ကမ်္ဘာ့ဖလားပိတ်ပွဲကို နောက်ဆုံး ဗိုလ်လုပွဲကျင်းပတဲ့ မာရာကာနာကွင်းကြီးမှာပဲ ကျင်းပခဲ့ပါတယ်။ ယခုကျင်းပပြုလုပ်ခဲ့တဲ့ ပိတ်ပွဲအခမ်း အနားကို ဘရာဇီး ဆမ်ဘာအကသမား ၄၀၀ကျော်အပါအ၀င် အနုပညာရှင်ပေါင်း ၁၀၀၀ ကျော်နဲ့ ခမ်းနားကြီးကျယ်စွာကျင်းပ ခဲ့တာဖြစ်ပြီး ပိတ်ပွဲအခမ်းအနားရဲ့ တရားဝင် ပိတ်ပွဲသီချင်းဖြစ်တဲ့ သီချင်းကို ကိုလံဘီယာအဆိုတော်ရှာကီရာက အနီရောင်ဝတ်စုံကို ၀တ်ဆင်ကာအကောင်း ဆုံးတင်ဆက်ဖျော်ဖြေခဲ့ပြီး သူနဲ့အတူ ဘရာ ဇီးနာမည်ကျော် အဆိုတော်များဖြစ်တဲ့ ပီရက်ဇ်၊ ကားလို့စ်ဆန်တာနာ၊ ၀ီကလစ်ဖ်ဂျင် တို့ကလည်း အကောင်းဆုံး တင်ဆက်ခဲ့ကြပါတယ်။
ရှာကီရာဟာ ၂၀၁၀ တောင်အာဖရိက ကမ်္ဘာ့ဖလားမှာ တရားဝင်သီချင်းဖြစ်တဲ့We Will Find A Way
သီဆိုရာမှာ ကမ်္ဘာတစ်ဝန်းရှိ ပရိသတ်များရဲ့ အားပေးထောက်ခံမှုကိုရရှိ ထားခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။
ယခုပွဲကိုတော့ သူမနဲ့အတူ ခင်ပွန်းဖြစ်သူ စပိန်ကစားသမား ပီကေး၊ သူမ၏သားဖြစ်သူ မီလန်တို့လည်း လိုက်ပါခဲ့ကြပါတယ်။ ဒါ့အပြင်ကမ်္ဘာ့ဖလားနောက်ဆုံးဗိုလ်လု ပွဲဖြစ်တဲ့ အာဂျင်တီးနားနဲ့ ဂျာမနီအသင်းတို့ ရဲ့ပွဲကို ကမ်္ဘာကျော် နာမည်ကြီးအဆိုတော် ရီဟားနား၊ ဘရာဇီး ဂန၀ င်ကစားသမား ပီလီ ၊ ဘရာဇီးစူပါမော်ဒယ်လ်ဂီစီလီတို့ ကတက်ရောက်အားပေးခဲ့တာကို တွေ့ရသလို အင်္ဂလန်အသင်းရဲ့ကပ်္ပတိန်ဖြစ်တဲ့ ဘက်ဟမ်း နဲ့ သူ့ရဲ့သားဖြစ်သူများကလည်း လာရောက် ကြည့်ရှုအားပေးခဲ့ကြပါတယ်။ ဘက်ဟမ်း၏ သားတွေက အာဂျင်တီးနားအသင်းကို အားပေးတဲ့အနေနဲ့ အာဂျင်တီးနား ဂျာစီ အင်္ကျီကို ၀တ်ဆင်ထားကြတာကိုလည်း တွေ့ရ ပါတယ်။
( ရှာကီရာ နဲ့ ခင်ပွန်းဖြစ်သူ စပိန်ကစားသမား ပီကေး၊ သူမ၏သားဖြစ်သူ မီလန်)
+အောင်က+

No comments:
Post a Comment