော လက်ရှိစွမ်းဆောင်ရည်ကိုပါ ပရိသတ် နှိုင်းယှဉ်သုံးသပ်အဖြေထုတ်နိုင်ဖို့ စုစည်းတင်ဆက်ပေး လိုက်ပါတယ်။

+ဝေမိုးဆက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)